
0
68



 

ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်အပြီး အလန်းရှီးယားစံချိန်ကို လိုက်မီခဲ့တဲ့ အဂွယ်ရို
ချဲလ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှုးအဂွယ်ရိုဟာ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်(၁၁)ကြိမ်ရေအထိရှိသွားပြီဖြစ်တာကြောင့် နယူးကာဆယ်နဲ့ဘလက်ဘန်းတိုက်စစ်မှုးအလန်ရှီးယားရဲ့ ပရီးမီယားလိဂ်မှာဟက်ထရစ် အများဆုံးသွင်းယူနိုင်တဲ့ကစားသမားစာရင်းမှာ အလန်ရှီးယားနည်းတူထိပ်ဆုံးကရပ်တည်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင်အဂွေရိုဟာ မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်သလို ပရီးမီးယားလိဂ်သွင်းဂိုး (၂၀၀)ထိရှိသွားပြီလည်းဖြစ်ပါတယ်။ အဂွေရိုနည်းတူ ဟက်ထရစ်အများဆုံးသွင်းယူခဲ့တဲ့ ကစားသမားစာရင်းမှာတော့ လီဗာပူးလ်တိုက်စစ်မှုးဟောင်း ရော်ဘီဖောင်လာ (၉)ကြိမ်၊ ဟယ်ရီကိန်း(၈)ကြိမ်၊ အိုဝင်၊အွန်နရီ (၈)ကြိမ်စီနဲ့ ရွန်နီ (၇)ကြိမ်တို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here