
0
4818




 

စီရော်နာဒိုကို မန်ယူအသင်းပြန်လည်ခေါ်ယူတော့မည်ဟု သတင်းများထွက်ပေါ်

မန်ယူအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်ခဲ့ဖူးသူ စီရော်နာဒိုကို ပြန်လည်ခေါ်ယူတော့မယ်လို့ သတင်းတွေကျယ်လောင်စွာထွက်ပေါ်နေပါတယ်။ စီရော်နာဒိုဟာ လက်ရှိဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် အသင်းနဲ့ ၎င်းအကြား အနည်းငယ် ကတောက်ကဆဖြစ်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းအနေနဲ့ လူကာကူ၊ဆန်းချက်ဇ်တို့ ခြေစွမ်းမပြနိုင်တဲ့အသင်းတိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်ဖို့စီစဉ်နေတာဖြစ်ပြီး စီရော်နာဒိုကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ စီရော်နာဒိုအတွက် ယူရိုသန်း(၁၀၀)ထက်မနည်းတဲ့ နှုန်းထားတစ်ရပ်နဲ့ ကမ်းလှမ်းမှာဖြစ်ပြီး ဒီ့အတွက် အသင်းကစားသမား လေးဦးလောက်ထိပြန်လည်ရောင်းထုတ်သွားဖွယ်ရှိပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ စီရော်နာဒိုကို ခေါ်ယူဖို့အတွက် လူကာကူ၊ဆန်းချက်ဇ်၊ရိုဟို၊ဘေလီစတဲ့ ကစားသမားလေးယောက်လောက်ကို မန်ယူအသင်းကပြန်လည်ရောင်းထုတ်သွားမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here