
0
44




ချဲလ်ဆီးနည်းပြအလုပ်က စွန့်စားရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ချဲလ်ဆီးနည်းပြဆာရီ

မန်စီးတီးအသင်းကို ခြောက်ဂိုးပြတ်နဲ့ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးနည်းပြအလုပ်ဟာ စွန့်စားရလွန်းတယ်လို့ ဆာရီကပြောကြားလိုက်ပါတယ်။ ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဂိုးပြတ်အရေးနိမ့်ခဲ့သလို ဆာရီရဲ့နည်းပြထိုင်ခုံကလည်း လှုပ်လာပြီဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဆာရီက “ ကျွန်တော်အသင်းကစားပုံနဲ့ပတ်သတ်ပြီး တကယ်ပဲစိုးရိမ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အလုပ်က အရမ်းစွန့်စားရလွန်းပါတယ်။ ဖိအားတွေက နည်းပြတွေ အမြဲကြုံရတဲ့ အရာပါပဲ” လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ပွဲစဉ်မှာ ယူရိုပါလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် မယ်လ်မိုအသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here