အဲရစ်ဆင်ကို ကြီးမားတဲ့စာချုပ်သစ်ကမ်းလှမ်းခဲ့တဲ့ စပါး

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြီးမားတဲ့စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဟာ လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲမက်ဒရစ်၊ ဘာစ်ီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ အဲရစ်ဆင်ဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုကြောင်း ပြောကြားထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲရစ်ဆင်ဟာ ၎င်းအတွက် …

Read More

အင်တာကိုမေ့ပြီး အသင်းအတွက် တိုက်ပွဲဝင်ဖို့ လူကာကူကို တိုက်တွန်းခဲ့တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူအနေနဲ့ အင်တာမီလန်အသင်းရဲ့ကမ်းလှမ်းချက်ကို လျစ်လျူရှုပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့အနာဂတ်အတွက် တိုက်ပွဲဝင်သင့်တယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် လူကာကူဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဆိုးလ်ရှားရဲ့ပွဲထွက်ကစားသမားစာရင်းမှာ ဒုတိယပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရသူဖြစ်ပြီး ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ အင်တာမီလန်နည်းပြသစ် ကွန်တီက ယမန်နေ့မှာ လူကာကူကို လွန်ခဲ့တဲ့ ၂ နှစ်က ချယ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်အချိန်တုန်းက ခေါ်ယူနိုင်မယ့်အခွင့်အရေးလွဲချော်ခဲ့ပြီးနောက် အင်တာမီလန်အသင်းကို …

Read More

ဘရူနိုဖာနန်ဒက်စ်အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတဲ့ စပို့တင်း

စပို့တင်းလစ္စဘွန်းအသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူဖာနန်ဒက်စ်ကို ယူနိုက်တက်ဘက်က လာမယ့်နာရီအနည်းငယ်အတွင်းမှာ ကမ်းလှမ်းသွားမယ်လို့ ယုံကြည်နေပြီး မျှော်လင့်စောင့်ဆိုင်းနေပါတယ်။ ပေါ်တူဂီကွင်းလယ်ကစားသမားကို ယူနိုက်တက်က နွေရာသီကာလတစ်လျှောက်လုံး စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပို့တင်းက ဖာနန်ဒက်စ်အတွက် ပေါင်သန်း (၇၀)အထိ အလိုရှိနေခဲ့ပြီး ယူနိုက်တက်ကတော့ ပေါင်သန်း (၅၀)အထိသာ သုံးစွဲချင်နေပါတယ်။ ဒီအတွက် သဘောတူညီမှုရရှိဖို့က ဝေးကွာနေပြီး ပေါ်တူဂီကလပ်က ယူနိုက်တက်ရဲ့ ထပ်မံကမ်းလှမ်းမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တာလည်း …

Read More

အော်ဘာမီယန်ကို ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချပြီးပါက အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ လူကာကူအတွက် ယူနိုက်တက်နဲ့ အင်တာမီလန်တို့ကြားမှာ ဆွေးနွေးမှုတွေကလည်း ရှိနေပါတယ်။ ဒါပေမယ့် အင်တာမီလန်ဘက်က ကမ်းလှမ်းမှုအပေါ်မှာ ယူနိုက်တက်က စိတ်ကျေနပ်မှုမရှိတာကြောင့် ကစားသမားအတွက် သဘောတူညီမှု မရရှိသေးပဲ အင်တာတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ နည်းပြကွန်တီက ဒေါသထွက်နေတယ်လို့လည်း သိရပြီး လူကာကူရဲ့ …

Read More

အပြောင်းအရွှေ့ကိစ္စပြောလို့မရအောင် ပေါ့ဂ်ဘာဖုန်းကို ခိုးထားမယ်ဆိုတဲ့ ပါရဲရား

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ အန်ဒရိစ်ပါရဲရားက ပေါ့ဂ်ဘာအသင်းပြောင်းရွှေ့ဖို့အတွက် ဆက်သွယ်မှုလုပ်လို့မရအောင် ဖုန်းကို ခိုးယူပြီး တားဆီကာကွယ်သွားမယ်လို့ ဟာသလုပ်ပြောဆိုသွားခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာချင်တယ်လို့ ၀န်ခံထားတဲ့ ပေါ့ဂ်ဘာနဲ့ ပါရဲရားတို့က ရင်းနှီးခင်မင်သူတွေဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်လူက ပေါ့ဂ်ဘာကို အသင်းမှာ ဆက်လက်ရှိနေစေချင်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ပေါ့ဂ်ဘာကို စိတ်ဝင်စားနေပြီး ဒီနွေရာသီမှာ အရခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းက ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့စရိတ်ထပ်မံထုတ်ပေးဖို့ အသင်းကို တောင်းဆိုထားသလို …

Read More

အင်တာကို ပြောင်းဖို့ လူကာကူကို တိုက်တွန်းခဲ့တဲ့ အသင်းဖော်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းကို ပြောင်းရွှေ့လာဖို့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဖော် နာပိုလီကြယ်ပွင့် ဒရိုင်းမာတန်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လူကာကူဟာ အင်တာမီလန်နည်းပြသစ် ကွန်တီရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပေမယ့် အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက လူကာကူအတွက် သတ်မှတ်ထားတဲ့ ပေါင် ၇၅ သန်းကို ပေးချေဖို့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ ကွန်တီဟာ စနေနေ့မှာ ယူနိုက်တက်နဲ့ ကစားရမယ့် ICC ပွဲစဉ်နဲ့ အချိန်ကိုက် လူကာကူကို …

Read More

လီဗာပူးအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ယာဂင်ကလော့ပ်ရဲ့ပြောစကား

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဖို့ စောလွန်းနေသေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်ရှိနေမယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်က ၎င်းအနေနဲ့ စာချုပ်သစ် …

Read More

အသင်းကနေ ထွက်ခွာချင်တယ်လို့ အသိပေးခဲ့တဲ့ ဇာဟာ

ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာချင်တယ်လို့ အသိပေးခဲ့ပြီး ၎င်းရဲ့အိပ်မက်ဖြစ်တဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဟာအတွက် ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ကစားသမား ၃ ဦးအထိ အလိုက်ပေး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ခရစ်စတယ်ပဲလေ့စ်အသင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ အဖွင့်ကမ်းလှမ်းမှုကြောင့် ဒေါသထွက်ခဲ့တယ်လို့ …

Read More

ယူနိုက်တက်ခံစစ်စည်းထိပ်ကနေ လိဒ်ဂိုးပေါက်ကို (၉) စက္ကန့်ထဲနဲ့ ပြေးပြခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်

ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က မနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်ခံစစ်စည်းထိပ်ကနေ ပြိုင်ဘက်ဂိုးပေါက်ရှေ့ကို (၉) စက္ကန့်ထဲနဲ့ ပြေးလွှားပြခဲ့ပြီး ပရိသတ်တွေကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဂျိမ်းစ်က ပထမပိုင်း (၄၅) မိနစ်ကို ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဆိုးလ်ရှားအားကိုးရလောက်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကစားသမားဖြစ်တာမို့လို့ ပရိသတ်တွေရဲ့ စောင့်ကြည့်မှုကို ခံနေရချိန်မှာ ဂျိမ်းစ်က …

Read More

လမ်းပတ်ရဲ့ကစားပုံတွေကိုကြည့်ပြီး ကြီးပြင်းလာရတာပါလို့ဆိုလိုက်တဲ့ ပူလီဆစ်

ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ပူလီဆစ် ဟာ အခု အခါ မှာတော့ ဂျပန် ခရီးစဉ် မှာ ချယ်လ်ဆီး အသင်း နဲ့ စတင် ပူးပေါင်းမှု တွေ ပြုလုပ် နေပြီ ဖြစ်ပါတယ် ။ ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဒေါ့မွန် …

Read More