ကိုပါအီတလီယာကထြက္ခြာခဲ့ၿပီးေနာက္ ဂ်ဴဗီနည္းျပအယ္လီဂရီဘာေျပာခဲ့လဲ

0
42

ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ အတၱလန္တာအသင္းနဲ႔ကစားတဲ့ပြဲစဥ္မွာ ရံႈးနိမ့္သြားခဲ့လို႔ဂ်ဴဗင္တပ္စ္အသင္းဟာ ကိုပါအီတလီယာၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ ဒီရံႈးပြဲနဲ႔ပတ္သတ္ၿပီး အယ္လီဂရီလကေတာ့ ရလဒ္ကိုမေက်နပ္ေပမယ့္ အသင္းအေျခအေနကစိုးရိမ္စရာေတာ့မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အယ္လီဂရီက “ ဒီရလဒ္ကေက်နပ္စရာေတာ့မေကာင္းပါဘူး။ ဒါေပမဲ့ ဂ်ဴဗင္တပ္စ္က ဒီရာသီမွာ ပြဲတိုင္းႏိုင္ေနမယ္လို႔ေတြးရင္ ရူးရာက်ပါတယ္။ ကၽြန္ေတာ္တို႔ ဒီညမွာ ဂိုးအနည္းငယ္ခြင့္ျပဳခဲ့ရပါတယ္။ ဒါေပမဲ့ ဒီအေျခအေနက စိုးရိမ္စရာ အခ်က္ေပးေခါင္းေလာင္းသံလိုပေတာ့ ကၽြန္ေတာ္မျမင္ဘူး။ ဘာလို႔ဆို ကၽြန္ေတာ္တို႔ပြဲတိုင္းမႏိုင္ႏိုင္လို႔ပါ။ ကၽြန္ေတာ္တို႔လည္း ကိုပါအီတလီယာကို ငါးႀကိမ္ဆက္လိုခ်င္ပါတယ္။ ဒါေပမဲ့ အတၱလန္တာက ရုပ္ပိုင္းဆိုင္ရာအရ ပိုမိုႀကံ႕ခိုင္ၿပီး ကၽြန္ေတာ္တို႔အေပၚအနိုင္ယူသြားပါတယ္။ ဒီ့အတြက္လည္း သူတိုပကို ဂုဏ္ျပဳပါတယ္” လို႕ေျပာၾကားသြားပါတယ္။

အယ္လီဂရီကေတာ့ အသင္းၿပိဳင္ပြဲကထြက္ခြာရျခင္းထက္ ကစားသမားအခ်ိဳ႕ဒဏ္ရာရရိွသြားတာကိုသာ စိတ္ပူတယ္လို႔ ဆိုခဲ့ပါတယ္။

 

ကိုပါအီတလီယာကထွက်ခွာခဲ့ပြီးနောက် ဂျူဗီနည်းပြအယ်လီဂရီဘာပြောခဲ့လဲ

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ကစားတဲ့ပွဲစဉ်မှာ ရှုံးနိမ့်သွားခဲ့လို့ဂျူဗင်တပ်စ်အသင်းဟာ ကိုပါအီတလီယာပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သတ်ပြီး အယ်လီဂရီလကတော့ ရလဒ်ကိုမကျေနပ်ပေမယ့် အသင်းအခြေအနေကစိုးရိမ်စရာတော့မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အယ်လီဂရီက “ ဒီရလဒ်ကကျေနပ်စရာတော့မကောင်းပါဘူး။ ဒါပေမဲ့ ဂျူဗင်တပ်စ်က ဒီရာသီမှာ ပွဲတိုင်းနိုင်နေမယ်လို့တွေးရင် ရူးရာကျပါတယ်။ ကျွန်တော်တို့ ဒီညမှာ ဂိုးအနည်းငယ်ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအခြေအနေက စိုးရိမ်စရာ အချက်ပေးခေါင်းလောင်းသံလိုပတော့ ကျွန်တော်မမြင်ဘူး။ ဘာလို့ဆို ကျွန်တော်တို့ပွဲတိုင်းမနိုင်နိုင်လို့ပါ။ ကျွန်တော်တို့လည်း ကိုပါအီတလီယာကို ငါးကြိမ်ဆက်လိုချင်ပါတယ်။ ဒါပေမဲ့ အတ္တလန်တာက ရုပ်ပိုင်းဆိုင်ရာအရ ပိုမိုကြံ့ခိုင်ပြီး ကျွန်တော်တို့အပေါ်အနိုင်ယူသွားပါတယ်။ ဒီ့အတွက်လည်း သူတိုပကို ဂုဏ်ပြုပါတယ်” လို့ပြောကြားသွားပါတယ်။
အယ်လီဂရီကတော့ အသင်းပြိုင်ပွဲကထွက်ခွာရခြင်းထက် ကစားသမားအချို့ဒဏ်ရာရရှိသွားတာကိုသာ စိတ်ပူတယ်လို့ ဆိုခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here