
0
29



 


မန်ချက်စတာယူနိုက်တက်နည်းပြသစ်အမည်ကို ထုတ်ဖော်ပြောခဲ့တဲ့ဝိန်းရွန်နီ

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်သူ ဝိန်းရွန်နီကတော့ အသင်းဟောင်းအပေါ် သံယောဇဉ်မပြတ်သေးဘဲ နည်းပြသစ်အတည်တကျမရှိသေးတဲ့ ယူနိုက်တက်အပေါ် စိတ်ပူနေဆဲပါ။ လက်ရှိ ဒီစီယူနိုက်တက်မှာ ကစားနေတဲ့ ရွန်နီက ယာယီနည်းပြအဖြစ်တာဝန်ယူနေတဲ့ ဆိုးရှားလ်ကို ထောက်ခံအားပေးကြောင်းပြောကြားဖူးသူလည်းဖြစ်တယ်။

အခုအခါမှာတော့ ဝိန်းရွန်နီက ‘ အိုလေ(ဆိုးရှားလ်) အံသြစရာကောင်းလောက်အောင် ထူးချွန်တဲ့ သူပါ။ အသင်းအနေနဲ့ ရာသီကုန်မှာ ဆိုးရှားလ်ကို အမြဲတမ်းနည်းပြအဖြစ်ခန့်မလားဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။ တကယ်လို့ ဆိုးရှားလ်ကိုသာမရွေးဘူးဆိုရင်တော့ ကျွန်တော့်အမြင်အရ ပိုချက်တီနိုက အသင့်တော်ဆုံးပါပဲ’ လို့ထင်မြင်ချက်ပေးသွားပါတယ်။

လက်ရှိအချိန်မှာတော့ ယာယီနည်းပြဆိုးရှားလ်ဟာ ရာသီကုန်မှာ အမြဲတမ်းနည်းပြအဖြစ်တာဝန်ယူရလိမ့်မယ်လို့သတင်းတွေထွက်နေပြီး လောင်းကစားဘွတ်ကီဒိုင်တွေကလည်း ယူနိုက်တက်နည်းပြရာထူးအတွက် ဆိုးရှားလ်၊ပိုချက်တီနို၊ဇီဒန်းတို့ကိုအစဉ်လိုက်ကြေးဖွင့်ထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here