အဆိုးေတြကို ရွားေစခဲ့သူတစ္ေယာက္ ေျဖရွင္းရဦးမယ့္ ခက္ခဲတဲ့ပုစာၦမ်ား

0
1243

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပျဖစ္သူ ဆိုးလ္ရွားကေတာ့ ၿပီးခဲ့တဲ့ စေနေန႔ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဖူဟမ္အသင္းကို သံုးဂိုး-ဂိုးမရွိျဖင့္အႏိုင္ယူခဲ့ကာ ယူႏိုက္တက္အသင္းကို သူကိုင္တြယ္ခဲ့ ၿပီးတဲ့ (၁၁) ပြဲစလံုးရွံုးပြဲမရွိစံခ်ိန္ဆိုတဲ့ ရလဒ္ေကာင္းကို ရယူထားႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အ သင္းရဲ႕တာ၀န္ရွိသူေတြဟာ ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္၊ ဒီဇင္ဘာလအတြင္းမွာ လီဗာပူးအသင္းကို သံုးဂိုး-တစ္ဂိုးျဖင့္ ရွံုးနိမ့္ၿပီးေနာက္မွာေတာ့ နည္းျပေမာ္ရင္ဟိုကို ရာထူးကေနထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟိုထြက္ခြာသြား ၿပီးေနာက္မွာ ယူႏုိက္တက္နည္းျပ ဘယ္သူျဖစ္လာမလဲဆိုတာ အားလံုးကသိရွိလိုခဲ့ၾကၿပီး လက္ရွိစပါးအသင္းရဲ႕ နည္းျပျဖစ္သူ ပိုခ်က္တီႏိုနဲ႔ အသင္းလက္မဲ့ျဖစ္ေနတဲ့ ရီးရဲမက္ဒရစ္နည္းျပေဟာင္း ဇီဒန္းတို႔က ယူႏိုက္တက္အ သင္းရဲ႕ နည္းျပသစ္ျဖစ္လာဖို႔ ထင္ေၾကးေပးခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ယူႏိုက္တက္အသင္းကေတာ့ အား လံုးထင္မွတ္မထားခဲ့တဲ့ ကစားသမားေဟာင္းဆိုးလ္ရွားကို ယံုယံုၾကည္ၾကည္နဲ႔ ယာယီနည္းျပတာ၀န္ကို ေပးအပ္ ခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ယူႏုိက္တက္အသင္းရဲ႕ ကစားသမားဘ၀မွာတုန္းက လူစား၀င္ကစားသမားအျဖစ္ အသင္းကိုမ်ား စြာ အကူအညီေပးႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ယူႏို္က္တက္အသင္း ဖလား (၃) လံုးရရွိခဲ့တဲ့ ၁၉၉၈-၉၉ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆိုးလ္ရွားဟာအသင္းအတြက္ လူစား၀င္ကစားသမားအျဖစ္ကစားေပး ခဲ့ၿပီး အသင္းအတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးတို႔ကို ပြဲခ်ိန္ေႏွာင္းပိုင္းေရာက္မွ သြင္းယူေပးခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕ သြင္းဂိုးေတြေၾကာင့္ပဲ ယူႏိုက္တက္အသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ႏွစ္ဂိုး-တစ္ဂိုးဆိုတဲ့ရလဒ္နဲ႔ အႏိုင္ယူ ခဲ့ကာ ခ်န္ပီယံလိဂ္ဆုဖလားကိုင္ေျမွာက္ခြင့္ရရွိခဲ့ပါတယ္။ ယခုတစ္ဖန္ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းသို႔ နည္းျပအျဖစ္ တစ္ေက်ာ့ျပန္ ေရာက္ရွိလာခ်ိန္မွာလည္း သူ႔ရဲ႕အမည္နဲ႔လိုက္ေအာင္ကို အသင္းအတြက္ အဆိုး ေတြ ဖယ္ရွားေပးတဲ့သူအလား ထင္မွတ္ရေလာက္ေအာင္ အသင္းအတြက္မ်ားစြာအက်ိဳးျပဳႏိုင္ခဲ့ပါတယ္။ သူ ကိုင္တြယ္ခဲ့တဲ့ (၁၁) ပြဲဆက္တိုက္ ယူႏိုက္တက္အသင္းဟာ ရွံုးပြဲမရွိခဲ့သလို အဲ့ဒီ (၁၁) ပြဲမွာ ပရီးမီးယားလိဂ္ပြဲ စဥ္ (၉) ပြဲအထိပါ၀င္ခဲ့ပါတယ္။ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ (၉) ပြဲမွာ အမ်ားဆံုးရရွိႏိုင္မယ့္ ရမွတ္ (၂၇) မွတ္ ထဲက ရမွတ္ (၂၅) မွတ္အထိရရွိေအာင္ နည္းျပဆိုးလ္ရွားစြမ္းေဆာင္ေပးခဲ့ပါတယ္။ အျခားပြဲစဥ္ (၂) ပြဲကေတာ့ အက္ေအဖလားပြဲစဥ္ေတြပဲျဖစ္ကာ ရီးဒင္းအသင္းကို ႏွစ္ဂိုး-ဂိုးမရွိျဖင့္ တတိယအဆင့္မွာ ေက်ာ္ျဖတ္ခဲ့သလို စတုတၳအဆင့္မွာ အာဆင္နယ္အသင္းကို သံုးဂိုး-တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ ေက်ာ္ျဖတ္ခဲ့ျပန္ပါတယ္။

နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္မွာတုန္းက ယူႏိုက္တက္အသင္းဟာ တစ္ပြဲနဲ႔တစ္ပြဲ လူထုတ္ပံုေရာ၊ ေျခစြမ္း ပိုင္းမွာပါ တည္ျငိမ္မွဳမရွိခဲ့ဘဲ ပြဲစဥ္တိုင္းမွာ ၿပိဳင္ဘက္တိုင္းကို ခက္ခက္ခဲခဲ ရုန္းကန္ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြနဲ႔ ေတြ႔ဆံုတဲ့အခါမွာလည္း ယခင္လိုမ်ိဳးရလဒ္ေကာင္းေတြ ရရွိေအာင္စြမ္း ေဆာင္ေပးႏုိုင္ျခင္းမရွိပါဘူး။ ေနာက္ထပ္ဆိုးရြားခဲ့တာကေတာ့ ခ်န္ပီယံရွစ္က ဒါဘီေကာင္တီလို အသင္းကို ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ပင္နယ္တီအဆံုးအျဖတ္ျဖင့္ ရွံုးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေနထြက္ခြာခဲ့ရတာျဖစ္ ပါတယ္။ ေမာ္ရင္ဟိုဟာ အသင္းရလဒ္မတည္မျငိမ္ျဖစ္ေစရံုသာမက အသင္းတာ၀န္ရွိသူေတြ၊ ကစားသမားေတြ နဲ႔ပါ ဆက္ဆံေရးအဆင္မေျပမွုမ်ားလည္း ရွိခဲ့ပါတယ္။ အသင္းရဲ႕လူငယ္ကစားသမားေတြျဖစ္တဲ့ ရက္ဖို႔ဒ္၊ မာရွယ္ တို႔ကို ေနရာေပးဖို႔လည္း လက္တြန္႔ခဲ့ပါတယ္။ ဒါ့အျပင္ ေစ်းႀကီးေပးၿပီး ျပန္ေခၚထားတဲ့ ေပါ့ဂ္ဘာနဲ႔လည္း အဆင္ မေျပျဖစ္ခဲ့ကာ ေပါ့ဂ္ဘာကိုပါ အရံခံုတန္းဆီပို႔ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ရက္ဖို႔ဒ္၊ မာရွယ္၊ ေပါ့ဂ္ဘာတို႔ဟာအသင္းက ေနထြက္ခြာဖို႔ ဆႏၵရွိခဲ့ၾကပါတယ္။ ေနာက္ၿပီးေတာ့ ဂိုးသမားဒီဂီယာဟာလည္း အသင္းမွာမေပ်ာ္မရႊင္ျဖစ္ေနကာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အသင္းရွိ ကစားသမားေတာ္ေတ္ာမ်ားမ်ားက တုန္႔ဆိုင္းေနခဲ့ၾကပါတယ္။ အဲ့ဒါ ေၾကာင့္လည္း ပရိသတ္မ်ားကပါ နည္းျပေမာ္ရင္ဟိုကို ရာထူးကေနထုတ္ပယ္ဖို႔ အသင္းဥကၠဌထံ ေတာင္းဆိုခဲ့ ၾကၿပီး လီဗာပူးအသင္းကို ဂိုးျပတ္ရွံုးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ရာထူးကေန ထုတ္ပယ္လိုက္တာ ျဖစ္ပါတယ္။

အသင္းရလဒ္ေရာ၊ အသင္းတြင္းတည္ျငိမ္မွဳေရာ ဆိုးရြားပ်က္ျပားေနစဥ္မွာ ကစားသမားေဟာင္းဆိုးလ္ရွားကို ယူ ႏိုက္တက္အသင္း ယာယီနည္းျပအျဖစ္ ရာသီကုန္အထိတာ၀န္ေပးလိုက္ျခင္းဟာ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္တစ္ခု ျဖစ္ခဲ့ၿပီး ရလဒ္ပိုင္းသာမက အသင္းတြင္းစည္းလံုးညီညြတ္မွဳ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာစတာေတြပါ အတက္ဘက္သို႔ ျပန္လည္ဦးေမာ့လာခဲ့ပါတယ္။ ဆိုးလ္ရွားဟာ သူ႔လက္ထက္မွာ အသင္းရွိလူငယ္ကစားသမားေတြကို ပိုမိုေနရာ ေပးခဲ့တာေၾကာင့္ ေျခစြမ္းေပ်ာက္ဆံုးခဲ့တဲ့ ရက္ဖို႔ဒ္၊ မာရွယ္တို႔ဟာ အသင္းအတြက္သြင္းဂိုးမ်ား သြင္းယူေပးလာႏိုင္ခဲ့ပါတယ္။ ေပါ့ဂ္ဘာဆိုရင္လည္း ယခင္လိုမ်ိဳးေျခစြမ္း ျပန္လည္ရရွိခဲ့ကာ အသင္းေဖာ္မ်ားဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့သလို သူကိုယ္တိုင္လည္း သြင္းဂိုးမ်ားရရွိေအာင္ စြမ္းေဆာင္လာႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ အသင္းကေနထြက္ခြာလိုေနတဲ့ မာရွယ္၊ ေပါ့ဂ္ဘာတို႔လိုကစားသ မားေတြဟာ ပြဲထြက္ခြင့္ျပန္လည္ရရွိလာတာေၾကာင့္ အသင္းကေနထြက္ခြာလိုတယ္ဆိုတဲ့ အသံလည္း ထြက္မ လာခဲ့ၾကပါဘူး။ ေျခစြမ္းျပတဲ့လူငယ္ကစားသမားေတြကို ပိုမိုေနရာေပးမယ္လို႔ ဆိုးလ္ရွားက ေျပာၾကားထားကာ တြန္မီေနး၊ မာရွယ္၊ ဖီးလ္ဂ်ံဳးတို႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့ကာ လက္ရွိမွာလည္း ဒီဂီယာ၊ ဟာရဲရား၊ မာတာစတဲ့ ကစားသမားသစ္မ်ားနဲ႔လည္း စာခ်ဳပ္သစ္ေဆြးေႏြးရာမွာ အေျခအေနေကာင္းေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပဆိုးလ္ရွားလက္ထက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ (၄) ေနရာအထိ ျပန္လည္တက္လွမ္းလာႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္က အဆင့္ (၆) ေနရာမွာ ရွိေနခဲ့ကာ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္လည္း မေသခ်ာမေရရာတဲ့အေနအထားမ်ိဳး ျဖစ္ေစခဲ့ပါ တယ္။ ဆိုးလ္ရွားလက္ထက္မွာေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ေနရာအတြက္ ျပန္လည္အေျခအေနေကာင္းလာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆင့္ (၃) ေနရာက စပါးအသင္းနဲ႔လည္း ရမွတ္ (၉) မွတ္သာ ကြာဟပါေတာ့တယ္။ ေနာက္ၿပီးေတာ့ ဇန္န၀ါရီလရဲ႕ တစ္လတာအေကာင္းဆံုး နည္းျပဆုကိုပါ ဆိုးလ္ရွားဆြတ္ခူးရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ခုေစာဒကတက္စရာရွိတာက ယူႏိုက္တက္အသင္းရဲ႕နည္းျပဆိုးလ္ရွားဟာ သူ ကိုင္ တြယ္ခဲ့ၿပီးတဲ့ ပြဲစဥ္ (၁၁) ပြဲမွာ ထိပ္တန္းအသင္းႀကီးေတြနဲ႔ ရင္ဆိုင္ခဲ့ရတာဆိုလို႔ စပါးနဲ႔ အာဆင္နယ္အသင္းတို႔ ပဲ ရွိခဲ့ပါတယ္။ က်န္တဲ့အသင္းအမ်ားစုဟာ ကာဒစ္၊ ဟက္ဒါဖီး၊ ဘုန္းေမာက္၊ နယူးကာဆယ္၊ ရီးဒင္း၊ ဘရိုက္တန္၊ ဘန္ေလ၊ လက္စတာ၊ ဖူဟမ္တို႔လို သာမန္အသင္းငယ္ေလးေတြသာ ျဖစ္ခဲ့ပါတယ္။ တစ္နည္းအားျဖင့္ ေျပာရ မယ္ဆိုရင္ ဆိုးလ္ရွားရဲ႕ တာထြက္ဟာလွပခဲ့သလို လြယ္ကူခဲ့တယ္လို႔လည္းဆိုႏိုင္ပါတယ္။ အရည္အခ်င္းရွိတဲ့ သူတစ္ေယာက္ဆိုတာ လြယ္ကူတဲ့ပုစာၦေတြကို လွပစြာအေျဖရွာေပးႏိုင္သလို ခက္ခဲတဲ့ပုစာၦေတြမွာလည္း အ ေကာင္းဆံုးအေျဖရွာေပးႏိုင္ဖို႔လိုအပ္ပါတယ္။

အဆိုးေတြကို ရွားေစခဲ့တဲ့ ကိုႀကီးဆိုးလ္ရွားအတြက္ မၾကာမီမွာ ခက္ခဲတဲ့ပုစာၦေတြ လာပါေတာ့မယ္။ အဲ့ဒီခက္ခဲ တဲ့ ပုစာၦေတြကို ေဖေဖာ္၀ါရီ (၁၂) ရက္ေန႔ကေန မတ္လ (၁၆) ရက္ေန႔အထိ အေျဖရွာေပးရမွာပါ။ အဲ့ဒီတစ္လတာ ကာလအတြင္း စုစုေပါင္း ကစားရမယ့္ပြဲစဥ္က (၈) ပြဲအထိရွိကာ ရလဒ္ေကာင္း ေတြပဲျဖစ္လာမလားဆိုတာကေတာ့ အားလံုးေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ အဲ့ဒီပြဲစဥ္ (၈) ပြဲမွာ တန္းဆင္းဇုန္ တိုက္ပြဲကေန ရုန္းထြက္လိုေနၾကတဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ ေဆာက္သမ္တန္တို႔လို အသင္းငယ္ (၂) သင္းနဲ႔သာ ေတြ႔ဆံုရမွာျဖစ္ၿပီး က်န္တဲ့ (၆) ပြဲကေတာ့ ယူႏိုက္တက္အသင္းရဲ႕ မဟာၿပိဳင္ဘက္ေတြပဲျဖစ္ပါတယ္။ ေဖေဖာ္၀ါ ရီ (၁၂) ရက္ေန႔မွာ ပီအက္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ရွံုးထြက္ပထမအေက်ာ့ပြဲစဥ္ကို အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစားရမွာ ျဖစ္ၿပီး ေဖေဖာ္၀ါရီ (၁၈) ရက္ေန႔မွာေတာ့ အက္ေအဖလားပြဲစဥ္အျဖစ္ ခ်ဲလ္ဆီး အသင္းနဲ႔ စတမ္းဖို႔ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ရမွာပါ။ အဲ့ဒီေနာက္ ေဖေဖာ္၀ါရီ (၂၄) ရက္ေန႔မွာေတာ့ လီဗာပူးအသင္းနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးအသင္းနဲ႔ပြဲစဥ္ၿပီးရင္ေတာ့ ပဲေလ့စ္၊ ေဆာက္သမ္တန္အသင္းတို႔နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ကစားရပါမယ္။ မတ္လ (၆) ရက္ေန႔မွာေတာ့ ပီ အက္ဂ်ီအသင္းရဲ႕အိမ္ကြင္းမွာ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ကို သြားေရာက္ယွဥ္ၿပိဳင္ရဦး မွာပါ။ ေနာက္ထပ္ပရီးမီးယားလိဂ္ပြဲစဥ္ေတြအျဖစ္ မတ္လ (၁၀) ရက္ေန႔မွာ အာဆင္နယ္အသင္းနဲ႔ အေ၀းကြင္း၊ မတ္လ (၁၆) ရက္ေန႔မွာ မန္စီးတီးအသင္း နဲ႔အိမ္ကြင္းပြဲစဥ္ေတြ ဆက္တိုက္ယွဥ္ၿပိဳင္ရဦးမွာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ အဲ့ဒီကာလမွာ အသင္းႀကီးေတြနဲ႔ပဲ ဆက္တိုက္ေတြ႔ဆံုေနတာေၾကာင့္ ရလဒ္ေကာင္းဖို႔အတြက္ ခက္ခက္ခဲခဲယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ကစားသမားေတြအေနနဲ႔ ပြဲပန္းမွဳေတြ၊ ဒဏ္ရာရရွိမွဳေတြ ျဖစ္လာႏိုင္သလို နည္းျပဆိုးလ္ရွားအတြက္လည္း ဖိအားေတြေအာက္ေရာက္ရွိသြားႏိုင္ပါ တယ္။ ပဲေလ့စ္နဲ႔ ေဆာက္သမ္တန္တို႔ဟာလည္း အသင္းႀကီးေတြနဲ႔ ေတြ႔ရင္ မာမာထန္ထန္ကစားတတ္တာ ေၾကာင့္ နည္းျပဆိုးလ္ရွားအတြက္ လြယ္ကူမယ့္ပြဲစဥ္ေတြေတာ့မျဖစ္လာႏိုင္ပါဘူး။ ဒါ့အျပင္ ပီအက္ဂ်ီအသင္းလို ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုဖလားရရွိဖို႔ စိတ္ခ်ရတဲ့အေနအထားမွာရွိၿပီး ဥေရာပခ်န္ပီယံလိဂ္ဆုဖလားကို ေတာင့္တမက္ေမာေနတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာ ယူႏိုက္တက္တို႔အတြက္ ေသခ်ာေပါက္ခက္ခဲဦးမွာပါ။ ပီအက္ဂ်ီအသင္းမွာက ဒီမာရီယာ၊ ကာဗာနီ၊ အမ္ဘာေပ၊ ဘူဖြန္၊ အဲဗက္၊ ေဆးဗားစတဲ့ ကမာၻ႔အဆင့္ကစားသ မားမ်ားစြာရွိကာ ဒဏ္ရာျပသနာရွိေနတဲ့ ေနမာ ဒုတိယအေက်ာ့အမီျပန္ေကာင္းလာမလားဆိုတာလည္း မသိရွိရ ေသးပါဘူး။ ေနမာသာ ဒုတိယအေက်ာ့အမီဒဏ္ရာက ျပန္သက္သာလာမယ္ဆိုရင္ ယူႏိုက္တက္တို႔အတြက္ ပိုမိုခက္ခဲသြားႏိုင္ပါတယ္။ ေနာက္ထပ္ ခ်ဲလ္ဆီး၊ အာဆင္နယ္၊ လီဗာပူး၊ မန္စီးတီးတို႔ကလည္း ယူႏိုက္တက္အ သင္းအတြက္ ခါးသီးၿပိဳင္ဘက္ေတြျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ တိုက္ပြဲ၀င္ရ မွာျဖစ္တဲ့အျပင္ လီဗာပူး၊ မန္စီးတီးတို႔ကလည္း သူတို႔ရဲ႕ခ်န္ပီယံအိပ္မက္အတြက္ ရမွတ္ (၃) မွတ္မဆံုးရွံုးရေလ ေအာင္ ယူႏိုက္တက္အသင္းကို ႀကီးႀကီးမားမားဖိအားေပးမွာပါ။ ခ်ဲလ္ဆီးအသင္းကလည္း အဂၤလန္မွာအစဥ္အ လာႀကီးမားတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ အက္ေအဖလားၿပိဳင္ပြဲကို လြယ္လြယ္နဲ႔အေလ်ာ့ေပးမွာ မဟုတ္ပါဘူး။

နည္းျပဆိုးလ္ရွားအေနနဲ႔ ပြဲဦးထြက္ (၁၁) ပြဲစလံုးကို အေကာင္းဆံုးရလဒ္ေဖာ္ေဆာင္ႏုိင္သလို ေနာက္ ထပ္လာမယ့္ ပြဲက်ပ္ (၈) ပြဲမွာေရာ ရလဒ္ေကာင္းေတြ ေဖာ္ေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။ ဒါေပမယ့္လည္း ယူႏိုက္တက္အသင္းမွာ အရည္အခ်င္းရွိၿပီး ကစားအားေကာင္းတဲ့ မာရွယ္၊ ရက္ဖို႔ဒ္၊ လင္ဂတ္တို႔လုိ လူငယ္ကစားသမားေတြရွိသလို ေပါ့ဂ္ဘာ၊ ဒီဂီယာ၊ မာတစ္၊ ဆန္းခ်က္ဇ္၊ လူကာကူ၊ မာတာ၊ ယန္း၊ ဗလန္စီယာတို႔လို ၀ါရင့္ကစားသမားေတြရွိေနကာ ဆိုးလ္ရွားဟာလည္း အရည္အခ်င္းရွိတဲ့ နည္းျပေကာင္းတစ္ဦးဆိုတာ ပြဲဦးထြက္ (၁၁) ပြဲနဲ႔ အေကာင္းဆံုး သက္ေသျပထားခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ နည္းျပဆိုးလ္ရွားနဲ႔ ယူႏိုက္တက္အသင္းအေနနဲ႔ ပြဲက်ပ္ကာလကို အေကာင္းဆံုးရလဒ္ေတြနဲ႔ ျဖတ္ေက်ာ္ႏုိင္မယ္ လို႔ ယူဆရၿပီး အဲ့ဒီပြဲက်ပ္ကာလကိုသာ ဆိုးလ္ရွားအေကာင္းဆံုးျဖတ္ေက်ာ္ႏုိင္ခဲ့ၿပီဆိုရင္ ရာသီကုန္မွာ အၿမဲတမ္း နည္းျပရာထူးအတြက္ပါ မ်ားစြာအေလးသာသြားမွာ ျဖစ္ပါတယ္။ ဆိုးလ္ရွားတစ္ေယာက္ ခက္ခဲတဲ့ပုစာၦေတြကို လြယ္လြယ္ကူကူနဲ႔ အေကာင္းဆံုး အေျဖရွာႏိုင္မလားဆိုတာ သရဲနီပရိသတ္ေတြ ရင္ခုန္စြာ နဲ႔ ေစာင့္ၾကည့္ၾကရ မွာ ျဖစ္ပါတယ္။

အဆိုးတွေကို ရှားစေခဲ့သူတစ်ယောက် ဖြေရှင်းရဦးမယ့် ခက်ခဲတဲ့ပုစ္ဆာများ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူဟမ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ယူခဲ့ကာ ယူနိုက်တက်အသင်းကို သူကိုင်တွယ်ခဲ့ ပြီးတဲ့ (၁၁) ပွဲစလုံးရှုံးပွဲမရှိစံချိန်ဆိုတဲ့ ရလဒ်ကောင်းကို ရယူထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အ သင်းရဲ့တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ လီဗာပူးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်မှာတော့ နည်းပြမော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုထွက်ခွာသွား ပြီးနောက်မှာ ယူနိုက်တက်နည်းပြ ဘယ်သူဖြစ်လာမလဲဆိုတာ အားလုံးကသိရှိလိုခဲ့ကြပြီး လက်ရှိစပါးအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ အသင်းလက်မဲ့ဖြစ်နေတဲ့ ရီးရဲမက်ဒရစ်နည်းပြဟောင်း ဇီဒန်းတို့က ယူနိုက်တက်အ သင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ထင်ကြေးပေးခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ အား လုံးထင်မှတ်မထားခဲ့တဲ့ ကစားသမားဟောင်းဆိုးလ်ရှားကို ယုံယုံကြည်ကြည်နဲ့ ယာယီနည်းပြတာဝန်ကို ပေးအပ် ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဘဝမှာတုန်းက လူစားဝင်ကစားသမားအဖြစ် အသင်းကိုများ စွာ အကူအညီပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ယူနိုက်တက်အသင်း ဖလား (၃) လုံးရရှိခဲ့တဲ့ ၁၉၉၈-၉၉ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆိုးလ်ရှားဟာအသင်းအတွက် လူစားဝင်ကစားသမားအဖြစ်ကစားပေး ခဲ့ပြီး အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတို့ကို ပွဲချိန်နှောင်းပိုင်းရောက်မှ သွင်းယူပေးခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ သွင်းဂိုးတွေကြောင့်ပဲ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူ ခဲ့ကာ ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။ ယခုတစ်ဖန်ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းသို့ နည်းပြအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာချိန်မှာလည်း သူ့ရဲ့အမည်နဲ့လိုက်အောင်ကို အသင်းအတွက် အဆိုး တွေ ဖယ်ရှားပေးတဲ့သူအလား ထင်မှတ်ရလောက်အောင် အသင်းအတွက်များစွာအကျိုးပြုနိုင်ခဲ့ပါတယ်။ သူ ကိုင်တွယ်ခဲ့တဲ့ (၁၁) ပွဲဆက်တိုက် ယူနိုက်တက်အသင်းဟာ ရှုံးပွဲမရှိခဲ့သလို အဲ့ဒီ (၁၁) ပွဲမှာ ပရီးမီးယားလိဂ်ပွဲ စဉ် (၉) ပွဲအထိပါဝင်ခဲ့ပါတယ်။ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲမှာ အများဆုံးရရှိနိုင်မယ့် ရမှတ် (၂၇) မှတ် ထဲက ရမှတ် (၂၅) မှတ်အထိရရှိအောင် နည်းပြဆိုးလ်ရှားစွမ်းဆောင်ပေးခဲ့ပါတယ်။ အခြားပွဲစဉ် (၂) ပွဲကတော့ အက်အေဖလားပွဲစဉ်တွေပဲဖြစ်ကာ ရီးဒင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် တတိယအဆင့်မှာ ကျော်ဖြတ်ခဲ့သလို စတုတ္ထအဆင့်မှာ အာဆင်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ကျော်ဖြတ်ခဲ့ပြန်ပါတယ်။

နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာတုန်းက ယူနိုက်တက်အသင်းဟာ တစ်ပွဲနဲ့တစ်ပွဲ လူထုတ်ပုံရော၊ ခြေစွမ်း ပိုင်းမှာပါ တည်ငြိမ်မှုမရှိခဲ့ဘဲ ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်တိုင်းကို ခက်ခက်ခဲခဲ ရုန်းကန်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ယခင်လိုမျိုးရလဒ်ကောင်းတွေ ရရှိအောင်စွမ်း ဆောင်ပေးနိုင်ခြင်းမရှိပါဘူး။ နောက်ထပ်ဆိုးရွားခဲ့တာကတော့ ချန်ပီယံရှစ်က ဒါဘီကောင်တီလို အသင်းကို ကာရာဘောင်းဖလားပြိုင်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာဖြစ် ပါတယ်။ မော်ရင်ဟိုဟာ အသင်းရလဒ်မတည်မငြိမ်ဖြစ်စေရုံသာမက အသင်းတာဝန်ရှိသူတွေ၊ ကစားသမားတွေ နဲ့ပါ ဆက်ဆံရေးအဆင်မပြေမှုများလည်း ရှိခဲ့ပါတယ်။ အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ ရက်ဖို့ဒ်၊ မာရှယ် တို့ကို နေရာပေးဖို့လည်း လက်တွန့်ခဲ့ပါတယ်။ ဒါ့အပြင် ဈေးကြီးပေးပြီး ပြန်ခေါ်ထားတဲ့ ပေါ့ဂ်ဘာနဲ့လည်း အဆင် မပြေဖြစ်ခဲ့ကာ ပေါ့ဂ်ဘာကိုပါ အရံခုံတန်းဆီပို့ခဲ့ပါတယ်။ ဒါ့ကြောင့် ရက်ဖို့ဒ်၊ မာရှယ်၊ ပေါ့ဂ်ဘာတို့ဟာအသင်းက နေထွက်ခွာဖို့ ဆန္ဒရှိခဲ့ကြပါတယ်။ နောက်ပြီးတော့ ဂိုးသမားဒီဂီယာဟာလည်း အသင်းမှာမပျော်မရွှင်ဖြစ်နေကာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းရှိ ကစားသမားတော်တေ်ာများများက တုန့်ဆိုင်းနေခဲ့ကြပါတယ်။ အဲ့ဒါ ကြောင့်လည်း ပရိသတ်များကပါ နည်းပြမော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ဖို့ အသင်းဥက္ကဌထံ တောင်းဆိုခဲ့ ကြပြီး လီဗာပူးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

အသင်းရလဒ်ရော၊ အသင်းတွင်းတည်ငြိမ်မှုရော ဆိုးရွားပျက်ပြားနေစဉ်မှာ ကစားသမားဟောင်းဆိုးလ်ရှားကို ယူ နိုက်တက်အသင်း ယာယီနည်းပြအဖြစ် ရာသီကုန်အထိတာဝန်ပေးလိုက်ခြင်းဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပြီး ရလဒ်ပိုင်းသာမက အသင်းတွင်းစည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာစတာတွေပါ အတက်ဘက်သို့ ပြန်လည်ဦးမော့လာခဲ့ပါတယ်။ ဆိုးလ်ရှားဟာ သူ့လက်ထက်မှာ အသင်းရှိလူငယ်ကစားသမားတွေကို ပိုမိုနေရာ ပေးခဲ့တာကြောင့် ခြေစွမ်းပျောက်ဆုံးခဲ့တဲ့ ရက်ဖို့ဒ်၊ မာရှယ်တို့ဟာ အသင်းအတွက်သွင်းဂိုးများ သွင်းယူပေးလာနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဆိုရင်လည်း ယခင်လိုမျိုးခြေစွမ်း ပြန်လည်ရရှိခဲ့ကာ အသင်းဖော်များဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့သလို သူကိုယ်တိုင်လည်း သွင်းဂိုးများရရှိအောင် စွမ်းဆောင်လာနိုင်ပါတယ်။ နောက်ပြီးတော့ အသင်းကနေထွက်ခွာလိုနေတဲ့ မာရှယ်၊ ပေါ့ဂ်ဘာတို့လိုကစားသ မားတွေဟာ ပွဲထွက်ခွင့်ပြန်လည်ရရှိလာတာကြောင့် အသင်းကနေထွက်ခွာလိုတယ်ဆိုတဲ့ အသံလည်း ထွက်မ လာခဲ့ကြပါဘူး။ ခြေစွမ်းပြတဲ့လူငယ်ကစားသမားတွေကို ပိုမိုနေရာပေးမယ်လို့ ဆိုးလ်ရှားက ပြောကြားထားကာ တွန်မီနေး၊ မာရှယ်၊ ဖီးလ်ဂျုံးတို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ကာ လက်ရှိမှာလည်း ဒီဂီယာ၊ ဟာရဲရား၊ မာတာစတဲ့ ကစားသမားသစ်များနဲ့လည်း စာချုပ်သစ်ဆွေးနွေးရာမှာ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၄) နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်က အဆင့် (၆) နေရာမှာ ရှိနေခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မသေချာမရေရာတဲ့အနေအထားမျိုး ဖြစ်စေခဲ့ပါ တယ်။ ဆိုးလ်ရှားလက်ထက်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ပြန်လည်အခြေအနေကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် (၃) နေရာက စပါးအသင်းနဲ့လည်း ရမှတ် (၉) မှတ်သာ ကွာဟပါတော့တယ်။ နောက်ပြီးတော့ ဇန်နဝါရီလရဲ့ တစ်လတာအကောင်းဆုံး နည်းပြဆုကိုပါ ဆိုးလ်ရှားဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ခုစောဒကတက်စရာရှိတာက ယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားဟာ သူ ကိုင် တွယ်ခဲ့ပြီးတဲ့ ပွဲစဉ် (၁၁) ပွဲမှာ ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဆိုလို့ စပါးနဲ့ အာဆင်နယ်အသင်းတို့ ပဲ ရှိခဲ့ပါတယ်။ ကျန်တဲ့အသင်းအများစုဟာ ကာဒစ်၊ ဟက်ဒါဖီး၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ရီးဒင်း၊ ဘရိုက်တန်၊ ဘန်လေ၊ လက်စတာ၊ ဖူဟမ်တို့လို သာမန်အသင်းငယ်လေးတွေသာ ဖြစ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောရ မယ်ဆိုရင် ဆိုးလ်ရှားရဲ့ တာထွက်ဟာလှပခဲ့သလို လွယ်ကူခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ အရည်အချင်းရှိတဲ့ သူတစ်ယောက်ဆိုတာ လွယ်ကူတဲ့ပုစ္ဆာတွေကို လှပစွာအဖြေရှာပေးနိုင်သလို ခက်ခဲတဲ့ပုစ္ဆာတွေမှာလည်း အ ကောင်းဆုံးအဖြေရှာပေးနိုင်ဖို့လိုအပ်ပါတယ်။

အဆိုးတွေကို ရှားစေခဲ့တဲ့ ကိုကြီးဆိုးလ်ရှားအတွက် မကြာမီမှာ ခက်ခဲတဲ့ပုစ္ဆာတွေ လာပါတော့မယ်။ အဲ့ဒီခက်ခဲ တဲ့ ပုစ္ဆာတွေကို ဖေဖော်ဝါရီ (၁၂) ရက်နေ့ကနေ မတ်လ (၁၆) ရက်နေ့အထိ အဖြေရှာပေးရမှာပါ။ အဲ့ဒီတစ်လတာ ကာလအတွင်း စုစုပေါင်း ကစားရမယ့်ပွဲစဉ်က (၈) ပွဲအထိရှိကာ ရလဒ်ကောင်း တွေပဲဖြစ်လာမလားဆိုတာကတော့ အားလုံးစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ် (၈) ပွဲမှာ တန်းဆင်းဇုန် တိုက်ပွဲကနေ ရုန်းထွက်လိုနေကြတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆောက်သမ်တန်တို့လို အသင်းငယ် (၂) သင်းနဲ့သာ တွေ့ဆုံရမှာဖြစ်ပြီး ကျန်တဲ့ (၆) ပွဲကတော့ ယူနိုက်တက်အသင်းရဲ့ မဟာပြိုင်ဘက်တွေပဲဖြစ်ပါတယ်။ ဖေဖော်ဝါ ရီ (၁၂) ရက်နေ့မှာ ပီအက်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဖေဖော်ဝါရီ (၁၈) ရက်နေ့မှာတော့ အက်အေဖလားပွဲစဉ်အဖြစ် ချဲလ်ဆီး အသင်းနဲ့ စတမ်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမှာပါ။ အဲ့ဒီနောက် ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာတော့ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ပွဲစဉ်ပြီးရင်တော့ ပဲလေ့စ်၊ ဆောက်သမ်တန်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားရပါမယ်။ မတ်လ (၆) ရက်နေ့မှာတော့ ပီ အက်ဂျီအသင်းရဲ့အိမ်ကွင်းမှာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို သွားရောက်ယှဉ်ပြိုင်ရဦး မှာပါ။ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် မတ်လ (၁၀) ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်း၊ မတ်လ (၁၆) ရက်နေ့မှာ မန်စီးတီးအသင်း နဲ့အိမ်ကွင်းပွဲစဉ်တွေ ဆက်တိုက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲ့ဒီကာလမှာ အသင်းကြီးတွေနဲ့ပဲ ဆက်တိုက်တွေ့ဆုံနေတာကြောင့် ရလဒ်ကောင်းဖို့အတွက် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ ပွဲပန်းမှုတွေ၊ ဒဏ်ရာရရှိမှုတွေ ဖြစ်လာနိုင်သလို နည်းပြဆိုးလ်ရှားအတွက်လည်း ဖိအားတွေအောက်ရောက်ရှိသွားနိုင်ပါ တယ်။ ပဲလေ့စ်နဲ့ ဆောက်သမ်တန်တို့ဟာလည်း အသင်းကြီးတွေနဲ့ တွေ့ရင် မာမာထန်ထန်ကစားတတ်တာ ကြောင့် နည်းပြဆိုးလ်ရှားအတွက် လွယ်ကူမယ့်ပွဲစဉ်တွေတော့မဖြစ်လာနိုင်ပါဘူး။ ဒါ့အပြင် ပီအက်ဂျီအသင်းလို ပြည်တွင်းအမှတ်ပေးချန်ပီယံဆုဖလားရရှိဖို့ စိတ်ချရတဲ့အနေအထားမှာရှိပြီး ဥရောပချန်ပီယံလိဂ်ဆုဖလားကို တောင့်တမက်မောနေတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ ယူနိုက်တက်တို့အတွက် သေချာပေါက်ခက်ခဲဦးမှာပါ။ ပီအက်ဂျီအသင်းမှာက ဒီမာရီယာ၊ ကာဗာနီ၊ အမ်ဘာပေ၊ ဘူဖွန်၊ အဲဗက်၊ ဆေးဗားစတဲ့ ကမ္ဘာ့အဆင့်ကစားသ မားများစွာရှိကာ ဒဏ်ရာပြသနာရှိနေတဲ့ နေမာ ဒုတိယအကျော့အမီပြန်ကောင်းလာမလားဆိုတာလည်း မသိရှိရ သေးပါဘူး။ နေမာသာ ဒုတိယအကျော့အမီဒဏ်ရာက ပြန်သက်သာလာမယ်ဆိုရင် ယူနိုက်တက်တို့အတွက် ပိုမိုခက်ခဲသွားနိုင်ပါတယ်။ နောက်ထပ် ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ကလည်း ယူနိုက်တက်အ သင်းအတွက် ခါးသီးပြိုင်ဘက်တွေဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ရ မှာဖြစ်တဲ့အပြင် လီဗာပူး၊ မန်စီးတီးတို့ကလည်း သူတို့ရဲ့ချန်ပီယံအိပ်မက်အတွက် ရမှတ် (၃) မှတ်မဆုံးရှုံးရလေ အောင် ယူနိုက်တက်အသင်းကို ကြီးကြီးမားမားဖိအားပေးမှာပါ။ ချဲလ်ဆီးအသင်းကလည်း အင်္ဂလန်မှာအစဉ်အ လာကြီးမားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်အေဖလားပြိုင်ပွဲကို လွယ်လွယ်နဲ့အလျော့ပေးမှာ မဟုတ်ပါဘူး။

နည်းပြဆိုးလ်ရှားအနေနဲ့ ပွဲဦးထွက် (၁၁) ပွဲစလုံးကို အကောင်းဆုံးရလဒ်ဖော်ဆောင်နိုင်သလို နောက် ထပ်လာမယ့် ပွဲကျပ် (၈) ပွဲမှာရော ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းမှာ အရည်အချင်းရှိပြီး ကစားအားကောင်းတဲ့ မာရှယ်၊ ရက်ဖို့ဒ်၊ လင်ဂတ်တို့လို လူငယ်ကစားသမားတွေရှိသလို ပေါ့ဂ်ဘာ၊ ဒီဂီယာ၊ မာတစ်၊ ဆန်းချက်ဇ်၊ လူကာကူ၊ မာတာ၊ ယန်း၊ ဗလန်စီယာတို့လို ဝါရင့်ကစားသမားတွေရှိနေကာ ဆိုးလ်ရှားဟာလည်း အရည်အချင်းရှိတဲ့ နည်းပြကောင်းတစ်ဦးဆိုတာ ပွဲဦးထွက် (၁၁) ပွဲနဲ့ အကောင်းဆုံး သက်သေပြထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းပြဆိုးလ်ရှားနဲ့ ယူနိုက်တက်အသင်းအနေနဲ့ ပွဲကျပ်ကာလကို အကောင်းဆုံးရလဒ်တွေနဲ့ ဖြတ်ကျော်နိုင်မယ် လို့ ယူဆရပြီး အဲ့ဒီပွဲကျပ်ကာလကိုသာ ဆိုးလ်ရှားအကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင် ရာသီကုန်မှာ အမြဲတမ်း နည်းပြရာထူးအတွက်ပါ များစွာအလေးသာသွားမှာ ဖြစ်ပါတယ်။ ဆိုးလ်ရှားတစ်ယောက် ခက်ခဲတဲ့ပုစ္ဆာတွေကို လွယ်လွယ်ကူကူနဲ့ အကောင်းဆုံး အဖြေရှာနိုင်မလားဆိုတာ သရဲနီပရိသတ်တွေ ရင်ခုန်စွာ နဲ့ စောင့်ကြည့်ကြရ မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here