
0
773



 


 

ပေါ့ဘာကိုဘယ်လိုနည်းနဲ့ထိန်းချုပ်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ မာကွင်ဟိုစ့်
PSG အသင်းကွင်းလယ်လူ မာကွင်ဟိုစ့်ကတော့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ မန်ယူအသင်းရဲ့ နာမည်ကျော်ကစားသမားပေါ့ဘာကိုထိန်းချုပ်နိုင်ခဲ့တာကြောင့် ချီးကျုးပြောဆိုမှုတွေခံနေရပါတယ်။ မာကွင်ဟိုစ့်ဟာ ဗဟိုနောက်ခံလူဖြစ်ပေမယ့် နည်းပြတူဟယ်လက်ထက်မှာတော့ no.(6) roleမှာကစားနေသူပါ။

ဒီနေရာဟာ မာကွင်ဟိုစ့်အတွက် စိန်ခေါ်မှုအသစ်ဖြစ်ကာ ပေါ့ဘာကိုထိန်းချုပ်နိုင်ခဲ့ခြင်းနဲ့ပတ်သတ်ပြီး“ နည်းပြက ကျွန်တော့်ကို အရေးကြီးတဲ့တာဝန်တစ်ခုပေးခဲ့ပါတယ်။ ပေါ့ဘာကိုထိန်းချုပ်ဖို့ သတိကြီးကြီးထားပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဂိုးတွေသွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်းပြုလုပ်နိုင်ပါတယ်။ ပွဲတိုင်းယုံကြည်မှုအပြည့်နဲ့ ကစားတဲ့သူဖြစ်ပါတယ်။ သူ့ကို တည်ပြီး တိုက်စစ်ဆင်မှာ ကျွန်တော်တို့ သိထားကြတယ်။ ဒါကြောင့်မန်ယူအသင်းရဲ့ တိုက်စစ်အကူးအပြောင်းအလုပ်မဖြစ်ဖို့ ကျွန်တော်တို့ ပေါ့ဘာကို သတိထားခဲ့ကြတာပါ” လို့ဖွင့်ဟသွားခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြတူဟယ်ကတော့ မာကွင်ဟိုစ့်ကို ကွင်းလယ်လူအဖြစ်အသုံးပြုရတာသဘောကျနေပြီး ဗဟိုကွင်းလယ်လူဖြစ်ပေမယ့် အသင်းကွင်းလယ်မှာ နေရာတစ်နေရာပေးဖို့ ပြင်ဆင်နေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here