0
26
ဖာဘရီဂတ်စ်နေရာ အစားထိုးရန် ရာကီတစ်ကိုအလိုရှိနေတဲ့ ချဲလ်ဆီးအသင်း
ချဲလ်ဆီးအသင်းဟာ မိုနာကိုအသင်းကိုပြောင်းရွေ့သွားတဲ့ ဖာဘရီဂတ်စ်နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ရာကီတစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုအပြောင်းအရွေ့မှာ ပါရီဒက်စ်၊ဘာရယ်လာတို့ကို ခေးယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် ယခုရာကီတစ်ဘက်ကို ခြေဦးလှည့်လာတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကာယကံရှင်ရာကီတစ်ကတော့ ဘာစီလိုနာအသင်းမှာဆက်နေပြီး ပုံမှန်နေရာရဖို့အတွက်သာ စိတ်အားထက်သန်နေပြီး “ ကျွန်တော်အခု ဘာစီလိုနာမှာပဲရှိပါသေးတယ်။ ဒီမှာပဲ ကစားနေတာပါ။ အပြောင်းအလဲတစ်ခုခုဖြစ်ရင်တော့ပြောပါမယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်ဒီမှာပဲပျော်ပါတယ်။ ကျွန်တော်အသင်းကို ဘာတွေလုပ်နိုင်တယ်၊ ကျွန်တော်ဘယ်သူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်းသိပါတယ်။ ဒီမှာနှစ်ပေါင်းအများကြီး ကစားချင်ပါသေးတယ်။ ဒီစကားကလွဲပြီးပြောစရာမရှိပါဘူး” လို့ ချဲလ်ဆီးနဲ့ သတင်းတွေကို တုံ့ပြန်သွားပါတယ်။
ဆာရီဟာ ရာသီကုန်ထိ လက်ရှိကွင်းလယ်လူတွေနဲ့ စခန်းသွားရမယ့်အခြေအနေကို စိုးရိမ်နေပြီး ဖာဘရီဂတ်စ်ကလည်း မိုနာကိုအသင်းကိုပြောင်းရွေ့သွားတာကြောင့် ကွင်းလယ်လူတစ်ဦး အပူအပြင်းလိုအပ်နေတာပါ။
LEAVE A REPLY
Please enter your comment!
Please enter your name here