မေန႔ညက လက္စတာအသင္းအား (၀-၁)ဂိုးျဖင့္အေဝးကြင္း၌ အႏိုင္ရ႐ွိခဲ့ၿပီးေနာက္ မန္ယူအသင္းမွာ အေဝးကြင္း(၅)ပြဲဆက္အႏိုင္ရ႐ွိခဲ့ၿပီး ေျခာက္ႏွစ္ေက်ာ္ကာလအတြင္း အေဝးကြင္းအေကာင္းဆံုးရလဒ္ကို ရယူႏိုင္ခဲ့ပါတယ္။ မန္ယူအသင္းမွာ နည္းျပဆိုးလ္႐ွားလက္ထပ္မွာ ကာဒစ္ဖ္၊နယူးကာဆယ္၊စပါး၊အာဆင္နယ္၊လက္စတာအသင္းတို႔အား အေဝးကြင္းမွာ ရာႏႈန္းျပည့္အႏိုင္ရ႐ွိခဲ့တာျဖစ္ၿပီး နည္းျပဖာဂူဆန္ကိုင္တြယ္သည့္ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္းအေကာင္းဆံုးအေဝးကြင္းစြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ခဲ့တာပဲျဖစ္ပါတယ္။
လက္စတာအသင္းနဲ႔ပြဲမွာ တိုက္စစ္မွဴး ရက္ဖို႔ဒ္ရဲ႕သြင္းဂိုးတစ္ဂိုးတည္းနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး အဲ့ပြဲရလဒ္က ပရီးမီးယားလိဂ္မွာ အေဝးကြင္းေလးပြဲဆက္နဲ႔ အက္ဖ္ေအမွာ အာဆင္နယ္ကို အေဝးကြင္းမွာ အႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ အေဝးကြင္း(၅)ပြဲဆက္အႏိုင္ရ႐ွိခဲ့တာပါ။ မန္ယူအသင္းနည္းျပဆိုးလ္႐ွားမွာ အသင္းသမိုင္းတစ္ေလ်ွာက္ ဘယ္နည္းျပမွ မလုပ္ႏိုင္ခဲ့တဲ့ ပြဲဦးထြက္ ၈ ပြဲဆက္စံခ်ိန္ကို ရယူေပးထားႏိုင္ခဲ့ၿပီး ၾကားရက္ပြဲမွာ ဘန္ေလကို ႏွစ္ဂိုးျပတ္႐ွံုးေနရာမွ သေရလိုက္ကစားႏိုင္ခဲ့သလို အခုပြဲမွာလည္း လက္စတာကို အႏိုင္ရခဲ့တာေၾကာင့္ ၁၀ ပြဲဆက္႐ွံုးပြဲမ႐ွိစံခ်ိန္ေကာင္းကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။
မန္ယူအသင္းမွာ ဆိုးလ္႐ွားစတင္ကိုင္တြယ္စဥ္က အမွတ္ေပးဇယား၌ အဆင့္ ၆ ေနရာမွာသာ႐ွိေနၿပီး အဆင့္ ၅ ေနရာက အာဆင္နယ္အသင္းနဲ႔ ၈ မွတ္အထိကြာဟေနခဲ့ေပမယ့္ လက္႐ွိမွာေတာ့ မန္ယူအသင္းဟာ အဆင့္ ၅ ေနရာသို႔ တက္လွမ္းႏိုင္ခဲ့ၿပီး အာဆင္နယ္ကို ၂ မွတ္အသာနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့သည့္အျပင္ အဆင့္ ၄ ေနရာက ခ်ယ္လ္ဆီးနဲ႔ ၂ မွတ္သာ ကြာဟေတာ့သည့္ အေနအထားအထိ တက္လွမ္းလာႏိုင္ခဲ့ပါတယ္။မန္ယူအသင္းမွာ ယခုလအတြင္း ပြဲၾကပ္ေတြဆက္တိုက္ရင္ဆိုင္ကစားရဖို႔႐ွိေနၿပီး ပရီးမီးယားလိဂ္မွာ ဖူဟမ္၊လီဗာပူးလ္၊ခရစၥတယ္ပဲေလ့စ္၊ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ျပင္သစ္အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီ၊အက္ဖ္ေအဖလားပြဲမွာ ခ်ယ္လ္ဆီးအသင္းတို႔နဲ႔ ရင္ဆိုင္သြားရဖို႔႐ွိေနပါတယ္။
၆ နှစ်ကျော်ကာလအတွင်း အဝေးကွင်းနိုင်ပွဲ ၅ ပွဲဆက်စံချိန်တင်နိုင်ခဲ့သည့် ဆိုးလ်ရှား
မနေ့ညက လက်စတာအသင်းအား (ဝ-၁)ဂိုးဖြင့်အဝေးကွင်း၌ အနိုင်ရရှိခဲ့ပြီးနောက် မန်ယူအသင်းမှာ အဝေးကွင်း(၅)ပွဲဆက်အနိုင်ရရှိခဲ့ပြီး ခြောက်နှစ်ကျော်ကာလအတွင်း အဝေးကွင်းအကောင်းဆုံးရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ နည်းပြဆိုးလ်ရှားလက်ထပ်မှာ ကာဒစ်ဖ်၊နယူးကာဆယ်၊စပါး၊အာဆင်နယ်၊လက်စတာအသင်းတို့အား အဝေးကွင်းမှာ ရာနှုန်းပြည့်အနိုင်ရရှိခဲ့တာဖြစ်ပြီး နည်းပြဖာဂူဆန်ကိုင်တွယ်သည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းအကောင်းဆုံးအဝေးကွင်းစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။
လက်စတာအသင်းနဲ့ပွဲမှာ တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့အနိုင်ရခဲ့တာဖြစ်ပြီး အဲ့ပွဲရလဒ်က ပရီးမီးယားလိဂ်မှာ အဝေးကွင်းလေးပွဲဆက်နဲ့ အက်ဖ်အေမှာ အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့တာကြောင့် အဝေးကွင်း(၅)ပွဲဆက်အနိုင်ရရှိခဲ့တာပါ။ မန်ယူအသင်းနည်းပြဆိုးလ်ရှားမှာ အသင်းသမိုင်းတစ်လျှောက် ဘယ်နည်းပြမှ မလုပ်နိုင်ခဲ့တဲ့ ပွဲဦးထွက် ၈ ပွဲဆက်စံချိန်ကို ရယူပေးထားနိုင်ခဲ့ပြီး ကြားရက်ပွဲမှာ ဘန်လေကို နှစ်ဂိုးပြတ်ရှုံးနေရာမှ သရေလိုက်ကစားနိုင်ခဲ့သလို အခုပွဲမှာလည်း လက်စတာကို အနိုင်ရခဲ့တာကြောင့် ၁၀ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
မန်ယူအသင်းမှာ ဆိုးလ်ရှားစတင်ကိုင်တွယ်စဉ်က အမှတ်ပေးဇယား၌ အဆင့် ၆ နေရာမှာသာရှိနေပြီး အဆင့် ၅ နေရာက အာဆင်နယ်အသင်းနဲ့ ၈ မှတ်အထိကွာဟနေခဲ့ပေမယ့် လက်ရှိမှာတော့ မန်ယူအသင်းဟာ အဆင့် ၅ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ်ကို ၂ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့သည့်အပြင် အဆင့် ၄ နေရာက ချယ်လ်ဆီးနဲ့ ၂ မှတ်သာ ကွာဟတော့သည့် အနေအထားအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။မန်ယူအသင်းမှာ ယခုလအတွင်း ပွဲကြပ်တွေဆက်တိုက်ရင်ဆိုင်ကစားရဖို့ရှိနေပြီး ပရီးမီးယားလိဂ်မှာ ဖူဟမ်၊လီဗာပူးလ်၊ခရစ္စတယ်ပဲလေ့စ်၊ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီ၊အက်ဖ်အေဖလားပွဲမှာ ချယ်လ်ဆီးအသင်းတို့နဲ့ ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။