စပိန္ကိုပါဒယ္ေရးဖလား ဆီမီးဖိုင္နယ္မွာ ရီးရဲလ္ နဲ႔ ဘာစီလိုနာတို႔ ရင္ဆိုင္ရဖြယ္ရွိ

0
82

မေန႔ညက ကစားခဲ့တဲ့ စပိန္ကိုပါဒယ္ေရးဖလား ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့မွာ ရီးရဲလ္မက္ဒရစ္အသင္းက အေ၀းကြင္းမွာ ဂ်ီရိုနာအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ျပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့ျပိ ျဖစ္ပါတယ္။ အိမ္ကြင္းဘာေနဗ်ဴးမွာ (၄-၂) နဲ႔ အႏိုင္ရရွိထားတဲ့ ရီးရဲလ္မက္ဒရစ္ဟာ အေ၀းကြင္းမွာ ဂိုးျပတ္ထပ္မံႏိုင္ခဲ့တာ ျဖစ္ျပီး ႏွစ္ေက်ာ့ေပါင္းရလာဒ္ (၇-၃) နဲ႔ ေနာက္တဆင့္ကို တက္ႏိုင္ခဲ့ပါတယ္။

 

ရီးရဲလ္အေနန႔ဲ အိမ္ကြင္းမွာ ေပးဂိုး (၂)ဂိုးရွိခဲ့လို႔ အေ၀းကြင္းပြဲစဥ္က စိုးရိမ္စရာျဖစ္ခဲ့ေပမယ့္ ဘန္ဇီမာရဲ႕ သြင္းဂိုးႏွစ္ဂိုးေၾကာင့္ ဦးေဆာင္ကစားႏိုင္ခဲ့ျပီး ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ေလာ္ရန္တီက ေနာက္ထပ္တစ္ဂိုးသြင္းယူေပးခဲ့လို႔ ရီးရဲလ္ရဲ႕ အႏိုင္ရလဒ္က ေသခ်ာသြားခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာ ရီးရဲလ္ဟာ ဘာစီလိုနာနဲ႔ ရင္ဆိုင္ရဖြယ္လည္း ရွိေနပါတယ္။

ဘာစီလိုနာကေတာ့ ဆီဗီလာကို ႏွစ္ေက်ာ့ေပါင္းရလာဒ္ (၆-၃) နဲ႔ ေက်ာ္ျဖတ္လာခဲ့တာျဖစ္ျပီး အေ၀းကြင္းမွာ (၂-၀)နဲ႔ ရံႈးနိမ့္ခဲ့ေပမယ့္ အိမ္ကြင္းမွာ (၆-၁) နဲ႔ ဂိုးျပတ္ႏိုင္ပြဲ ျပန္ယူခဲ့ျပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒီအတြက္ ဆီမီးဖိုင္နယ္မွာေတာ့ ရီးရဲလ္ နဲ႔ ဘာစီလိုနာတို႔ ေတြ႕ဆံုခဲ့မယ္ဆိုရင္ ပြဲၾကီးပြဲေကာင္းကို ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ပြဲေတြကို ေဖေဖာ္၀ါရီ (၆)ရက္ေန႔ နဲ႔ (၂၇) ရက္ေတြမွာ က်င္းပသြားမယ္လို႔ သိရပါတယ္။ အျခားေသာ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ဲ့တဲ့ အသင္းေတြကေတာ့ ရီးရဲလ္ဘက္တစ္ နဲ႔ ဗလန္စီယာတို႔ ျဖစ္ပါတယ္။ စပိန္ကိုပါဒယ္ေရးဖလားရဲ႕ လက္ရွိခ်န္ပီယံကေတာ့ ဘာစီလိုနာအသင္းျဖစ္ျပီး ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔ဟာ လာလီဂါမွာ ရင္ဆိုင္ခဲ့တုန္းက ဘာစီလိုနာက (၅-၁) ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရရွိထားခဲ့ပါတယ္။

Unicode Version

မနေ့ညက ကစားခဲ့တဲ့ စပိန်ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းက အဝေးကွင်းမှာ ဂျီရိုနာအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြိ ဖြစ်ပါတယ်။ အိမ်ကွင်းဘာနေဗျူးမှာ (၄-၂) နဲ့ အနိုင်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အဝေးကွင်းမှာ ဂိုးပြတ်ထပ်မံနိုင်ခဲ့တာ ဖြစ်ပြီး နှစ်ကျော့ပေါင်းရလာဒ် (၇-၃) နဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။
 
ရီးရဲလ်အနေနဲ့ အိမ်ကွင်းမှာ ပေးဂိုး (၂)ဂိုးရှိခဲ့လို့ အဝေးကွင်းပွဲစဉ်က စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် ဘန်ဇီမာရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ လော်ရန်တီက နောက်ထပ်တစ်ဂိုးသွင်းယူပေးခဲ့လို့ ရီးရဲလ်ရဲ့ အနိုင်ရလဒ်က သေချာသွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်ဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
 
ဘာစီလိုနာကတော့ ဆီဗီလာကို နှစ်ကျော့ပေါင်းရလာဒ် (၆-၃) နဲ့ ကျော်ဖြတ်လာခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ (၂-ဝ)နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ (၆-၁) နဲ့ ဂိုးပြတ်နိုင်ပွဲ ပြန်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဆီမီးဖိုင်နယ်မှာတော့ ရီးရဲလ် နဲ့ ဘာစီလိုနာတိုရဲ့ ပွဲကြီးပွဲကောင်းကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။
 
ဆီမီးဖိုင်နယ်ပွဲတွေကို ဖေဖော်ဝါရီ (၆)ရက်နေ့ နဲ့ (၂၇) ရက်တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အခြားသော ဆီမီးဖိုင်နယ်ပွဲအဖြစ် ရီးရဲလ်ဘက်တစ် နဲ့ ဗလန်စီယာတို့ ကစားရမှာ ဖြစ်ပါတယ်။ စပိန်ကိုပါဒယ်ရေးဖလားရဲ့ လက်ရှိချန်ပီယံကတော့ ဘာစီလိုနာအသင်းဖြစ်ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်တို့ဟာ လာလီဂါမှာ ရင်ဆိုင်ခဲ့တုန်းက ဘာစီလိုနာက (၅-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိထားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here