ဂိုးေပၚကို အက်ိဳးေမွ်ာ္ၿပီး လက္တြဲရမယ့္ ရိုးမား နဲ႔ ေပၚတို ခ်န္ပီယံလိဂ္ ပထမေန႔ပြဲစဥ္

0
42

ဗုဒၶဟူးေန႔ မနက္မွာ ယွဥ္ၿပိဳင္ႀကမယ့္ ရိုးမား အသင္းႏွင့္ ေပၚတို အသင္း ရဲ႕ ပြဲစဥ္ဟာ တိုက္စစ္ဖြင့္ကစားႀကတဲ့ အသင္းႏွစ္သင္း ေတြ႕ဆံုမႈျဖစ္ေနတာေႀကာင့္ ေဘာလံုးပြဲရသ ကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ ရိုးမား အသင္း အေနနဲ႔ ၂၀၁၆ ခ်န္ပီယံလိဂ္ ရွံဴးေႀကြးကို ျပန္ဆပ္သြားႏိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ရိုးမား အသင္းရဲ႕ လက္ရွိေျခစြမ္းနဲ႔ ရပ္တည္မႈအေနအထား

ၿပီးခဲ့တဲ့ စီးရီးေအၿပိဳင္ပြဲ မွာ ရိုးမား တို႔ ဂိုးျပတ္ အႏိုင္ယူကာ အႏိုင္ရလဒ္ျပန္လည္ ရွာေဖြခဲ့ပါတယ္။ အသင္းရဲ႕ အဓိက တို္က္စစ္မွဴး ဒီဇီကို နဲ႔ အီဂ်စ္ ေတာင္ပံကစားသမား အယ္လ္ရွာရ၀ီ တို႔ ေျခစြမ္းျပ ဂိုးေတြသြင္းယူေပးခဲ့ပါတယ္။ လူငယ္ကစားသမား အန္ဒါ ဒဏ္ရာရသြားျခင္းက ရိုးမား အသင္းကို ဂိုးသြင္းအား ေလ်ာ့နည္းသြားေစတာ ျဖစ္ပါတယ္။ အခုပြဲမွာ အန္ဒါ မပါ၀င္လာႏိုင္ေသေပမယ့္ အယ္လ္ရွာရ၀ီ ျပန္လည္ကစားေပး ႏိုင္ၿပီျဖစ္ၿပီး ဂိုးေပါက္ျပန္ေတြ႕ခဲ့ၿပီ ျဖစ္ပါတယ္။ အုပ္စု ပြဲေတြမွာ ရွံဴးပြဲမရွိခဲ့တဲ့ ဧည့္သည္ ေပၚတိုအသင္းကို ရိုးမား တို႔ အိမ္ကြင္းမွာ ခ်န္ပီယံလိဂ္ ရွံဴးေႀကြးျပန္ဆပ္သြားႏိုင္မလား ဆိုတာကေတာ့ ပြဲအၿပီးရလဒ္ကို ေစာင့္ၾကည့္ရမွာပါ။

ေပၚတို အသင္းရဲ႕လက္ရွိေျခစြမ္းနဲ႔ ရပ္တည္မႈအေနအထား

ေပၚတို အသင္းကေတာ့ ေပၚတူဂီ ပရီးမီးယားလိဂ္ ၂ ပြဲဆက္ သေရက်ထားၿပီး ဒဏ္ရာရကစားသမားေတြ မ်ားျပားေနတာကို ေတြ႕ရပါတယ္။ အဓိက တိုက္စစ္မွဴး ျဖစ္တဲ့ အဘူဘာကာ အခုပြဲမွာ ဒဏ္ရာေႀကာင့္ ပါ၀င္ႏိုင္မွာ မဟုတ္ပါဘူး။ ျပည္တြင္းလိဂ္ မွာ ယခုအခ်ိန္ထိ ၁၂ ဂိုးသာေပးထားရတဲ့ ေပၚတို ခံစစ္က အထင္ႀကီးစရာပါပဲ။ ေပၚတူဂီ ပရီးမီးယားလိဂ္ မွာ ေပၚတို အသင္းဟာ ဒုတိယ ေနရာမွ ဘင္ဖီကာ အသင္းကို ၁ မွတ္ အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။ အခုပြဲမွာ တုိက္စစ္မွဴး အဘူဘာကာ မပါ၀င္ႏိုင္ေပမယ့္ အျခား တိုက္စစ္မွဴး တစ္ဦးျဖစ္တဲ့ ဘရာဇီးသား ေဆာရက္စ္ အျပင္ ကြင္းလယ္ပိုင္းက အိုလီဗာ ေတာရက္စ္ ၊ ဘရာဟီမီ ၊ မကၠဆီကို လက္ေရြးစင္ျဖစ္တဲ့ ဟာရဲရား တို႔လို အရည္အေသြးျမင့္ ကစားသမား ေတြရွိလို႔ ရိုးမား အသင္း အိမ္ကြင္းမွာ အေကာင္းဆံုး ယွဥ္ၿပိဳင္သြားမယ္လို႔ ယူဆမိပါတယ္။

ျဖစ္ႏိုင္ဖြယ္ရလဒ္ႏွင့္သံုးသပ္ခ်က္

ေပၚတို အသင္း အုပ္စုပြဲစဥ္ေတြမွာ ရွံဴးပြဲမရွိခဲ့ပဲ ၁၅ ဂိုးထိ သြင္းယူႏိုင္ခဲ့ၿပီး တိုက္စစ္ အစြမ္းကို ျပသႏိုင္ခဲ့ပါတယ္။ ရိုးမား တို႔ကေတာ့ ၃ ပြဲႏိုင္ ၊ ၃ ပြဲရွံဴး ရလဒ္ျဖင့္ အုပ္စုအဆင့္ မွ တက္လွမ္းလာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ရွံဴးပြဲမရွိရလဒ္နဲ႔အတူ ၁၅ ဂိုးသြင္းယူထားႏိုင္ကာ ဘိုင္ယန္အသင္း ႏွင့္အတူ တတိယ အေကာင္းဆံုးတုိက္စစ္ အျဖစ္ ရပ္တည္ေနတဲ့ ေပၚတို အသင္းကို ရိုးမား တို႔ အိမ္ကြင္းမွာ ကစားမွာျဖစ္ေပမယ့္ ေလ်ာ့တြက္လို႔ မရပါဘူး။ ရိုးမား ခံစစ္ကလဲ ယခုလက္ရွိအေနအထားမွာ ေပၚတို တိုက္စစ္ကို ဂိုးေပးရဖို႔ရွိေနပါတယ္။ အုပ္စုအဆင့္မွာ ပြဲတိုင္းဂိုးရခဲ့တာမို႔ ေပၚတို အခုပြဲမွာလဲ ဂိုးသြင္းယူမယ္လို႔ ထင္မိၿပီး ရိုိးမားအသင္းဟာလဲ အုပ္စုပြဲေတြမွာ အိမ္ကြင္း ဂိုးသြင္းအားေကာင္းတာကို ျမင္ေတြ႕ရလို႔ ဂိုးအေပၚ ျဖစ္သြားလိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

ထိပ္တိုက္ေတြ႕ဆံုမႈရလဒ္မ်ား

24.08.16 CL AS Roma FC Porto 0 : 3
18.08.16 CL FC Porto AS Roma 1 : 1

Unicode

ဗုဒ္ဓဟူးနေ့ မနက်မှာ ယှဉ်ပြိုင်ကြမယ့် ရိုးမား အသင်းနှင့် ပေါ်တို အသင်း ရဲ့ ပွဲစဉ်ဟာ တိုက်စစ်ဖွင့်ကစားကြတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်နေတာကြောင့် ဘောလုံးပွဲရသ ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ရိုးမား အသင်း အနေနဲ့ ၂၀၁၆ ချန်ပီယံလိဂ် ရှူံးကြွေးကို ပြန်ဆပ်သွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရိုးမား အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအနေအထား

ပြီးခဲ့တဲ့ စီးရီးအေပြိုင်ပွဲ မှာ ရိုးမား တို့ ဂိုးပြတ် အနိုင်ယူကာ အနိုင်ရလဒ်ပြန်လည် ရှာဖွေခဲ့ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒီဇီကို နဲ့ အီဂျစ် တောင်ပံကစားသမား အယ်လ်ရှာရဝီ တို့ ခြေစွမ်းပြ ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ လူငယ်ကစားသမား အန်ဒါ ဒဏ်ရာရသွားခြင်းက ရိုးမား အသင်းကို ဂိုးသွင်းအား လျော့နည်းသွားစေတာ ဖြစ်ပါတယ်။ အခုပွဲမှာ အန်ဒါ မပါဝင်လာနိုင်သေပေမယ့် အယ်လ်ရှာရဝီ ပြန်လည်ကစားပေး နိုင်ပြီဖြစ်ပြီး ဂိုးပေါက်ပြန်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စု ပွဲတွေမှာ ရှူံးပွဲမရှိခဲ့တဲ့ ဧည့်သည် ပေါ်တိုအသင်းကို ရိုးမား တို့ အိမ်ကွင်းမှာ ချန်ပီယံလိဂ် ရှူံးကြွေးပြန်ဆပ်သွားနိုင်မလား ဆိုတာကတော့ ပွဲအပြီးရလဒ်ကို စောင့်ကြည့်ရမှာပါ။

ပေါ်တို အသင်းရဲ့လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအနေအထား

ပေါ်တို အသင်းကတော့ ပေါ်တူဂီ ပရီးမီးယားလိဂ် ၂ ပွဲဆက် သရေကျထားပြီး ဒဏ်ရာရကစားသမားတွေ များပြားနေတာကို တွေ့ရပါတယ်။ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အဘူဘာကာ အခုပွဲမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းလိဂ် မှာ ယခုအချိန်ထိ ၁၂ ဂိုးသာပေးထားရတဲ့ ပေါ်တို ခံစစ်က အထင်ကြီးစရာပါပဲ။ ပေါ်တူဂီ ပရီးမီးယားလိဂ် မှာ ပေါ်တို အသင်းဟာ ဒုတိယ နေရာမှ ဘင်ဖီကာ အသင်းကို ၁ မှတ် အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ အခုပွဲမှာ တိုက်စစ်မှူး အဘူဘာကာ မပါဝင်နိုင်ပေမယ့် အခြား တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဘရာဇီးသား ဆောရက်စ် အပြင် ကွင်းလယ်ပိုင်းက အိုလီဗာ တောရက်စ် ၊ ဘရာဟီမီ ၊ မက္ကဆီကို လက်ရွေးစင်ဖြစ်တဲ့ ဟာရဲရား တို့လို အရည်အသွေးမြင့် ကစားသမား တွေရှိလို့ ရိုးမား အသင်း အိမ်ကွင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ယူဆမိပါတယ်။

ဖြစ်နိုင်ဖွယ်ရလဒ်နှင့်သုံးသပ်ချက်

ပေါ်တို အသင်း အုပ်စုပွဲစဉ်တွေမှာ ရှူံးပွဲမရှိခဲ့ပဲ ၁၅ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ် အစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ရိုးမား တို့ကတော့ ၃ ပွဲနိုင် ၊ ၃ ပွဲရှူံး ရလဒ်ဖြင့် အုပ်စုအဆင့် မှ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှူံးပွဲမရှိရလဒ်နဲ့အတူ ၁၅ ဂိုးသွင်းယူထားနိုင်ကာ ဘိုင်ယန်အသင်း နှင့်အတူ တတိယ အကောင်းဆုံးတိုက်စစ် အဖြစ် ရပ်တည်နေတဲ့ ပေါ်တို အသင်းကို ရိုးမား တို့ အိမ်ကွင်းမှာ ကစားမှာဖြစ်ပေမယ့် လျော့တွက်လို့ မရပါဘူး။ ရိုးမား ခံစစ်ကလဲ ယခုလက်ရှိအနေအထားမှာ ပေါ်တို တိုက်စစ်ကို ဂိုးပေးရဖို့ရှိနေပါတယ်။ အုပ်စုအဆင့်မှာ ပွဲတိုင်းဂိုးရခဲ့တာမို့ ပေါ်တို အခုပွဲမှာလဲ ဂိုးသွင်းယူမယ်လို့ ထင်မိပြီး ရိုးမားအသင်းဟာလဲ အုပ်စုပွဲတွေမှာ အိမ်ကွင်း ဂိုးသွင်းအားကောင်းတာကို မြင်တွေ့ရလို့ ဂိုးအပေါ် ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ

24.08.16 CL AS Roma FC Porto 0 : 3
18.08.16 CL FC Porto AS Roma 1 : 1

LEAVE A REPLY

Please enter your comment!
Please enter your name here