ဆက္ဆူအုိလုိနဲ႔ပြဲစဥ္မွာ ဂိုးသြင္းစံခ်ိန္တစ္ခု ရရွိခဲ့တဲ့ ေရာ္နယ္ဒို

0
472

ဂ်ဴဗင္တပ္ၾကယ္ပြင့္တုိက္စစ္မွဴး ခရစ္စတီယာႏိုေရာ္နယ္ဒိုဟာ ယမန္ေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆက္ဆူအုိလိုနဲ႔ပြဲစဥ္မွာ စီးရီးေအသြင္းဂိုး ၂၀ ေျမာက္သြင္းဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး ဂိုးသြင္းစံခ်ိန္တစ္ခုု ရရွိခဲ့ပါတယ္။

ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ဆက္ဆူအိုလိုနဲ႔ပြဲစဥ္မွာ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့သလို အသင္းေဖာ္ အမ္မရီခ်န္ တတိယေျမာက္ဦးေဆာင္ဂိုးသြင္းယူႏုိင္ဖို႔အတြက္လည္း ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ယမန္ေန႔ညက ပြဲစဥ္မွာ ဂိုးသြင္းယူႏုိင္ခဲ့တာေၾကာင့္ ေနာက္ဆံုး ၁၃ ရာသီ ၿပိဳင္ပြဲစံုမွာ အနည္းဆံုးသြင္းဂိုး ၂၀ အထိ သြင္းယူႏုိင္တဲဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ဆက္အူအိုလိုနဲ႔ပြဲစဥ္က ဂ်ဴဗင္တပ္အသင္းရဲ႕ သြင္းဂိုး ၃ ဂိုးစလံုးမွာ ပါဝင္ပတ္သက္ခဲ့ၿပီး အသက္အရြယ္ႀကီးရင့္ေနၿပီျဖစ္ေပမယ့္လည္း ေျခစြမ္းပိုင္းက်ဆင္းသြားျခင္းမရွိေၾကာင္းကို ျပသႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ခရစ္စတီယာႏုိေရာ္နယ္ဒိုအေနနဲ႔ တစ္ရာသီကို အနည္းဆံုး သြင္းဂိုး ၂၀ ျပည့္ေျမာက္ေအာင္ သြင္းယူႏုိင္ခဲ့ျခင္းမရွိတာဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေရာက္ရွိၿပီး ၃ ရာသီေျမာက္ ၂၀၀၅-၂၀၀၆ ရာသီမွာျဖစ္ပါတယ္။ ယင္းရာသီမွာ ေရာ္နယ္ဒိုဟာ သြင္းဂိုး ၁၂ ဂိုးသာ ရွိခဲ့ၿပီး တစ္ရာသီကို သြင္းဂိုး ၂၀ မျပည့္ေျမာက္တာဟာ ၂၀၀၅-၂၀၀၆ ရာသီမွာ ေနာက္ဆံုးျဖစ္ခဲ့ပါတယ္။

(Unicode)

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆက်ဆူအိုလိုနဲ့ပွဲစဉ်မှာ စီးရီးအေသွင်းဂိုး ၂၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန်တစ်ခုု ရရှိခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဆက်ဆူအိုလိုနဲ့ပွဲစဉ်မှာ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သလို အသင်းဖော် အမ်မရီချန် တတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့အတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ယမန်နေ့ညက ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နောက်ဆုံး ၁၃ ရာသီ ပြိုင်ပွဲစုံမှာ အနည်းဆုံးသွင်းဂိုး ၂၀ အထိ သွင်းယူနိုင်တဲဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဆက်အူအိုလိုနဲ့ပွဲစဉ်က ဂျူဗင်တပ်အသင်းရဲ့ သွင်းဂိုး ၃ ဂိုးစလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းကျဆင်းသွားခြင်းမရှိကြောင်းကို ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၂၀ ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့ခြင်းမရှိတာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိပြီး ၃ ရာသီမြောက် ၂၀၀၅-၂၀၀၆ ရာသီမှာဖြစ်ပါတယ်။ ယင်းရာသီမှာ ရော်နယ်ဒိုဟာ သွင်းဂိုး ၁၂ ဂိုးသာ ရှိခဲ့ပြီး တစ်ရာသီကို သွင်းဂိုး ၂၀ မပြည့်မြောက်တာဟာ ၂၀၀၅-၂၀၀၆ ရာသီမှာ နောက်ဆုံးဖြစ်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here