မက္ဆီ ကယ္တင္ေပးခဲ့ရတဲ့ ဘာစီလိုနာရဲ႕ သေရပြဲ

0
169
GRAF189. BARCELONA, 02/02/2019.- El delantero argentino del FC Barcelona, Leo Messi, celebra el segundo gol del equipo blaugrana, durante el encuentro correspondiente a la jornada 22 de primera división que disputan frente al Valencia en el estadio Camp Nou, en Barcelona. EFE/Alberto Estévez.

စပိန္လာလီဂါပြဲစဥ္ (၂၂)မွာေတာ့ ဘာစီလိုနာအသင္းဟာ အိမ္ကြင္းမွာ မက္ဆီရဲ႕ ေခ်ပဂိုးေတြေၾကာင့္ ဗလန္စီယာဆီက သေရတစ္မွတ္ကို လုယူႏိုင္ခဲ့ပါတယ္။ ကစားသမားအစံုအလင္နဲ႔ ပြဲထြက္လာခဲ့တဲ့ ဘာစီလိုနာဟာ ႏူးကမ့္မွာ ရုန္းကန္ခဲ့ရျပီး ဗလန္စီယာရဲ႕ ထင္မွတ္မထားတဲ့ တံု႔ျပန္မႈေတြက ဘာစီလိုနာကို ရံႈးပြဲနဲ႔ ရင္ဆိုင္ရဖို႔ေတာင္ နီးစပ္ေစခဲ့ပါတယ္။

 

ပြဲခ်ိန္ (၂၄)မိနစ္မွာ ဂါမဲရိုးက ဗလန္စီယာအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ျပီး (၃၂)မိနစ္မွာ ပယ္နယ္တီကတဆင့္ ပါရီဟို႔စ္က ဒုတိယေျမာက္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။ ဘာစီလိုနာတို႔ (၂)ဂိုးျပတ္အေရးနိမ္ခဲ့ျပီးေနာက္မွာ ေခ်ပဂိုးရဖို႔ အားထုတ္လာခဲ့ျပီး ပြဲခ်ိန္ (၃၉)မိနစ္မွာ မက္ဆီက ပထမေခ်ပဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပြဲကို ဘာစီလုိနာကပဲ လႊမ္းမိုးထားခဲ့ျပီးေတာ့ (၆၄)မိနစ္မွာ မက္ဆီကပဲ ေနာက္ထပ္တစ္ဂိုး သြင္းယူေပးခဲ့ပါတယ္။ မက္ဆီအတြက္ လာလီဂါသြင္းဂိုးေပါင္း (၂၁)ဂိုးအထိ ရွိလာခဲ့ျပီ ျဖစ္ျပီး လာလီဂါေရႊဖိနပ္ဆုအတြက္ေရာ၊ ဥေရာပေရႊဖိနပ္ဆုအတြက္ပါ မက္ဆီအတြက္ ေတာ္ေတာ္ေလး အေျခအေနေကာင္းေနခဲ့ျပီ ျဖစ္ပါတယ္။

မက္ဆီဟာ ပြဲခ်ိန္အတြင္းမွာလည္း ဒဏ္ရာရရွိခဲ့လို႔ ေဆးကုသမႈခံယူခဲ့ရပါတယ္။ ကြင္းအတြင္းျပန္လည္၀င္ေရာက္ကစားေနခဲ့ေပမယ့္ ဒဏ္ရာအေျခအေနကို သိရဖို႔ေတာ့ ေစာင့္ဆိုင္းရမယ္လို႔ သိရပါတယ္။ ကနဦးသတင္းေတြအရ အေသးစားဒဏ္ရာသာ ျဖစ္တယ္လို႔ သိရတဲ့ အတြက္ ေနာက္ေလးရက္အၾကာမွာ ကစားရမယ့္ စပိန္ဘုရင္ဖလားဆီမီးဖိုင္နယ္ပြဲမွာ ကစားရမယ့္ ရီးရဲလ္နဲ႔ပြဲကိုေတာ့ ပါ၀င္ကစားႏိုင္ဖြယ္ ရွိေနပါတယ္။

သေရက်ခဲ့လို႔ ဘာစီလိုနာဟာ အက္သလက္တီကိုမက္ဒရစ္အသင္းထက္ တစ္ပြဲပိုကစားထားျပီး (၆)မွတ္ျဖတ္ထားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အက္သလက္တီကိုအသင္းသာ ရီးရဲလ္ဘက္တစ္ကို အေ၀းကြင္းမွာ အႏိုင္ရခဲ့မယ္ဆိုရင္ သူတို႔ႏွစ္သင္းၾကား ကြာျခားခ်က္က (၃)မွတ္သာ ရွိလာေတာ့မွာလည္း ျဖစ္ပါတယ္။

Unicode Version

စပိန်လာလီဂါပွဲစဉ် (၂၂)မှာတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ မက်ဆီရဲ့ ချေပဂိုးတွေကြောင့် ဗလန်စီယာဆီက သရေတစ်မှတ်ကို လုယူနိုင်ခဲ့ပါတယ်။ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တဲ့ ဘာစီလိုနာဟာ နူးကမ့်မှာ ရုန်းကန်ခဲ့ရပြီး ဗလန်စီယာရဲ့ ထင်မှတ်မထားတဲ့ တုံ့ပြန်မှုတွေက ဘာစီလိုနာကို ရှုံးပွဲနဲ့ ရင်ဆိုင်ရဖို့တောင် နီးစပ်စေခဲ့ပါတယ်။

ပွဲချိန် (၂၄)မိနစ်မှာ ဂါမဲရိုးက ဗလန်စီယာအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး (၃၂)မိနစ်မှာ ပယ်နယ်တီကတဆင့် ပါရီဟို့စ်က ဒုတိယမြောက်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ ဘာစီလိုနာတို့ (၂)ဂိုးပြတ်အရေးနိမ်ခဲ့ပြီးနောက်မှာ ချေပဂိုးရဖို့ အားထုတ်လာခဲ့ပြီး ပွဲချိန် (၃၉)မိနစ်မှာ မက်ဆီက ပထမချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပွဲကို ဘာစီလိုနာကပဲ လွှမ်းမိုးထားခဲ့ပြီးတော့ (၆၄)မိနစ်မှာ မက်ဆီကပဲ နောက်ထပ်တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မက်ဆီအတွက် လာလီဂါသွင်းဂိုးပေါင်း (၂၁)ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး လာလီဂါရွှေဖိနပ်ဆုအတွက်ရော၊ ဥရောပရွှေဖိနပ်ဆုအတွက်ပါ မက်ဆီအတွက် တော်တော်လေး အခြေအနေကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

မက်ဆီဟာ ပွဲချိန်အတွင်းမှာလည်း ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ကွင်းအတွင်းပြန်လည်ဝင်ရောက်ကစားနေခဲ့ပေမယ့် ဒဏ်ရာအခြေအနေကို သိရဖို့တော့ စောင့်ဆိုင်းရမယ်လို့ သိရပါတယ်။ ကနဦးသတင်းတွေအရ အသေးစားဒဏ်ရာသာ ဖြစ်တယ်လို့ သိရတဲ့ အတွက် နောက်လေးရက်အကြာမှာ ကစားရမယ့် စပိန်ဘုရင်ဖလားဆီမီးဖိုင်နယ်ပွဲမှာ ကစားရမယ့် ရီးရဲလ်နဲ့ပွဲကိုတော့ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

သရေကျခဲ့လို့ ဘာစီလိုနာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းထက် တစ်ပွဲပိုကစားထားပြီး (၆)မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အက်သလက်တီကိုအသင်းသာ ရီးရဲလ်ဘက်တစ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့မယ်ဆိုရင် သူတို့နှစ်သင်းကြား ကွာခြားချက်က (၃)မှတ်သာ ရှိလာတော့မှာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here