သူ႔ကို Boss လို႔ မေခၚၾကဖို႔ အသင္း၀န္ထမ္းေတြကို တားျမစ္ခဲ့တဲ့ ဆိုးလ္ရွား

0
262

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပ အိုလီဂန္နာဆိုးလ္ရွားက သူ႔ကို ေဘာ့စ္လို႔ ေခၚေ၀ၚေနခဲ့တဲ့ အသင္း၀န္ထမ္းေတြကို မေခၚဆိုဖို႔ တားျမစ္ခဲ့ျပီး သူ႔ရဲ႕နာမည္ျဖစ္တဲ့ အိုလီကိုသာ ေခၚဆိုဖို႔ ေတာင္းဆိုသြားခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမားဘ၀မွာ ေတြ႕ဆံုခဲ့ဖူးတဲ့ အသင္း၀န္ထမ္းေတြက ဆိုးလ္ရွားကို ေဘာ့စ္လို႔ ေခၚေ၀ၚေနခဲ့တာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအားေပးသူ အဖြဲ႕တစ္ခုနဲ႔ ေတြ႕ဆံုခဲ့စဥ္မွာ ဆိုးလ္ရွားက ေျပာၾကားခဲ့တာ ျဖစ္ျပီး သူ႔အေပၚ အရင္အတိုင္းပဲ ဆက္ဆံဖို႔ ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။ ကာရင္တန္ေလ့က်င့္ေရးကြင္းက ၀န္ထမ္းအမ်ားစုဟာ ဆိုးလ္ရွားရဲ႕ ကစားသမားဘ၀မွာ ေတြ႕ဆံုခဲ့ဖူးတဲ့သူေတြလည္း ျဖစ္တယ္လို႔ သိရပါတယ္။

“ကၽြန္ေတာ္တို႔အားလံုးက မိသားစုတစ္ခုပါပဲ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဂရုစိုက္ရမွာျဖစ္သလို အားေပးကူညီၾကရမွာပါ၊ ကၽြန္ေတာ္ ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာေတာ့ ကာရင္တန္ေလ့က်င့္ေရးကြင္းရဲ႕ ဧည့္ၾကိဳျဖစ္တဲ့ ကိတ္ ကို အရင္ဦးဆံုး ေတြ႕ခဲ့ရပါတယ္၊ ျပီးေတာ့ ကၽြန္ေတာ္ ကစားသမားဘ၀ကတည္းက သိကၽြမ္းခဲ့တဲ့ ၀န္ထမ္းေတြနဲ႔ ေတြ႕ခဲ့ရပါတယ္”

“သူတို႔က ကၽြန္ေတာ့္ကို ေဘာ့စ္ လို႔ စေခၚေနၾကပါျပီ၊ ဒီအတြက္ သူတို႔ကို အဲလိုမေခၚဖို႔ ေျပာခဲ့ရျပီး ကၽြန္ေတာ့္ရဲ႕ နာမည္ျဖစ္တဲ့ အိုလီ လို႔ပဲေခၚပါလို႔ ေတာင္းဆိုခဲ့တာပါ၊ ကၽြန္ေတာ္တို႔က ႏွစ္ေပါင္းမ်ားစြာ အတူတူ အလုပ္လုပ္ခဲ့ၾကသူေတြပါ၊ ဒီေတာ့ ေဘာ့စ္လို႔ ေခၚတာမ်ိဳးကို ကၽြန္ေတာ္ မလိုခ်င္ပါဘူး” လို႔ ဆိုးလ္ရွားက ေျပာခဲ့ေၾကာင္း သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴးေဟာင္း ဆိုးလ္ရွားဟာ အသက္ (၄၅)ႏွစ္အရြယ္ ရွိေနျပီ ျဖစ္ျပီး ျပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းက ေမာ္ရင္ဟို ထုတ္ပယ္ခံရျပီးေနာက္ ယူႏိုက္တက္ရဲ႕ ယာယီနည္းျပအျဖစ္ တာ၀န္ယူေနသူ ျဖစ္ပါတယ္။ အသင္းကို (၁၀)ပြဲ ကိုင္တြယ္ခဲ့ျပီးခ်ိန္မွာ ဆိုးလ္ရွားက (၉)ပြဲႏိုင္၊ (၁)ပြဲသေရ ရလဒ္ထြက္ေပၚေအာင္ စြမ္းေဆာင္ေပးထားႏိုင္ခဲ့ပါတယ္။

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အိုလီဂန်နာဆိုးလ်ရှားက သူ့ကို ဘော့စ်လို့ ခေါ်ဝေါ်နေခဲ့တဲ့ အသင်းဝန်ထမ်းတွေကို မခေါ်ဆိုဖို့ တားမြစ်ခဲ့ပြီး သူ့ရဲ့နာမည်ဖြစ်တဲ့ အိုလီကိုသာ ခေါ်ဆိုဖို့ တောင်းဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘဝမှာ တွေ့ဆုံခဲ့ဖူးတဲ့ အသင်းဝန်ထမ်းတွေက ဆိုးလ်ရှားကို ဘော့စ်လို့ ခေါ်ဝေါ်နေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအားပေးသူ အဖွဲ့တစ်ခုနဲ့ တွေ့ဆုံခဲ့စဉ်မှာ ဆိုးလ်ရှားက ပြောကြားခဲ့တာ ဖြစ်ပြီး သူ့အပေါ် အရင်အတိုင်းပဲ ဆက်ဆံဖို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကွင်းက ဝန်ထမ်းအများစုဟာ ဆိုးလ်ရှားရဲ့ ကစားသမားဘဝမှာ တွေ့ဆုံခဲ့ဖူးတဲ့သူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အားလုံးက မိသားစုတစ်ခုပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ရမှာဖြစ်သလို အားပေးကူညီကြရမှာပါ၊ ကျွန်တော် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတော့ ကာရင်တန်လေ့ကျင့်ရေးကွင်းရဲ့ ဧည့်ကြိုဖြစ်တဲ့ ကိတ် ကို အရင်ဦးဆုံး တွေ့ခဲ့ရပါတယ်၊ ပြီးတော့ ကျွန်တော် ကစားသမားဘဝကတည်းက သိကျွမ်းခဲ့တဲ့ ဝန်ထမ်းတွေနဲ့ တွေ့ခဲ့ရပါတယ်”

“သူတို့က ကျွန်တော့်ကို ဘော့စ် လို့ စခေါ်နေကြပါပြီ၊ ဒီအတွက် သူတို့ကို အဲလိုမခေါ်ဖို့ ပြောခဲ့ရပြီး ကျွန်တော့်ရဲ့ နာမည်ဖြစ်တဲ့ အိုလီ လို့ပဲခေါ်ပါလို့ တောင်းဆိုခဲ့တာပါ၊ ကျွန်တော်တို့က နှစ်ပေါင်းများစွာ အတူတူ အလုပ်လုပ်ခဲ့ကြသူတွေပါ၊ ဒီတော့ ဘော့စ်လို့ ခေါ်တာမျိုးကို ကျွန်တော် မလိုချင်ပါဘူး” လို့ ဆိုးလ်ရှားက ပြောခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှားဟာ အသက် (၄၅)နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။ အသင်းကို (၁၀)ပွဲ ကိုင်တွယ်ခဲ့ပြီးချိန်မှာ ဆိုးလ်ရှားက (၉)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here