0
34
Source – Mirror
နေမာအနားယူရမယ့်အချိန်ကာလကို ကနဦးခန့်မှန်းချက်ထွက်ပေါ်လာ
ပီအက်စ်ဂျီအသင်းတိုက်စစ်မှုးနေမာ အနားယူရမယ့်အချိန်ကာလနဲ့ ပတ်သတ်ပြီး ကနဦးခန့်မှန်းချက်တွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ စထရာဘော့အသင်းနဲ့ပွဲစဉ်မှာ  ညာဘက်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယခုဆေးစစ်ချက်ကြောင့်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွစြဉ်မျာ ပါဝင်ကစားနိုင်၊မနိုင်ဆိုတာကို သိရတော့မှာဖြစ်ပါတယ်။
ဆေးစစ်ချက်တွေအရတော့ နေမာရဲ့ ဒဏ်ရာဟာ အရင်ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိတာကြောင့် ရက်သတ္တပတ်အတော်ကြာအနားယူရဖွယ်ရှိပြီး လာမယ့် မတ်လ အစပိုင်းလောက်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ဒါကြောင့် နေမာဟာ ယူနိုက်တက်နဲ့တွေ့ဆုံမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပ-ကျော့ကို သေချာပေါက်လွဲချော်ဖို့ ရာခိုင်နှုန်းများသွားပြီလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနည်းပြတူဟယ်ကတော့ ဒီသတင်းကြောင့် အလွန်စိတ်ပျက်နေပြီး နေမာအမြန်ဆုံးဒဏ်ရာသက်သာဖိုပသာ မျှော်လင့်ရတော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here