မန္ယူကို အႏုိင္ယူႏုိင္မယ့္ ကစားကြက္ကို ေျပာျပခဲ့တဲ့ ယာဂင္ကေလာ့ပ္

0
550

လီဗာပူးအသင္းနည္းျပ ယာဂင္ကေလာ့ပ္ဟာ တနဂၤေႏြေန႔ အိုးထရက္ဖုိ႔ဒ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ပြဲစဥ္အတြက္ ပီအက္စ္ဂ်ီအသင္းအႏုိင္ရရွိခဲ့တဲ့ပဲြစဥ္က အသံုးျပဳခဲ့တဲ့ ကစားကြက္ကို အတုယူၿပီး အသံုးျပဳသြားမယ္လုိ႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ထိပ္တန္းၿပိဳင္ဘက္ မန္ခ်က္စတာယူႏုိက္တက္အသင္းကိုသာ အႏုိင္ရရွိခဲဲ့မယ္ဆုိရင္ အမွတ္ေပးဇယားထိပ္ဆံုးေနရာကို ျပန္လည္သိမ္းပိုက္ႏုိင္မွာျဖစ္ပါတယ္။

မန္ခ်က္္စတာယူႏုိက္တက္ယာယီနည္းျပ အိုလီဂန္းနားဆိုးလ္ရွားဟာ မန္ယူအသင္းကို စတင္ကိုင္တြယ္ခဲ့ခ်ိန္ကေန ယေန႔အထိ ၁ ပြဲသာရံႈးနိမ့္ထားၿပီး ယခုလအေစာပိုင္းက ပီအက္စ္ဂ်ီအသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးနည္းျပယာဂင္ကေလာ့ပ္က ပီအက္စ္ဂ်ီအသင္းရဲ႕ႏုိင္ပြဲက ၎ကို ယူႏိုက္တက္နဲ႔ကစားရမယ့္ပြဲစဥ္အတြက္ သင္ခန္းစာ ေပးႏုိင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က ယာယီနည္းျပဆုိးလ္ရွား စတင္ေရာက္ရွိခ်ိန္ကတည္းက တုိးတက္လာတဲ့ ယူႏုိက္တက္ရဲ႕တန္ျပန္တုိက္စစ္ကို လီဗာပူးအသင္းအေနနဲ႔ ကန္႔သတ္ႏိုင္ဖို႔ မျဖစ္မေန ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

(Unicode)

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်အတွက် ပီအက်စ်ဂျီအသင်းအနိုင်ရရှိခဲ့တဲ့ပွဲစဉ်က အသုံးပြုခဲ့တဲ့ ကစားကွက်ကို အတုယူပြီး အသုံးပြုသွားမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ထိပ်တန်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကိုသာ အနိုင်ရရှိခဲဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။
မန်ချက််စတာယူနိုက်တက်ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်ကနေ ယနေ့အထိ ၁ ပွဲသာရှုံးနိမ့်ထားပြီး ယခုလအစောပိုင်းက ပီအက်စ်ဂျီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးနည်းပြယာဂင်ကလော့ပ်က ပီအက်စ်ဂျီအသင်းရဲ့နိုင်ပွဲက ၎င်းကို ယူနိုက်တက်နဲ့ကစားရမယ့်ပွဲစဉ်အတွက် သင်ခန်းစာ ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ယာဂင်ကလော့ပ်က ယာယီနည်းပြဆိုးလ်ရှား စတင်ရောက်ရှိချိန်ကတည်းက တိုးတက်လာတဲ့ ယူနိုက်တက်ရဲ့တန်ပြန်တိုက်စစ်ကို လီဗာပူးအသင်းအနေနဲ့ ကန့်သတ်နိုင်ဖို့ မဖြစ်မနေ ကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here