
0
155




 

မန်ယူအသင်းနဲ့တွေ့ဆုံမယ့်ပွဲစဉ်ကို PSGပရိတ်သတ်များစိုးရိမ်နေ
ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ကစားရမယ့် မန်ယူအသင်းနဲ့ပွဲစဉ်အတွက် PSG ပရိတ်သတ်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ PSGအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရသလို မန်ယူအသင်းဟာလည်း ဆိုးရှားလ်လက်ထက်မှာ ပုံစံကောင်းပြန်ပြနေချိန်ဖြစ်ပါတယ်။

PSGအသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ နေမာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့်အနားယူနေရသလို PSGအသင်းရဲ့ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ကာဗာနီကလည်း ပြီးခဲ့တဲ့ ဘော်ဒိုးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတာကြောင့် မန်ယူအသင်းနဲ့ပွဲစဉ်နှစ်ကျော့လုံးကို လွဲချော်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူဗာရက်တီ ဒဏ်ရာပြဿနာရှိနေသလို နောက်ခံလူမူနီယာလည်း ဒဏ်ရာပြဿနာတွေရှိနေတာပါ။

ဒါကြောင့် PSGအသင်းပရိတ်သတ်တွေဟာ မန်ယူအသင်းနဲ့တွေ့ဆုံမယ့်ပွဲစဉ်ကို အလွန်စိုးရိမ်နေပြီး နည်းပြတူဟယ်ကလည်း အသင်းရဲ့ လူစာရင်းကို စိတ်ပျက်နေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here