ဟန္ႏိုဗာ Vs လစ္ပစ္ဇ္ (ပြဲႀကိဳသံုးသပ္ခ်က္)

0
54

ဘြန္ဒက္စ္လီဂါ ပြဲစဥ္ (၂၀) ရဲ႕ ပထမဆံုးပြဲစဥ္အျဖစ္ ဟန္ႏိုဗာ ႏွင့္ လစ္ပစ္ဇ္ တို႔ႏွစ္သင္းဟာ စေနေန႔ မနက္အေစာပိုင္း ၂း၀၀ မွာ ယွဥ္ၿပိဳင္သြားဖို႔ရွိေနပါတယ္။ အဆင့္ ၄ ေနရာမွ လစ္ပစ္ဇ္ အသင္း ဟာ တန္းဆင္းဇုန္းထဲေရာက္ရွိေနတဲ့ ဟန္ႏိုဗာအသင္း ရဲ႕ အိမ္ကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ဟန္ႏိုဗာ အသင္းရဲ႕ လက္ရွိေျခစြမ္းနဲ႔ ရပ္တည္မႈအေနအထား

ဟန္ႏိုဗာ အသင္း ဟာ ရလဒ္ေတြ ဆက္တိုက္ဆိုးရြား ေနတာမို႔ အသင္းနည္းျပ အေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပြဲစဥ္မွာ ေဒါ့မြန္ အသင္းကို အေ၀းကြင္းမွာ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ အတြက္ ဟန္ႏိုဗာ တို႔ နည္းျပအေျပာင္းအလဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ နည္းျပသစ္ ျဖစ္တဲ့ ေသာမက္စ္ ေဒါလ္ အေနနဲ႔ ဟန္ႏိုဗာ အသင္းကို ရလဒ္ဆိုးေတြ ကေန ကယ္တင္ႏိုင္မလား ဆိုတာကိုေတာ့ ေစာင့္ႀကည္႔ရမွာပါ။ ဟန္ႏိုဗာ တို႔ အိမ္ကြင္း ေနာက္ဆံုး ပြဲမွာလဲ ၀ါဒါဘရီမင္ အသင္းကို ရႈံးနိမ့္ထားပါတယ္။ ဟန္ႏိုဗာ အသင္းရဲ႕ ဒဏ္ရာရကစားသမား ၅ ေယာက္ ႏွင့္ အထက္ရွိေနျခင္းကလဲ အသင္းကို အေတာ္ေလး အားနည္းေစပါတယ္။ ယခု လက္ရွွိေျခစြမ္းပိုင္း အရ ဟန္ႏိုဗာ တို႔ လစ္ပစ္ဇ္ ကို ယွဥ္ကစားႏိုင္စြမ္း မရွိေသးပါဘူး။

လစ္ပစ္ဇ္ အသင္းရဲ႕လက္ရွိေျခစြမ္းနဲ႔ ရပ္တည္မႈအေနအထား

လစ္ပစ္ဇ္ တို႔ အေနနဲ႔ ဘြန္ဒက္စ္လီဂါ ေနာက္ဆံုးပြဲစဥ္မွာ ဒက္ဆယ္ေဒါ့ဖ္ အသင္းကို ၀-၄ နဲ႔ ဂိုးျပတ္အႏိုင္ယူကာ အေ၀းကြင္းႏိုင္ပြဲ ျပန္လည္ ရရွိခဲ့ပါတယ္။ လစ္ပစ္ဇ္ အသင္းဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ ယခုလို ပြဲမ်ိဳးမွာ အမွားခံမွာမဟုတ္ပါဘူး။ အသင္းရဲ႕ ေရွ႕တန္း တိုက္စစ္မွဴး ေတြကလဲ အားလံုးနီးပါး ဂိုးရရယူႏိုင္တာက လစ္ပစ္ဇ္ ရဲ႕ ေကာင္းမြန္တဲ့အခ်က္ပါ။ တစ္ဦး ဂိုးေပါက္ေပ်ာက္ေနခ်ိန္ အျခားတစ္ဦးက ဂိုးသြင္းယူတတ္ပါတယ္။ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ အိပ္မက္နဲ႔ ေ၀းကြာသြားပီလို႔ ေျပာရမယ့္ လစ္ပစ္ဇ္ အေနနဲ႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ေတာ့ အစြမ္းကုန္ ႀကိဳးစားလိမ့္မယ္လို႔ ေမ်ွာ္လင့္မိပါတယ္။

ျဖစ္ႏိုင္ဖြယ္ရလဒ္ႏွင့္သံုးသပ္ခ်က္

အခု ႏွစ္သင္း ေတြ႕ဆံုမႈမွာ ေျခစြမ္းပိုင္းက အေတာ္ေလးကို ကြာျခားလြန္းေနပါတယ္။ အိမ္ရွင္ ဟန္ႏိုဗာ အေနနဲ႔ နည္းျပ အေျပာင္းအလဲ ျပဳလုပ္ကာ အသင္းကိုအေျပာင္းအလဲ ျပဳလုပ္ထားပါတယ္။ အေ၀းကြင္း ကစားရမယ့္ လစ္ပစ္ဇ္ တို႔ ဟာ အဆင့္ ၅ ေနရာက ဖရန္႔ဖတ္ နဲ႔ ၄ မွတ္သာ ကြာဟေတာ့တာမို႔ အမွားခံလို႔မရေတာ့တဲ့ အေနအထားပါ။ ေျခစြမ္းပိုင္းအရေရာ ကစားသမား စုဖြဲ႕မႈအပိုင္းမွာေရာ ဒဏ္ရာျပႆနာ ပိုင္းမွာပါ လစ္ပစ္ဇ္ တို႔အေနနဲ႔ အဖက္ဖက္က အသာစီးရေနပါတယ္။ ဟန္ႏိုဗာ တို႔အေနနဲ႔ အိမ္ရွင္အားသာခ်က္ပါရွိေနပါတယ္။ ယခုပြဲမွာ ဧည့္သည္ လစ္ပစ္ဇ္ အသင္းကိုပဲ ဆက္လက္ လက္တြဲေစခ်င္ပါတယ္။

ထိပ္တိုက္ေတြ႕ဆံုမႈရလဒ္မ်ား

15.09.18 RB Leipzig Hannover 3 : 2
31.03.18 Hannover RB Leipzig 2 : 3
04.11.17 RB Leipzig Hannover 2 : 1

Unicode

ဟန်နိုဗာ Vs လစ်ပစ်ဇ် (ပွဲကြိုသုံးသပ်ချက်)

ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၂၀) ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ဟန်နိုဗာ နှင့် လစ်ပစ်ဇ် တို့နှစ်သင်းဟာ စနေနေ့ မနက်အစောပိုင်း ၂း၀၀ မှာ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။ အဆင့် ၄ နေရာမှ လစ်ပစ်ဇ် အသင်း ဟာ တန်းဆင်းဇုန်းထဲရောက်ရှိနေတဲ့ ဟန်နိုဗာအသင်း ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဟန်နိုဗာ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအနေအထား

ဟန်နိုဗာ အသင်း ဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွား နေတာမို့ အသင်းနည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဒေါ့မွန် အသင်းကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အတွက် ဟန်နိုဗာ တို့ နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ဖြစ်တဲ့ သောမက်စ် ဒေါလ် အနေနဲ့ ဟန်နိုဗာ အသင်းကို ရလဒ်ဆိုးတွေ ကနေ ကယ်တင်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဟန်နိုဗာ တို့ အိမ်ကွင်း နောက်ဆုံး ပွဲမှာလဲ ဝါဒါဘရီမင် အသင်းကို ရှုံးနိမ့်ထားပါတယ်။ ဟန်နိုဗာ အသင်းရဲ့ ဒဏ်ရာရကစားသမား ၅ ယောက် နှင့် အထက်ရှိနေခြင်းကလဲ အသင်းကို အတော်လေး အားနည်းစေပါတယ်။ ယခု လက်ရှိခြေစွမ်းပိုင်း အရ ဟန်နိုဗာ တို့ လစ်ပစ်ဇ် ကို ယှဉ်ကစားနိုင်စွမ်း မရှိသေးပါဘူး။

လစ်ပစ်ဇ် အသင်းရဲ့လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအနေအထား

လစ်ပစ်ဇ် တို့ အနေနဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ ဒက်ဆယ်ဒေါ့ဖ် အသင်းကို ဝ-၄ နဲ့ ဂိုးပြတ်အနိုင်ယူကာ အဝေးကွင်းနိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။ လစ်ပစ်ဇ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ယခုလို ပွဲမျိုးမှာ အမှားခံမှာမဟုတ်ပါဘူး။ အသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူး တွေကလဲ အားလုံးနီးပါး ဂိုးရရယူနိုင်တာက လစ်ပစ်ဇ် ရဲ့ ကောင်းမွန်တဲ့အချက်ပါ။ တစ်ဦး ဂိုးပေါက်ပျောက်နေချိန် အခြားတစ်ဦးက ဂိုးသွင်းယူတတ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အိပ်မက်နဲ့ ဝေးကွာသွားပီလို့ ပြောရမယ့် လစ်ပစ်ဇ် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တော့ အစွမ်းကုန် ကြိုးစားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဖြစ်နိုင်ဖွယ်ရလဒ်နှင့်သုံးသပ်ချက်

အခု နှစ်သင်း တွေ့ဆုံမှုမှာ ခြေစွမ်းပိုင်းက အတော်လေးကို ကွာခြားလွန်းနေပါတယ်။ အိမ်ရှင် ဟန်နိုဗာ အနေနဲ့ နည်းပြ အပြောင်းအလဲ ပြုလုပ်ကာ အသင်းကိုအပြောင်းအလဲ ပြုလုပ်ထားပါတယ်။ အဝေးကွင်း ကစားရမယ့် လစ်ပစ်ဇ် တို့ ဟာ အဆင့် ၅ နေရာက ဖရန့်ဖတ် နဲ့ ၄ မှတ်သာ ကွာဟတော့တာမို့ အမှားခံလို့မရတော့တဲ့ အနေအထားပါ။ ခြေစွမ်းပိုင်းအရရော ကစားသမား စုဖွဲ့မှုအပိုင်းမှာရော ဒဏ်ရာပြဿနာ ပိုင်းမှာပါ လစ်ပစ်ဇ် တို့အနေနဲ့ အဖက်ဖက်က အသာစီးရနေပါတယ်။ ဟန်နိုဗာ တို့အနေနဲ့ အိမ်ရှင်အားသာချက်ပါရှိနေပါတယ်။ ယခုပွဲမှာ ဧည့်သည် လစ်ပစ်ဇ် အသင်းကိုပဲ ဆက်လက် လက်တွဲစေချင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုရလဒ်များ

15.09.18 RB Leipzig Hannover 3 : 2
31.03.18 Hannover RB Leipzig 2 : 3
04.11.17 RB Leipzig Hannover 2 : 1

 

LEAVE A REPLY

Please enter your comment!
Please enter your name here