နည္းျပရာထူးအတြက္ စိုးရိမ္မႈရွိ၊ မရွိ ေျပာၾကားလုိက္တဲ့ ဆာရီ

0
96

ခ်ယ္ဆီးအသင္းနည္းျပ ဆာရီဟာ ယမန္ေန႔က မန္ခ်က္စတာစီးတီးအသင္းကို ၆ ဂိုး ဂိုးမရွိနဲ႔ အရွက္ရဖြယ္ ရံႈးနိမ့္ခဲ့ၿပီးေနာက္ အသင္းအတြက္ စိုးရိမ္မိေၾကာင္္း ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဆာရီက မန္ခ်က္စတာစီးတီးအသင္းကို ၆ ဂိုး ဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့တာက ၎ရဲ႕နည္းျပရာထူးအတြက္ အက်ိဳးသက္ေရာက္မႈ ရွိ၊ မရွိကိုေတာ့ ေျဖၾကားဖို႔ ျငင္းဆန္သြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ အဂူရိုရဲ႕ဟက္ထရစ္၊ စတားလင္းရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔ ဂန္ဒိုဂန္ရဲ႕သြင္းဂိုးနဲ႔ အိမ္ကြင္း အီတီဟတ္မွာ ခ်ယ္ဆီးအသင္းကို ေျခစြမ္းအျပတ္အသတ္နဲ႔ အႏုိင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးကို ရံႈးနိမ့္မႈက ဆာရီရဲ႕ ခ်ယ္ဆီးအသင္းနဲ႔ ကာလရွည္အနာဂတ္ကို မေရမရာျဖစ္ေစႏုိင္ၿပီး ဆာရီကေတာ့ ယခုအပတ္မွာ လက္ရွိအေျခအေနနဲ႔ပတ္သက္ၿပီး အသင္းဘုတ္အဖြဲ႕နဲ႔ ေဆြးေႏြးမႈျပဳလုပ္ရမလား၊ မျပဳလုပ္ရဘူးလားဆုိတာကို မသိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

နည္းျပရာထူးအတြက္ စုိးရိမ္မႈရွိ၊ မရွိ ေမးျမန္းခဲ့ရာမွာ ဆာရီက “ကၽြန္ေတာ္ မသိပါဘူး။ ခင္ဗ်ား အသင္းကို သြားေမးလုိက္ေလ။ ကၽြန္ေတာ့္အသင္းအတြက္ပဲ ကၽြန္ေတာ္ စိတ္ပူတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္အလုပ္က အၿမဲတမ္း စြန္႔စားရတဲ့အလုပ္မ်ိဳးပါ။ ခင္ဗ်ား အသင္းကိုပဲ သြားေမးလုိက္ပါ”လို႔ တံု႔ျပန္ခဲ့ပါတယ္။

(Unicode)

ချယ်ဆီးအသင်းနည်းပြ ဆာရီဟာ ယမန်နေ့က မန်ချက်စတာစီးတီးအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအတွက် စိုးရိမ်မိကြောင််း ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဆာရီက မန်ချက်စတာစီးတီးအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာက ၎င်းရဲ့နည်းပြရာထူးအတွက် အကျိုးသက်ရောက်မှု ရှိ၊ မရှိကိုတော့ ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အဂူရိုရဲ့ဟက်ထရစ်၊ စတားလင်းရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဂန်ဒိုဂန်ရဲ့သွင်းဂိုးနဲ့ အိမ်ကွင်း အီတီဟတ်မှာ ချယ်ဆီးအသင်းကို ခြေစွမ်းအပြတ်အသတ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကို ရှုံးနိမ့်မှုက ဆာရီရဲ့ ချယ်ဆီးအသင်းနဲ့ ကာလရှည်အနာဂတ်ကို မရေမရာဖြစ်စေနိုင်ပြီး ဆာရီကတော့ ယခုအပတ်မှာ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးမှုပြုလုပ်ရမလား၊ မပြုလုပ်ရဘူးလားဆိုတာကို မသိကြောင်း ပြောကြားခဲ့ပါတယ်။
နည်းပြရာထူးအတွက် စိုးရိမ်မှုရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ ဆာရီက “ကျွန်တော် မသိပါဘူး။ ခင်ဗျား အသင်းကို သွားမေးလိုက်လေ။ ကျွန်တော့်အသင်းအတွက်ပဲ ကျွန်တော် စိတ်ပူတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်က အမြဲတမ်း စွန့်စားရတဲ့အလုပ်မျိုးပါ။ ခင်ဗျား အသင်းကိုပဲ သွားမေးလိုက်ပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here