ဆိုး႐ွားလ္ရဲ႕ အရည္အခ်င္းေကာင္းတစ္ခုကို ထုတ္ေဖာ္ေျပာလိုက္တဲ့ဟာရဲရား

0
72

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဟာရဲရားကေတာ့ ယာယီနည္းျပဆိုး႐ွားလ္းရဲ႕အရည္အခ်င္းေကာင္းတစ္ခုကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီျဖစ္ပါတယ္။ ဟာရဲရားဟာ ဆိုး႐ွားလ္လက္ထက္မွာ ပံုမွန္ပြဲထြက္ခြင့္ရလာၿပီး ေျခစြမ္းလည္းျပႏိုင္တဲ့ကစားသမားပါ။ ‘ ဆိုး႐ွားလ္းက တခ်ိဳ႕ကစားသမားေတြကို ျပန္လည္တည့္မတ္ႏိုင္ခဲ့ပါတယ္။

ရက္႐ွ္ဖိုဒ့္၊ေပါ့ဘာ၊မာ႐ွယ္၊လင္ဂတ္တို႔လို ကစားသမားေတြရဲ႕အေကာင္းဆံုးပံုစံရရိွေအာင္ သူလုပ္ေပးခဲ့တာပါ။ တကယ္လို႔ ခင္ဗ်ားဟာ နည္းျပတစ္ေယာက္ဆိုရင္ နည္းစနစ္ေတြအေၾကာင္း အမ်ားႀကီးေျပာခ်င္ေျပာပါလိမ့္မယ္။ ဒါေပမဲ့ တကယ္ခဲ့တဲ့အရာက ကိုယ့္ကစားသမားေတြကို မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ အေကာင္းဆံုးပံုစံရေအာင္ ဘယ္လို ကူညီေပးလဲဆိုတာပါ။ အိုေလကေတာ့ ဒီအရာကို လုပ္ျပခဲ့ၿပီးပါၿပီ’လို႔ ESPN နဲ႔ အင္တာဗ်ဴးမွာ ဟာရဲရားက ခ်ီးက်ဳးသြားခဲ့ပါတယ္။

ဆိုး႐ွားလ္လက္ထက္မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ႐ွစ္ပြဲႏိုင္၊တစ္ပြဲသေရနဲ႔ ရံႈးပြဲမရိွေသးဘဲ ယခုတစ္ပတ္မွာ လက္စတာအသင္းနဲ႔ကစားရေတာ့မွာျဖစ္ပါတယ္။

ဆိုးရှားလ်ရဲ့ အရည်အချင်းကောင်းတစ်ခုကို ထုတ်ဖော်ပြောလိုက်တဲ့ဟာရဲရား

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဟာရဲရားကတော့ ယာယီနည်းပြဆိုးရှားလ်းရဲ့အရည်အချင်းကောင်းတစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဟာရဲရားဟာ ဆိုးရှားလ်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရလာပြီး ခြေစွမ်းလည်းပြနိုင်တဲ့ကစားသမားပါ။ ‘ ဆိုးရှားလ်းက တချို့ကစားသမားတွေကို ပြန်လည်တည့်မတ်နိုင်ခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့်၊ပေါ့ဘာ၊မာရှယ်၊လင်ဂတ်တို့လို ကစားသမားတွေရဲ့အကောင်းဆုံးပုံစံရရှိအောင် သူလုပ်ပေးခဲ့တာပါ။ တကယ်လို့ ခင်ဗျားဟာ နည်းပြတစ်ယောက်ဆိုရင် နည်းစနစ်တွေအကြောင်း အများကြီးပြောချင်ပြောပါလိမ့်မယ်။ ဒါပေမဲ့ တကယ်ခဲ့တဲ့အရာက ကိုယ့်ကစားသမားတွေကို မန်နေဂျာတစ်ယောက်အနေနဲ့ အကောင်းဆုံးပုံစံရအောင် ဘယ်လို ကူညီပေးလဲဆိုတာပါ။ အိုလေကတော့ ဒီအရာကို လုပ်ပြခဲ့ပြီးပါပြီ’လို့ ESPN နဲ့ အင်တာဗျူးမှာ ဟာရဲရားက ချီးကျုးသွားခဲ့ပါတယ်။

ဆိုးရှားလ်လက်ထက်မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှစ်ပွဲနိုင်၊တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိသေးဘဲ ယခုတစ်ပတ်မှာ လက်စတာအသင်းနဲ့ကစားရတော့မှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here