မာစီယဲလ္ကို စီေရာ္နာဒုိနဲ႔ခိုင္းႏိႈင္းလိုက္တဲ့ ဆိုးရွားလ္

0
75

မန္ယူအသင္းနည္းျပဆိုးရွားလ္ကေတာ့ အသင္းကျပင္သစ္ကစားသမားမာစီယဲလ္ကို ကစားသမားေဟာင္းစီေရာ္နာဒိုနဲ႔ႏိႈင္းယွဥ္ၿပီး မွတ္ခ်က္ေပးလိုက္ပါတယ္။ ဆိုးရွားလ္က မာစီယဲလ္ဟာ ကမၻာ႔အေကာင္းဆံုးေဘာလံုးသမားဆုငါးႀကိမ္ရကစားသမား စီေရာ္နာဒိုရဲ႕ အဆင့္ကို ေရာက္ႏိုင္တဲ့သူလို႔ ထင္ေၾကးေပးလိုက္တာလည္းျဖစ္ပါတယ္။

 

ဆိုးရွားလ္က “ ကၽြန္ေတာ္တို႔ ကစားခဲ့တဲ့ ပြဲေတြကိုေတာင္သတိရပါေသးတယ္။ ကစားပံုမေကာင္းေပမယ့္ စီေရာ္နာဒိုက အဲ့ဒီတုန္းက ဂိုးသြင္းေပးခဲ့ပါတယ္။ မာရွယ္ကလည္း အခုဒီပံုစံပါပဲ။ တကယ္လို႔ သူ႔အေနနဲ႔ စီေရာ္နာဒိုရဲ႕ အဆင့္ကိုေရာက္ခ်င္ရင္ ဘာလုပ္ရမယ္ဆိုတာ သူသိပါတယ္။ ဒါ သူ႔အေပၚပဲမူတည္တာပါ။ သူက ပါရမီရိွၿပီးသားပါ။ သူသြင္းသြားတဲ့ ဂိုးကိုပဲၾကည့္ေလ။ သူ ခံစစ္တာဝန္ကင္းေနတာမဟုတ္ပါဘူး။  သူကြင္းတစ္ဝက္ေလာက္မွာ ရိွေနတာပါ။ ေဘာလံုးရတာနဲ႔ ကိုက္ႏွစ္ဆယ္ေလာက္ေျပးသြားပါတယ္။ သူက လွ်ပ္စစ္လိုျမန္ၿပီး ဟန္ခ်က္ညီေအာင္လည္းကစားႏိုင္ပါတယ္။ တကယ္လို႔ ခင္ဗ်ားသာ ေနာက္ခံလူဆိုရင္ မာရွယ္ေျပးေနတာကို လိုခ်င္မွာမဟုတ္ပါဘူး။ သူ ခံစစ္ဘယ္လိုကစားရမယ္ဆိုတာ သိပါတယ္။ သူ႔အေနနဲ႔ခံစစ္ကစားပံုလိုအပ္ခ်က္ရိွေသးတယ္ဆိုေပမယ့္ တိုက္စစ္မွာ သူက ပိုေကာင္းပါတယ္” လို႔ေျပာၾကားသြားပါတယ္။

အသက္ (၂၃)ႏွစ္အရြယ္အန္တိုနီမာရွယ္ဟာ ဖူဟမ္အသင္းနဲ႔ပြဲစဥ္မွာ အႏိုင္ဂိုးတစ္ဂိုးကိုလွလွပပသြင္းယူေပးခဲ့ၿပီး ဒီဂိုးသြင္းတဲ့ပံုစံဟာ လြန္ခဲ့တဲ့ (၁၂)ႏွစ္က စီေရာ္နာဒိုသြင္းယူတဲ့ပံုစံနဲ႔တူတယ္လို႔ မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က ခ်ီးက်ဳးခဲ့ပါေသးတယ္။

မာစီယဲလ်ကို စီရော်နာဒိုနဲ့ခိုင်းနှိုင်းလိုက်တဲ့ ဆိုးရှားလ်
မန်ယူအသင်းနည်းပြဆိုးရှားလ်ကတော့ အသင်းကပြင်သစ်ကစားသမားမာစီယဲလ်ကို ကစားသမားဟောင်းစီရော်နာဒိုနဲ့နှိုင်းယှဉ်ပြီး မှတ်ချက်ပေးလိုက်ပါတယ်။ ဆိုးရှားလ်က မာစီယဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုငါးကြိမ်ရကစားသမား စီရော်နာဒိုရဲ့ အဆင့်ကို ရောက်နိုင်တဲ့သူလို့ ထင်ကြေးပေးလိုက်တာလည်းဖြစ်ပါတယ်။

ဆိုးရှားလ်က “ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲတွေကိုတောင်သတိရပါသေးတယ်။ ကစားပုံမကောင်းပေမယ့် စီရော်နာဒိုက အဲ့ဒီတုန်းက ဂိုးသွင်းပေးခဲ့ပါတယ်။ မာရှယ်ကလည်း အခုဒီပုံစံပါပဲ။ တကယ်လို့ သူ့အနေနဲ့ စီရော်နာဒိုရဲ့ အဆင့်ကိုရောက်ချင်ရင် ဘာလုပ်ရမယ်ဆိုတာ သူသိပါတယ်။ ဒါ သူ့အပေါ်ပဲမူတည်တာပါ။ သူက ပါရမီရှိပြီးသားပါ။ သူသွင်းသွားတဲ့ ဂိုးကိုပဲကြည့်လေ။ သူ ခံစစ်တာဝန်ကင်းနေတာမဟုတ်ပါဘူး။  သူကွင်းတစ်ဝက်လောက်မှာ ရှိနေတာပါ။ ဘောလုံးရတာနဲ့ ကိုက်နှစ်ဆယ်လောက်ပြေးသွားပါတယ်။ သူက လျှပ်စစ်လိုမြန်ပြီး ဟန်ချက်ညီအောင်လည်းကစားနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားသာ နောက်ခံလူဆိုရင် မာရှယ်ပြေးနေတာကို လိုချင်မှာမဟုတ်ပါဘူး။ သူ ခံစစ်ဘယ်လိုကစားရမယ်ဆိုတာ သိပါတယ်။ သူ့အနေနဲ့ခံစစ်ကစားပုံလိုအပ်ချက်ရှိသေးတယ်ဆိုပေမယ့် တိုက်စစ်မှာ သူက ပိုကောင်းပါတယ်” လို့ပြောကြားသွားပါတယ်။

အသက် (၂၃)နှစ်အရွယ်အန်တိုနီမာရှယ်ဟာ ဖူဟမ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးကိုလှလှပပသွင်းယူပေးခဲ့ပြီး ဒီဂိုးသွင်းတဲ့ပုံစံဟာ လွန်ခဲ့တဲ့ (၁၂)နှစ်က စီရော်နာဒိုသွင်းယူတဲ့ပုံစံနဲ့တူတယ်လို့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ချီးကျုးခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here