စီးရီးေအေရာက္မွ အ႐ွက္ကြဲခဲ့တဲ့ စီေရာ္နာဒို

0
4666
Juventus forward Cristiano Ronaldo (7) preparing shooting a free kick during the Serie A football match n.6 JUVENTUS - BOLOGNA on 26/09/2018 at the Allianz Stadium in Turin, Italy. (Photo by Matteo Bottanelli/NurPhoto via Getty Images)

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မႈး စီေရာ္နာဒိုကေတာ့ စီးရီးေအေရာက္မွပဲ အ႐ွက္တကြဲျဖစ္ေစမယ့္ မွတ္တမ္းမွတ္ရာတစ္ခုကိုပိုင္ဆိုင္သြားပါၿပီ။ ပရီးမီးယားလိဂ္၊လာလီဂါတို႔မွာ ထိပ္တန္းေျခစြမ္းနဲ႔က်င္လည္ခဲ့တဲ့ စီေရာ္နာဒိုဟာ စီးရီးေအမွာေတာ့ သူမလိုခ်င္တဲ့ စံခ်ိန္တစ္ခုကို ပိုင္ဆိုင္လိုက္ရတာလည္းျဖစ္ပါတယ္။

ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ငါးႀကိမ္ထိပိုင္ဆိုင္ထားတဲ့စီေရာ္နာဒိုဟာ ဖရီးကစ္ေတြကန္သြင္းရာမွာလည္းထူးခြၽန္သူျဖစ္ပါတယ္။ သူဟာ ဖရီးကစ္ကေန သြင္းဂိုး (၅၆)ဂိုးအထိပိုင္ဆိုင္ထားသလို ကစားသမားဘဝတစ္ေလ်ွာက္သြင္းဂိုးေတြရဲ႕ (၁၀)ရာခိုင္ႏႈန္းဟာ ဖရီးကစ္ကေနရရိွခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဂ်ဴဗင္တပ္စ္အသင္းမွာေတာ့ ဒီရာသီ ဖရီးကစ္ (၁၃)ႀကိမ္ကန္သြင္းကာမွာ တစ္ႀကိမ္ဂိုးမရခဲ့သလို တစ္ႀကိမ္မွလည္း ဂိုးေပါက္ကို ထိေရာက္စြာမၿခိမ္းေျခာက္ႏိုင္ခဲ့ပါဘူး။ ဒါဟာ စီးရီးေအမွာ အဆိုးရြားဆံုးမွတ္တမ္းျဖစ္ၿပီး နည္းျပျဖစ္သူ အယ္လီဂရီအေနနဲ႔လည္း အသင္းရဲ႕ပင္တိုင္ဖရီးကစ္ကန္သြင္းမႈေတြနဲ႔ပတ္သတ္ၿပီး အေျပာင္းအလဲလုပ္ဖို႔ စဥ္းစားရေတာ့မွာလည္းျဖစ္ပါတယ္။

စီေရာ္နာဒိုဟာ ဖရီးကစ္ကန္သြင္းတဲ့ပံုစံမွာ ‘knuckle ball’နည္းနဲ႔ကန္သြင္းေလ့ရိွၿပီး ဒီကန္သြင္းမႈပံုစံမွာ ဖရီးကစ္နတ္ဘုရားလို႔တင္စားၾကတဲ့ ဂ်ဴနင္ဟိုက အေကာင္းဆံုးကန္သြင္းႏိုင္သူလည္းျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းမွာေတာ့ စီေရာ္နာဒိုအျပင္ ဒီဘာလား၊ပီယာနစ္တို႔လို ဖရီးကစ္ကန္သြင္းမႈေကာင္းတဲ့ကစားသမားေတြရိွေနၿပီး သူတို႔ႏွစ္ေယာက္ဟာ ဖရီးကေန (၂၀)ရာခိုင္ႏႈန္း ဂ္ုးအျဖစ္ေျပာင္းလဲထားႏိုင္သူေတြပါ။

စီးရီးအေရောက်မှ အရှက်ကွဲခဲ့တဲ့ စီရော်နာဒို

ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှုး စီရော်နာဒိုကတော့ စီးရီးအေရောက်မှပဲ အရှက်တကွဲဖြစ်စေမယ့် မှတ်တမ်းမှတ်ရာတစ်ခုကိုပိုင်ဆိုင်သွားပါပြီ။ ပရီးမီးယားလိဂ်၊လာလီဂါတို့မှာ ထိပ်တန်းခြေစွမ်းနဲ့ကျင်လည်ခဲ့တဲ့ စီရော်နာဒိုဟာ စီးရီးအေမှာတော့ သူမလိုချင်တဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်လိုက်ရတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ငါးကြိမ်ထိပိုင်ဆိုင်ထားတဲ့စီရော်နာဒိုဟာ ဖရီးကစ်တွေကန်သွင်းရာမှာလည်းထူးချွန်သူဖြစ်ပါတယ်။ သူဟာ ဖရီးကစ်ကနေ သွင်းဂိုး (၅၆)ဂိုးအထိပိုင်ဆိုင်ထားသလို ကစားသမားဘဝတစ်လျှောက်သွင်းဂိုးတွေရဲ့ (၁၀)ရာခိုင်နှုန်းဟာ ဖရီးကစ်ကနေရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂျူဗင်တပ်စ်အသင်းမှာတော့ ဒီရာသီ ဖရီးကစ် (၁၃)ကြိမ်ကန်သွင်းကာမှာ တစ်ကြိမ်ဂိုးမရခဲ့သလို တစ်ကြိမ်မှလည်း ဂိုးပေါက်ကို ထိရောက်စွာမခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒါဟာ စီးရီးအေမှာ အဆိုးရွားဆုံးမှတ်တမ်းဖြစ်ပြီး နည်းပြဖြစ်သူ အယ်လီဂရီအနေနဲ့လည်း အသင်းရဲ့ပင်တိုင်ဖရီးကစ်ကန်သွင်းမှုတွေနဲ့ပတ်သတ်ပြီး အပြောင်းအလဲလုပ်ဖို့ စဉ်းစားရတော့မှာလည်းဖြစ်ပါတယ်။

စီရော်နာဒိုဟာ ဖရီးကစ်ကန်သွင်းတဲ့ပုံစံမှာ ‘knuckle ball’နည်းနဲ့ကန်သွင်းလေ့ရှိပြီး ဒီကန်သွင်းမှုပုံစံမှာ ဖရီးကစ်နတ်ဘုရားလို့တင်စားကြတဲ့ ဂျူနင်ဟိုက အကောင်းဆုံးကန်သွင်းနိုင်သူလည်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာတော့ စီရော်နာဒိုအပြင် ဒီဘာလား၊ပီယာနစ်တို့လို ဖရီးကစ်ကန်သွင်းမှုကောင်းတဲ့ကစားသမားတွေရှိနေပြီး သူတို့နှစ်ယောက်ဟာ ဖရီးကနေ (၂၀)ရာခိုင်နှုန်း ဂ်ုးအဖြစ်ပြောင်းလဲထားနိုင်သူတွေပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here