လက္စတာအိမ္ကြင္းမွာ ဆိုးလ္ရွားဦးေဆာင္တဲ့ ယူႏိုက္တက္တို႔ အေျခအေနေကာင္းပါ့မလား

0
358

လက္စတာ တို႔အေနနဲ႔ ပြဲစဥ္ ၂၅ အျဖစ္ အိမ္ကြင္းျဖစ္တဲ့ ကင္းပါ၀ါ ကြင္းမွာ မန္ယူအသင္းကို ဧည့္ခံ ကစားရမွာျဖစ္ပါတယ္။ လက္စတာအေနနဲ႔ တစ္ပတ္အတြင္း ပြဲႀကပ္ႏွစ္ပြဲ ကစားရျခင္းျဖစ္ပါတယ္။

လက္စတာ အသင္းရဲ႕ လက္ရွိေျခစြမ္းနဲ႔ ရပ္တည္မႈအေနအထား

လက္စတာ တို႔ ၿပီးခဲ့တဲ့ပြဲစဥ္မွာ လီဗာပူး ကို အေ၀းကြင္း ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး သေရရလဒ္ ရယူခဲ့ႏိုင္ပါတယ္။ လက္စတာ တို႔ ပရီးမီးယားလိဂ္ ၄ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးၿပီး ေျခစြမ္းက ပံုမွန္ အေနအထားမရွိပါဘူး။ လက္စတာ အိမ္ကြင္း ႏိုင္ပြဲ ေပ်ာက္ဆံုးေနတာ ၂ ပြဲဆက္ေနပါၿပီ။ အိမ္ကြင္း မွာ ရလဒ္ေကာင္းေတြ ရရွိႏိုင္ဖို႔အတြက္ လက္စတာအသင္းအေနနဲ႔ အိမ္ကြင္းမွာ ခံစစ္ ကစားလာဖို႔ ရွိေနပါတယ္။

မန္ယူ အသင္းရဲ႕လက္ရွိေျခစြမ္းနဲ႔ ရပ္တည္မႈအေနအထား

မန္ယူ ဟာ ၿပီးခဲ့တဲ့ ပြဲစဥ္တုန္းက ဘန္ေလ အသင္းကိို အေ၀းကြင္းမွာ သေရရလဒ္သာ ရရွိခဲ့ပါတယ္။ ဘန္ေလ အသင္းကို ေနာက္ကေန လိုက္ကစားကာ သေရရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။ နည္းျပသစ္ ဆိုးလ္ရွားလက္ထက္မွာ ရာႏႈန္းျပည့္ ႏိုင္ပြဲဟာ ဘန္ေလအသင္းေႀကာင့္ ရပ္တန္႔ခဲ့ရပါတယ္။ မန္ယူ တို႔ အခုပြဲမွာ လက္စတာအသင္းကို အႏိုင္ရရွိဖို႔ ႀကိဳးစားကစားပါလိမ့္မယ္။ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရရွိဖို႔အတြက္ မန္ယူအသင္းဟာ လက္က်န္ပြဲစဥ္ေတြကို အမွားခံလို႔မရေတာ့တာမို႔ အႏိုင္ရလဒ္ကို ေဖာ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားကစားသြားပါလိမ့္မယ္။

ျဖစ္ႏိုင္ဖြယ္ရလဒ္ႏွင့္သံုးသပ္ခ်က္

ထိပ္တိုက္ေတြ႕ဆံုမႈေတြမွာ လက္စတာ အသင္းအိမ္ကြင္းမွာ ကစားတိုင္း မန္ယူ ရုန္းကန္ရေလ့ရွိပါတယ္။ လက္စတာ တို႔ အသင္းႀကီးေတြနဲ႔ ဆက္တိုက္ဆိုသလို ပြဲႀကပ္ေတြကစားေနရပါတယ္။ သြင္းဂိုး ၃၀ ေပးဂိုး ၃၀ ရွိထားတဲ့ လက္စတာ ခံစစ္ကို မန္ယူတိုက္စစ္ က ဂိုးရရွိဖို႔ ခက္ခဲမယ္မထင္ပါဘူး။ မန္ယူအသင္း နည္းျပဆိုးလ္ရွား လက္ထက္မွာ ဂိုးသြင္းအား ပိုေကာင္းလာတာကို ေတြ႕ရမွာပါ။ ယခုပြဲမွာ မန္ယူ အသင္းအႏိုင္ရမယ္ဆိုေပမဲ့ ဂိုးေတာ့မျပတ္ေလာက္ပါဘူး။

ထိပ္တိုက္ေတြ႕ဆံုမႈရလဒ္မ်ား

11.08.18 Manchester Utd Leicester 2 : 1
24.12.17 Leicester Manchester Utd 2 : 2
26.08.17 Manchester Utd Leicester 2 : 0
05.02.17 Leicester Manchester Utd 0 : 3
24.09.16 Manchester Utd Leicester 4 : 1
01.05.16 Manchester Utd Leicester 1 : 1
29.11.15 Leicester Manchester Utd 1 : 1

Unicode

လက်စတာအိမ်ကွင်းမှာ ဆိုးလ်ရှားဦးဆောင်တဲ့ ယူနိုက်တက်တို့ အခြေအနေကောင်းပါ့မလား

လက်စတာ တို့အနေနဲ့ ပွဲစဉ် ၂၅ အဖြစ် အိမ်ကွင်းဖြစ်တဲ့ ကင်းပါဝါ ကွင်းမှာ မန်ယူအသင်းကို ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။ လက်စတာအနေနဲ့ တစ်ပတ်အတွင်း ပွဲကြပ်နှစ်ပွဲ ကစားရခြင်းဖြစ်ပါတယ်။

လက်စတာ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအနေအထား

လက်စတာ တို့ ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗာပူး ကို အဝေးကွင်း ယှဉ်ပြိုင်ကစားခဲ့ရပြီး သရေရလဒ် ရယူခဲ့နိုင်ပါတယ်။ လက်စတာ တို့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး ခြေစွမ်းက ပုံမှန် အနေအထားမရှိပါဘူး။ လက်စတာ အိမ်ကွင်း နိုင်ပွဲ ပျောက်ဆုံးနေတာ ၂ ပွဲဆက်နေပါပြီ။ အိမ်ကွင်း မှာ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် လက်စတာအသင်းအနေနဲ့ အိမ်ကွင်းမှာ ခံစစ် ကစားလာဖို့ ရှိနေပါတယ်။

မန်ယူ အသင်းရဲ့လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအနေအထား

မန်ယူ ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက ဘန်လေ အသင်းကို အဝေးကွင်းမှာ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ဘန်လေ အသင်းကို နောက်ကနေ လိုက်ကစားကာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ရာနှုန်းပြည့် နိုင်ပွဲဟာ ဘန်လေအသင်းကြောင့် ရပ်တန့်ခဲ့ရပါတယ်။ မန်ယူ တို့ အခုပွဲမှာ လက်စတာအသင်းကို အနိုင်ရရှိဖို့ ကြိုးစားကစားပါလိမ့်မယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့အတွက် မန်ယူအသင်းဟာ လက်ကျန်ပွဲစဉ်တွေကို အမှားခံလို့မရတော့တာမို့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားကစားသွားပါလိမ့်မယ်။

ဖြစ်နိုင်ဖွယ်ရလဒ်နှင့်သုံးသပ်ချက်

ထိပ်တိုက်တွေ့ဆုံမှုတွေမှာ လက်စတာ အသင်းအိမ်ကွင်းမှာ ကစားတိုင်း မန်ယူ ရုန်းကန်ရလေ့ရှိပါတယ်။ လက်စတာ တို့ အသင်းကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပွဲကြပ်တွေကစားနေရပါတယ်။ သွင်းဂိုး ၃၀ ပေးဂိုး ၃၀ ရှိထားတဲ့ လက်စတာ ခံစစ်ကို မန်ယူတိုက်စစ် က ဂိုးရရှိဖို့ ခက်ခဲမယ်မထင်ပါဘူး။ မန်ယူအသင်း နည်းပြဆိုးလ်ရှား လက်ထက်မှာ ဂိုးသွင်းအား ပိုကောင်းလာတာကို တွေ့ရမှာပါ။ ယခုပွဲမှာ မန်ယူ အသင်းအနိုင်ရမယ်ဆိုပေမဲ့ ဂိုးတော့မပြတ်လောက်ပါဘူး။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ

11.08.18 Manchester Utd Leicester 2 : 1
24.12.17 Leicester Manchester Utd 2 : 2
26.08.17 Manchester Utd Leicester 2 : 0
05.02.17 Leicester Manchester Utd 0 : 3
24.09.16 Manchester Utd Leicester 4 : 1
01.05.16 Manchester Utd Leicester 1 : 1
29.11.15 Leicester Manchester Utd 1 : 1

LEAVE A REPLY

Please enter your comment!
Please enter your name here