
0
45



ဟာဇက်နေရာမှာ ရစ်ချာလီဆန်နဲ့အစားထိုးဖို့ ချဲလ်ဆီးပြင်ဆင်

ချဲလ်ဆီးအသင်းဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ ရာခိုင်နှုန်းများနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက်နေရာမှာ အဲဗာတန်အသင်းရဲ့ကွင်းလယ်ကစားသမား ရစ်ချာလီဆန်နဲ့ အစားထိုး ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွေ့တုန်းကလည်း ဒေါ့ မွန်ကစားသမား ပူလီဆစ်ကို ခေါ်ယူထားခဲ့ပေမယ့် နောက်ထပ်ကစားသမားတစ်ဦးထပ်မံအလိုရှိနေတာ ဖြစ်ပါတယ်။ ဘရာဇီးကစားသမား ရစ်ချာလီဆန်ဟာ အဲဗာတန်အသင်းနဲ့အတူ အလျင်မြန်ဆုံးအထိုင်ကျ ပြီး သွင်းဂိုးတွေရရှိအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် ဥရောပထိပ်သီးအသင်းများက သူ့ကိုအလိုရှိနေကြပါတယ်။

ရစ်ချာလီဆန်ဟာ ဝက်ဖို့ဒ်အသင်းကနေ အဲဗာတန်အသင်းထံ ပေါင်သန်း (၄၀) ဖြင့်ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ချဲလ်ဆီးအသင်းဟာ အဆိုပါကစာကစားသမားအတွက် ပေါင်သန်း (၈၀) ကျော်အသုံးပြုရဖွယ်ရှိပါတယ်။ ရစ်ချာလီဆန်ကို ချဲလ်ဆီးအသင်းအပြင် ပီအက်ဂျီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here