တနဂၤေႏြေန႔အတြက္ အေျပာင္းအေရႊ႕ သတင္းတိုမ်ား

0
5371

တနဂၤေႏြေန႔အတြက္ အေျပာင္းအေရႊ႕သတင္းေတြကို စုစည္းေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ယ္လ္ဆီးလူငယ္ကစားသမား အိုဒြိဳင္ကို ေခၚယူဖို႔အတြက္ ယံုၾကည္မႈ ရွိေနဆဲျဖစ္တယ္လို႔ သီရပါတယ္။ အသက္ (၁၈)ႏွစ္အရြယ္ လူငယ္ကစားသမားကို ဘိုင္ယန္က ေပါင္ (၃၅)သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ခ်ယ္လ္ဆီးဘက္က ျငင္းဆန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္ဘက္က အိုဒြိဳင္အတြက္ လက္မေလွ်ာ့ေသးပဲ လာမယ့္ေႏြရာသီမွာ ထပ္မံကမ္းလွမ္းဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ Mail Online က ေဖာ္ျပသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုက အသင္းေဖာ္ေဟာင္း ဂ်ိမ္းရိုဒရီဂြက္ဇ္ကို ဂ်ဴဗီမွာ လာေရာက္ကစားေစဖို႔ ဆႏၵရွိတယ္လို႔ သိရပါတယ္။ Don Balon ရဲ႕ ေဖာ္ျပခ်က္အရ ဘိုင္ယန္မွာ ရုန္းကန္ေနရတဲ့ အသင္းေဖာ္ေဟာင္းနဲ႔ ဂ်ဴဗီမွာ ျပန္လည္ပုူးေပါင္းဖို႔ ေရာ္နယ္ဒိုက အလိုရွိေနတာျဖစ္ျပီး သူနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတဲ့ သူငယ္ခ်င္းလည္း ျဖစ္တာေၾကာင့္ ေရာ္နယ္ဒိုက အခုလိုမ်ိဳး တြဲဖက္ကစားခ်င္ေနတာျဖစ္ပါတယ္။

ဘင္ဖီကာအသင္းရဲ႕ လူငယ္ကစးသမား ယာအိုဖီးလစ္အတြက္ ယူႏိုက္တက္ နဲ႔ ပီအက္စ္ဂ်ီတို႔ အျပိဳင္အဆိုင္ျဖစ္ေနတယ္လို႔ သိရပါတယ္။ အသက္ (၁၉)ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ကစားသမားအတြက္ ဥေရာပအသင္းၾကီးႏွစ္သင္းက အျပိဳင္အဆိုင္ ခ်ဥ္းကပ္ေနၾကတာျဖစ္ျပီးေတာ့ ယာအိုဖီးလစ္ရဲ႕ တန္ေၾကးဟာ ေပါင္ ၁၀၅သန္းအထိ ရွိမယ္လို႔လည္း ခန္႔မွန္းရပါတယ္။ ယာအိုဖီးလစ္ကေတာ့ ေရာ္နယ္ဒိုလက္သစ္လို႔ နာမည့္ၾကီးေနတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တိုက္စစ္မွဴး လူကာကူရဲ႕ ေနရာကိုအစားထိုးဖို႔အတြက္ အင္တာမီလန္တိုက္စစ္မွဴး အီကာဒီ နဲ႔ ဂ်ဴဗီတိုက္စစ္မွဴး ဒီဘာလာတို႔ကို ေစာင့္ၾကည့္ေနတယ္လို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။ အီကာဒီကေတာ့ အင္တာမွာ နည္းျပစပယ္လက္တီနဲ႔ ဆက္ဆံေရးအဆင္မေျပ ျဖစ္ေနျပီး ဒီဘာလာဟာလည္း အယ္လီဂရီလက္ထက္မွာ ပံုမွန္ကစားခြင့္ရဖို႔ ရုန္းကန္ေနရသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္က အသင္းမွာေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ေနရတဲ့ လူကာကူရဲ႕ ေနရာအတြက္ အဆိုပါကစားသမားႏွစ္ဦးကို ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

Unicode Version

တနင်္ဂနွေနေ့အတွက် အပြောင်းအရွှေ့သတင်းတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးလူငယ်ကစားသမား အိုဒွိုင်ကို ခေါ်ယူဖို့အတွက် ယုံကြည်မှု ရှိနေဆဲဖြစ်တယ်လို့ သီရပါတယ်။ အသက် (၁၈)နှစ်အရွယ် လူငယ်ကစားသမားကို ဘိုင်ယန်က ပေါင် (၃၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ချယ်လ်ဆီးဘက်က ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ဘက်က အိုဒွိုင်အတွက် လက်မလျှော့သေးပဲ လာမယ့်နွေရာသီမှာ ထပ်မံကမ်းလှမ်းဖို့အတွက် ပြင်ဆင်နေတယ်လို့ Mail Online က ဖော်ပြသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းဖော်ဟောင်း ဂျိမ်းရိုဒရီဂွက်ဇ်ကို ဂျူဗီမှာ လာရောက်ကစားစေဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ Don Balon ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မှာ ရုန်းကန်နေရတဲ့ အသင်းဖော်ဟောင်းနဲ့ ဂျူဗီမှာ ပြန်လည်ပုူးပေါင်းဖို့ ရော်နယ်ဒိုက အလိုရှိနေတာဖြစ်ပြီး သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ သူငယ်ချင်းလည်း ဖြစ်တာကြောင့် ရော်နယ်ဒိုက အခုလိုမျိုး တွဲဖက်ကစားချင်နေတာဖြစ်ပါတယ်။

ဘင်ဖီကာအသင်းရဲ့ လူငယ်ကစးသမား ယာအိုဖီးလစ်အတွက် ယူနိုက်တက် နဲ့ ပီအက်စ်ဂျီတို့ အပြိုင်အဆိုင်ဖြစ်နေတယ်လို့ သိရပါတယ်။ အသက် (၁၉)နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကစားသမားအတွက် ဥရောပအသင်းကြီးနှစ်သင်းက အပြိုင်အဆိုင် ချဉ်းကပ်နေကြတာဖြစ်ပြီးတော့ ယာအိုဖီးလစ်ရဲ့ တန်ကြေးဟာ ပေါင် ၁၀၅သန်းအထိ ရှိမယ်လို့လည်း ခန့်မှန်းရပါတယ်။ ယာအိုဖီးလစ်ကတော့ ရော်နယ်ဒိုလက်သစ်လို့ နာမည့်ကြီးနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး လူကာကူရဲ့ နေရာကိုအစားထိုးဖို့အတွက် အင်တာမီလန်တိုက်စစ်မှူး အီကာဒီ နဲ့ ဂျူဗီတိုက်စစ်မှူး ဒီဘာလာတို့ကို စောင့်ကြည့်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အီကာဒီကတော့ အင်တာမှာ နည်းပြစပယ်လက်တီနဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်နေပြီး ဒီဘာလာဟာလည်း အယ်လီဂရီလက်ထက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က အသင်းမှာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ လူကာကူရဲ့ နေရာအတွက် အဆိုပါကစားသမားနှစ်ဦးကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here