မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအရယူရန် ဆန်းချက်ဇ်မျှော်လင့်နေ
မန်ယူအသင်းရဲ့ တောင်ပံကစားသမားအလက်ဆစ်ဆန်းချက်ဇ်ကတော့ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို အရယူရန် မျှော်လင့်နေပါတယ်။ မန်ယူအသင်းဟာ လက်ရှိနည်းပြဆိုးရှားလ်လက်ထက်မှာ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက်ရှုံးပွဲမရှိသေးသလို ချန်ပီယံလိဂ်မှာလည်း ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့PSGအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
ဆန်းချက်ဇ်က “ ချန်ပီယံလိဂ်ဆိုတာ ဘယ်ဘောလုံးသမားမဆို မက်တဲ့အိမ်မက်ပါ။ ကျွန်တော် ဘာစီလိုနာမှာတုန်းကလည်း ဒီလိုမျိုး စိတ်ကူးယဉ်ခဲ့တာပါ။ တစ်နေ့ကျွန်တော် ဒီဖလားကိုအရယူမှာပါ။ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့ အုပ်စုအဆင့်ကနေကျော်ဖြတ်ပြီး PSGနဲ့တွေ့နေပါတယ်။ ဒါဟာ စမ်းသပ်မှုကြီးဖြစ်ပြီး မိနစ် (၁၈၀)အတွင်း ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ယူနိုက်တက်က သမိုင်းကြောင်းကောင်းတဲ့အသင်းဖြစ်ပြီး ဘယ်ပြိုင်ပွဲမှာမဆို အနိုင်ယူနိုင်ပါတယ်။ တကယ်လို့ အိုးထရက်ဖိုဒ့်မှာ ပေးဂိုးမရှိဘဲ အနိုင်ရခဲ့ရင် ပဲရစ်မှာအခြေအနေကောင်းပါပြီ” လို့ပြောကြားသွားပါတယ်။
အလက်ဆစ်ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့ပေမယ့် (၂၀၁၁)မှ အူဒီးနိစ်အသင်းကနေရောက်ရှိလာပြီး (၂၀၁၅)မှာ အာဆင်နယ်အသင်းကိုပြောင်းရွေ့ခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားနဲ့ တေ့လွဲလွဲခဲ့သူဖြစ်ပါတယ်။