ဟီဂူအင္နဲ႔ဟာဇက္ေၾကာင့္ ဆာရီစိတ္လႈပ္႐ွားေန

0
120

ၿပီးခဲ့တဲ့ညက ဟတ္ဒါဖီးလ္းအသင္းကို (၅-၀)ဆိုတဲ့ဂိုးျပတ္ရလဒ္နဲ႔အႏိုင္ရရိွၿပီးေနာက္ အသင္းတိုက္စစ္အတြဲျဖစ္တဲ့ ဟီဂူအင္-ဟာဇက္အတြဲကစားပံုဟာ စိတ္လႈပ္႐ွားစရာေကာင္းတယ္လို႔ နည္းျပဆာရီကေျပာၾကားလိုက္ပါတယ္။ ဒီပြဲစဥ္မွာ ဟီဂူအင္က အဖြင့္ဂိုးအပါအဝင္ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့သလို အီဒင္ဟာဇက္ကလည္း ေျခစြမ္းျပၿပီးႏွစ္ဂိုးသြင္းယူခဲ့တာပါ။

ဒါေၾကာင့္နည္းျပျဖစ္သူဆာရီက ‘ ကြၽန္ေတာ္ေကာင္းေကာင္းသိတာက ဟီဂူအင္ ဒီေရာက္လာေတာ့ ၾကံ႕ခိုင္မႈက အေကာင္းဆံုးပံုစံမရိွပါဘူး။ အခုေတာ့ တိုးတက္လာပါၿပီ။ သူဂိုးေတြသြင္းႏိုင္တဲ့အတြက္ေရာ အီဒင္နဲ႔ပါ တြဲပီးအေကာင္းဆံုးကစားႏိုင္တဲ့အတြက္အရမ္းေပ်ာ္ပါတယ္။ သူတို႔တိုက္စစ္အတြဲက စိတ္လႈပ္ရွားစရာပါ’လို႔ေျပာၾကားသြားတာပါ။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့အပတ္က ဘုန္းေမာက္အသင္းကို ဂိုးျပတ္အရံႈးေပးခဲ့ရျပီးေနာက္ ယခုပြဲစဥ္မွာ ဂိုးျပတ္ႏိုင္ပြဲျပန္လည္ရယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး ကစားသမားသစ္ဟီဂူအင္မွာလည္း ပရီးမီးယားလိဂ္ပြဲဦးထြက္မွာတင္ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းပိုင္ဆိုင္သြားတာျဖစ္ပါတယ္။

 

ဟီဂူအင်နဲ့ဟာဇက်ကြောင့် ဆာရီစိတ်လှုပ်ရှားနေ

ပြီးခဲ့တဲ့ညက ဟတ်ဒါဖီးလ်းအသင်းကို (၅-ဝ)ဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့အနိုင်ရရှိပြီးနောက် အသင်းတိုက်စစ်အတွဲဖြစ်တဲ့ ဟီဂူအင်-ဟာဇက်အတွဲကစားပုံဟာ စိတ်လှုပ်ရှားစရာကောင်းတယ်လို့ နည်းပြဆာရီကပြောကြားလိုက်ပါတယ်။ ဒီပွဲစဉ်မှာ ဟီဂူအင်က အဖွင့်ဂိုးအပါအဝင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို အီဒင်ဟာဇက်ကလည်း ခြေစွမ်းပြပြီးနှစ်ဂိုးသွင်းယူခဲ့တာပါ။

ဒါကြောင့်နည်းပြဖြစ်သူဆာရီက ‘ ကျွန်တော်ကောင်းကောင်းသိတာက ဟီဂူအင် ဒီရောက်လာတော့ ကြံ့ခိုင်မှုက အကောင်းဆုံးပုံစံမရှိပါဘူး။ အခုတော့ တိုးတက်လာပါပြီ။ သူဂိုးတွေသွင်းနိုင်တဲ့အတွက်ရော အီဒင်နဲ့ပါ တွဲပီးအကောင်းဆုံးကစားနိုင်တဲ့အတွက်အရမ်းပျော်ပါတယ်။ သူတို့တိုက်စစ်အတွဲက စိတ်လှုပ်ရှားစရာပါ’လို့ပြောကြားသွားတာပါ။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်အသင်းကို ဂိုးပြတ်အရှုံးပေးခဲ့ရပြီးနောက် ယခုပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကစားသမားသစ်ဟီဂူအင်မှာလည်း ပရီးမီးယားလိဂ်ပွဲဦးထွက်မှာတင် နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းပိုင်ဆိုင်သွားတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here