ဆာရီရဲ႕ေတာင္းဆုိမႈကို လုပ္ေပးႏုိင္ဖုိ႔ မေသခ်ာဘူးလို႔ ဟာဇက္ ေျပာ

0
2218

ခ်ယ္ဆီးအသင္းနည္းျပ မူရီဇီယိုဆာရီဟာ အသင္းရဲ႕ၾကယ္ပြင့္ေတာင္ပံကစားသမား အီဒင္္ဟာဇက္ကို ဂိုး ပိုမုိသြင္းယူေစခ်င္ေနေပမယ့္ ဟာဇက္ကေတာ့ ၎ကစားေနတဲ့ ေနရာနဲ႔ပတ္သက္ၿပီး မတူညီတဲ့ အေတြးအျမင္ေတြ ရွိေနပါတယ္။

ဟာဇက္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ၁၂ ဂိုး သြင္းယူထားတဲ့ကစားသမားျဖစ္ၿပီး ခ်ယ္ဆီးအသင္းအတြက္ ဂုိးအမ်ားဆံုးသြင္းယူေပးထားတဲ့ ၂၀၁၆-၂၀၁၇ ရာသီက သြင္းဂိုးကို လုိက္မီဖို႔ ၄ ဂိုးသာ လုိအပ္ေတာ့တာျဖစ္ပါတယ္။

တိုက္စစ္မွာ အေကာင္းဆံုးပံုစံ ျပသေနေပမယ့္လည္း နည္းျပ ဆာရီက ယခုထက္ပိုၿပီး လုပ္ျပဖို႔ ေတာင္းဆိုေနေၾကာင္း ဟာဇက္က ေျပာၾကားခဲ့ပါတယ္။ ဟာဇက္က ၂၄ ပြဲကစားၿပီးခ်ိန္မွာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ထားႏုိင္ခဲ့သူျဖစ္ၿပီး The Times နဲ႔ ေတြ႕ဆံုရာမွာ ယခုလို ေျပာၾကားခဲ့ပါတယ္။

“ကမၻာေပၚမွာ အေကာင္းဆံုးကစားသမားျဖစ္ဖို႔ဆုိတာ ကၽြန္ေတာ့္ရဲ႕ အားနည္းမႈျဖစ္လာႏုိင္တဲ့နည္းပဲ။ ေမာ္ရင္ဟို၊ ကြန္တီ၊ အခု ဆာရီတို႔လို နည္းျပေတြက ကၽြန္ေတာ့္ကို တစ္ရာသီကုိ သြင္းဂိုး ၄၀၊ ၅၀ သြင္းေစခ်င္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အဲဒါကို လုပ္ႏုိင္မွာလား။ ကၽြန္ေတာ္ မေသခ်ာဘူး”

“သူတုိ႔ကေတာ့ ကၽြန္ေတာ္ လုပ္ေကာင္းလုပ္ႏုိင္မယ္လို႔ ထင္ၾကမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ့္အေၾကာင္း ကၽြန္ေတာ္သိတယ္။ ကၽြန္ေတာ္ လုပ္ႏုိင္မယ္လို႔ မထင္ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ႀကိဳးစားသြားမွာပါ”

“ကၽြန္ေတာ္ ၾကယ္ပြင့္ျဖစ္ခ်င္ပါတယ္။ ဒါေပမယ့္ တျခားလူဂိုးသြင္းယူႏုိင္ဖုိ႔အတြက္ ေဘာလံုးေပးပုိ႔လုိက္ႏုိင္တာကိုလည္း ႏွစ္သက္ပါတယ္။ ကၽြန္ေတာ့္တစ္ေယာက္တည္းအတြက္မဟုတ္ပါဘူး။ အားလံုးအတြက္ပါ။ ကၽြန္ေတာ့္ရဲ႕ပစ္မွတ္က အသင္းကို ဆုဖလားတစ္စံုတရာ ရရွိေအာင္ ကူညီဖုိ႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

(Unicode)

ချယ်ဆီးအသင်းနည်းပြ မူရီဇီယိုဆာရီဟာ အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင််ဟာဇက်ကို ဂိုး ပိုမိုသွင်းယူစေချင်နေပေမယ့် ဟာဇက်ကတော့ ၎င်းကစားနေတဲ့ နေရာနဲ့ပတ်သက်ပြီး မတူညီတဲ့ အတွေးအမြင်တွေ ရှိနေပါတယ်။

ဟာဇက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁၂ ဂိုး သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး ချယ်ဆီးအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ ၂၀၁၆-၂၀၁၇ ရာသီက သွင်းဂိုးကို လိုက်မီဖို့ ၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။
တိုက်စစ်မှာ အကောင်းဆုံးပုံစံ ပြသနေပေမယ့်လည်း နည်းပြ ဆာရီက ယခုထက်ပိုပြီး လုပ်ပြဖို့ တောင်းဆိုနေကြောင်း ဟာဇက်က ပြောကြားခဲ့ပါတယ်။ ဟာဇက်က ၂၄ ပွဲကစားပြီးချိန်မှာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပြီး The Times နဲ့ တွေ့ဆုံရာမှာ ယခုလို ပြောကြားခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်ဖို့ဆိုတာ ကျွန်တော့်ရဲ့ အားနည်းမှုဖြစ်လာနိုင်တဲ့နည်းပဲ။ မော်ရင်ဟို၊ ကွန်တီ၊ အခု ဆာရီတို့လို နည်းပြတွေက ကျွန်တော့်ကို တစ်ရာသီကို သွင်းဂိုး ၄၀၊ ၅၀ သွင်းစေချင်တယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို လုပ်နိုင်မှာလား။ ကျွန်တော် မသေချာဘူး”
“သူတို့ကတော့ ကျွန်တော် လုပ်ကောင်းလုပ်နိုင်မယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် ကျွန်တော့်အကြောင်း ကျွန်တော်သိတယ်။ ကျွန်တော် လုပ်နိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ကျွန်တော် ကြိုးစားသွားမှာပါ”
“ကျွန်တော် ကြယ်ပွင့်ဖြစ်ချင်ပါတယ်။ ဒါပေမယ့် တခြားလူဂိုးသွင်းယူနိုင်ဖို့အတွက် ဘောလုံးပေးပို့လိုက်နိုင်တာကိုလည်း နှစ်သက်ပါတယ်။ ကျွန်တော့်တစ်ယောက်တည်းအတွက်မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ ကျွန်တော့်ရဲ့ပစ်မှတ်က အသင်းကို ဆုဖလားတစ်စုံတရာ ရရှိအောင် ကူညီဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here