အၾကီးမားဆံုး ရံႈးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ခ်ယ္လ္ဆီး၊ သေရသာ ရခဲ့တဲ့ လီဗာပူးလ္၊ ႏိုင္ပြဲျပန္ရတဲ့ စပါး

0
98

မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းဟာ အေ၀းကြင္းမွာ ဘုန္းေမာက္ကို (၄)ဂိုးျပတ္နဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။ ထင္မွတ္မထားတဲ့ ရလာဒ္တစ္ခုျဖစ္ျပီး ဘုန္းေမာက္ရဲ႕ အိမ္ကြင္းရုန္းကန္အားကို ခ်ယ္လ္ဆီးတို႔ ဘယ္လိုမွ ယွဥ္မရခဲ့ပဲ ဂိုးျပတ္အသြင္းခံခဲ့ရကာ နည္းျပဆာရီအတြက္ေတာ့ အိပ္မက္ဆိုးေတြ မက္ေနရျပီလည္း ျဖစ္ပါတယ္။

အသစ္ေခၚယူထားတဲ့ တိုက္စစ္မွဴး ဟီဂူအင္ ပါ၀င္လာခဲ့ေပမယ့္လည္း ေျခစြမ္းမျပႏိုင္ခဲ့သလို ဂိုးကန္သြင္းမႈလည္း မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ ဒီအတြက္ ဒုတိယပိုင္း (၆၅) မိနစ္မွာ လူစားလဲလွယ္မႈျပဳလုပ္သြားခဲ့ရပါတယ္။ ဘုန္းေမာက္အေနနဲ႔ ခ်ယ္လ္ဆီးကို ေဘာလံုးပိုင္ဆိုင္မႈအရ အရံႈးေပးခဲ့ရေပမယ့္ အခြင့္အေရးအသုံးခ်ႏိုင္မႈမွာ ပီပီျပင္ျပင္ရွိခဲ့လို႔ အခုလို ဂိုးျပတ္ႏိုင္ပြဲကို ရရွိခဲ့တာ ျဖစ္ပါတယ္။

သြင္းဂိုးေတြကိုေတာ့ ဒုတိယပိုင္းမွ ျမင္ေတြ႕ခဲ့၇တာျဖစ္ျပီး (၄၇) မိနစ္မွာ ဂ်ိဳရႈအာကင္း၊ (၆၃) မိနစ္မွာ ေဒးဗစ္ဘေရာ့ခ္ ၊ (၇၄) မိနစ္မွာ ဂ်ိဳရႈအာကင္း၊ မိနစ္ (၉၀)မွာ ခ်ာလီဒန္နီယယ္တို႔က သြင္းယူေပးခဲ့တာပါ။ ခ်ယ္လ္ဆီးအတြက္ ဒီရာသီမွာ အၾကီးမားဆံုး ဂိုးျပတ္ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ျပီး ကစားသမားအစံုအလင္ပါ၀င္ခဲ့ေပမယ့္ ဘုန္းေမာက္ကို ေခ်ပဂိုးတစ္ဂိုးေတာင္ ျပန္မသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အျခားပြဲစဥ္ေတြမွာေတာ့ လီဗာပူးလ္ဟာ မန္စီးတီးအေရးနိမ့္မႈကို အခြင့္ေကာင္းမယူႏိုင္ခဲ့ပဲ အိမ္ကြင္းမွာ လက္စတာကို တစ္ဂိုးစိသေရသာ ကစားႏိုင္ခဲ့ပါတယ္။ ဆာဒီယုိမာေနးက (၃)မိနစ္ကတည္းက အဖြင့္ဂိုးသြင္းေပးႏိုင္ခဲ့ေပမယ့္ ပထမပိုင္း (၄၅)မိနစ္မွာပဲ မက္ဂြဲယားက ေခ်ပဂိုးသြင္းေပးခဲ့တာပါ။ လက္က်န္မိနစ္ေတြမွာ ဂိုးမသြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္အေနနဲ႔ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဒီအတြက္ လီဗာပူးလ္ဟာ မန္စီးတီးကို (၅)မွတ္အထိ ျဖတ္ေတာက္ထားႏိုင္ခဲ့ပါျပီ။

စပါးကေတာ့ အိမ္ကြင္းမွာ ၀က္ဖို႔ဒ္ကို ဆြန္ေဟာင္မင္ ျပန္လည္ပါ၀င္လာမႈနဲ႔အတူ အႏိုင္ယူသြားခဲ့ပါတယ္။ ၀က္ဖို႔ဒ္အတြက္ ခရိတ္ကတ္ကာ့က အဖြင့္ဂိုး သြင္းေပးခဲ့ေပမယ့္ ပြဲျပီးဖို႔ (၁၀)မိနစ္မွာ စပါးက (၂)ဂိုးျပန္လည္သြင္းယူျပီး ႏိုင္ပြဲရယူသြားခဲ့တာပါ။

မိနစ္ (၈၀)မွာ ဆြန္ေဟာင္မင္ နဲ႔ (၈၇)မိနစ္မွာ ေလာ္ရန္ေတးက ထံုးစံအတိုင္း ေခါင္းတိုက္သြင္းယူျပီး အဖိုးတန္ႏိုင္ပြဲကို ေဖာ္ေဆာင္ေပးခဲ့ပါတယ္။ စပါးကေတာ့ မန္စီးတီးနဲ႔ (၂)မွတ္အကြာအေနအထားကို ေရာက္လာျပီး ဒုတိယေနရာကို ေမွ်ာ္လင့္လာႏိုင္ျပီ ျဖစ္ပါတယ္။

Unicode Version

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ ဘုန်းမောက်ကို (၄)ဂိုးပြတ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ရလာဒ်တစ်ခုဖြစ်ပြီး ဘုန်းမောက်ရဲ့ အိမ်ကွင်းရုန်းကန်အားကို ချယ်လ်ဆီးတို့ ဘယ်လိုမှ ယှဉ်မရခဲ့ပဲ ဂိုးပြတ်အသွင်းခံခဲ့ရကာ နည်းပြဆာရီအတွက်တော့ အိပ်မက်ဆိုးတွေ မက်နေရပြီလည်း ဖြစ်ပါတယ်။

အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂူအင် ပါဝင်လာခဲ့ပေမယ့်လည်း ခြေစွမ်းမပြနိုင်ခဲ့သလို ဂိုးကန်သွင်းမှုလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒီအတွက် ဒုတိယပိုင်း (၆၅) မိနစ်မှာ လူစားလဲလှယ်မှုပြုလုပ်သွားခဲ့ရပါတယ်။ ဘုန်းမောက်အနေနဲ့ ချယ်လ်ဆီးကို ဘောလုံးပိုင်ဆိုင်မှုအရ အရှုံးပေးခဲ့ရပေမယ့် အခွင့်အရေးအသုံးချနိုင်မှုမှာ ပီပီပြင်ပြင်ရှိခဲ့လို့ အခုလို ဂိုးပြတ်နိုင်ပွဲကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သွင်းဂိုးတွေကိုတော့ ဒုတိယပိုင်းမှ မြင်တွေ့ခဲ့ရတာဖြစ်ပြီး (၄၇) မိနစ်မှာ ဂျိုရှုအာကင်း၊ (၆၃) မိနစ်မှာ ဒေးဗစ်ဘရော့ခ် ၊ (၇၄) မိနစ်မှာ ဂျိုရှုအာကင်း၊ မိနစ် (၉၀)မှာ ချာလီဒန်နီယယ်တို့က သွင်းယူပေးခဲ့တာပါ။ ချယ်လ်ဆီးအတွက် ဒီရာသီမှာ အကြီးမားဆုံး ဂိုးပြတ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကစားသမားအစုံအလင်ပါဝင်ခဲ့ပေမယ့် ဘုန်းမောက်ကို ချေပဂိုးတစ်ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခြားပွဲစဉ်တွေမှာတော့ လီဗာပူးလ်ဟာ မန်စီးတီးအရေးနိမ့်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့ပဲ အိမ်ကွင်းမှာ လက်စတာကို တစ်ဂိုးစိသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဆာဒီယိုမာနေးက (၃)မိနစ်ကတည်းက အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် ပထမပိုင်း (၄၅)မိနစ်မှာပဲ မက်ဂွဲယားက ချေပဂိုးသွင်းပေးခဲ့တာပါ။ လက်ကျန်မိနစ်တွေမှာ ဂိုးမသွင်းနိုင်ခဲ့လို့ လီဗာပူးလ်အနေနဲ့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီအတွက် လီဗာပူးလ်ဟာ မန်စီးတီးကို (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါပြီ။

စပါးကတော့ အိမ်ကွင်းမှာ ဝက်ဖို့ဒ်ကို ဆွန်ဟောင်မင် ပြန်လည်ပါဝင်လာမှုနဲ့အတူ အနိုင်ယူသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်အတွက် ခရိတ်ကတ်ကာ့က အဖွင့်ဂိုး သွင်းပေးခဲ့ပေမယ့် ပွဲပြီးဖို့ (၁၀)မိနစ်မှာ စပါးက (၂)ဂိုးပြန်လည်သွင်းယူပြီး နိုင်ပွဲရယူသွားခဲ့တာပါ။ မိနစ် (၈၀)မှာ ဆွန်ဟောင်မင် နဲ့ (၈၇)မိနစ်မှာ လော်ရန်တေးက ထုံးစံအတိုင်း ခေါင်းတိုက်သွင်းယူပြီး အဖိုးတန်နိုင်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ စပါးကတော့ မန်စီးတီးနဲ့ (၂)မှတ်အကွာအနေအထားကို ရောက်လာပြီး ဒုတိယနေရာကို မျှော်လင့်လာနိုင်ပြီ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here