0
156
ဖေဖော်ဝါရီလထဲမှာ ကစားရမယ့်ပွဲတွေများလွန်းလို့ ညဉ်းတွားနေတဲ့ ဂွာဒီယိုလာ
မန်စီးတီးအသင်းဟာ ယနေ့ညမှာ အဲဗာတန်အသင်းနဲ့ ပရီးမီး ယားလိဂ်ကြိုကန်ပွဲကို ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်မှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် မန်စီးတီးအသင်းဟာ ပရီး မီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ ဂိုးကွာခြားချက်အသာဖြင့် ပြန်လည်တက်လှမ်းလာမှာ ဖြစ်ပါ တယ်။ ” ကျွန်တော် အင်္ဂလန်ကိုရောက်ကတည်းက ဘောက်ဆင်ဒေးအပါအဝင် ဒီဇင်ဘာပွဲကျပ်ကာလကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ အခုဖေဖော်ဝါရီလထဲမှာလည်း ပွဲကျပ်ကာလတစ်ခု ထပ်မံဖြတ်ကျော်ရဦးမှာပါ။ အခုလကတော့ ကျွန်တေ်ာတို့အတွက် အရမ်းကိုဆိုးလွန်းပါတယ်။ ပွဲစဉ်တိုင်းက ဗိုလ်လုပွဲလိုကစားဖို့ စောင့်ကြိုနေပါတယ် ” ဟုဂွာဒီယိုလာကဆိုပါတယ်။ ဒါပေမယ့်လည်း ကျွန်တေ်ာ့ ကစားသမားတွေကို ယုံကြည်ပါတယ်။ အကောင်းဆုံးရလဒ်တွေနဲ့ ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ ” ဟုဂွာဒီယိုလာကပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်တစ်ပတ်မှာ ချဲလ်ဆီးအသင်းနဲ့ အင်္ဂလန်လိဂ်ဖလားပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အခုလိုမျိုး အဲဗာတန်အသင်းနဲ့ ကြိုတင်ကစားရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီလအတွင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်၊ အက်အေဖလားပွဲစဉ်တွေကို တောက်လျှောက် ကစားရဖို့ ရှိနေပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here