0
96
ပွဲဦးထွက်မှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့ မန်ယူကစားသမားဟောင်းဖယ်လိုင်နီ
မန်ယူအသင်းရဲ့ ကစားသမားဟောင်းဖယ်လိုင်နီကတော့ တရုတ်စူပါလိဂ်မှာ ပွဲကြမ်းနေပါပြီ။ ရှန်ဒေါင်းလူနင်အသင်းအတွက် ပွဲဦးထွက် ကစားခဲ့တဲ့ ဖယ်လိုင်နီဟာ ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး အဖွင့်လှသွားခဲ့ပါတယ်။ ဒီဘယ်လ်ဂျီယံကစားသမားဟာ မန်ယူအသင်းမှာ ငါးနှစ်ကျော်ကြာမျှ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒေါ်လာ(၁၄)သန်းဝန်းကျင်နဲ့ တရုတ်စူပါလိဂ်ကလပ်ရှန်ဒေါင်းလူနင်အသင်းကိုပြောင်းရွေ့ခဲ့သူဖြစ်ပါတယ်။
ဖယ်လိုင်နီဟာ ဘေဂျင်းရန်ယီအသင်းနဲ့ ကစားတဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီး တရုတ်စူပါလိဂ်ရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြကစားခဲ့နိုင်ပါတယ်။ ဖယ်လိုင်နီကတော့ “ ကျွန်တော့်အတွက် ကြမ်းတမ်းခဲ့ပါတယ်။ ကျွန်တော် ဒီကိုရောက်တာတစ်လပဲရှိသေးပြီး ရာခိုင်နှုန်းပြည့် ကြံ့ခိုင်မှုလည်းမရှိသေးပါဘူး။ တရုတ်စူပါလိဂ်က ကျွန်တော့်အတွက်တော့ ခက်ခဲပါတယ်။ ဒါကြောင့် ကျွနေ်တာ်တိုးတက်ပြီး ကစားပွဲကို ပိုနားလည်ဖို့လိုပါတယ်။ ကြံ့ခိုင်မှုကောင်းဖို့ကတော့ စိန်ခေါ်မှုပါပဲ” လို့ပြောကြားသွားပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here