0
30
Unicode
ရီးရဲမက်ဒရစ်အသင်းမှာ ပျော်ရွှင်နေပါလို့ ဘရာဇီးလူငယ်ကစားသမား ဗီနီဆီးရက်စ်ထုတ်ဖော်ပြော
ကြား
ရီးရဲမက်ဒရစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဖြစ်သူ ဗီနီဆီးရက်စ်က သူဟာရီးရဲအသင်းနဲ့အတူ ပွဲထွက်က စားနေရတာအလွန်ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စပန်ညိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း အသင်းနဲ့အတူပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အသက် (၁၈) နှစ်အရွယ်ရှိသူ ဗီနီဆီးရက်စ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ရီးရဲအသင်းနဲ့အတူ ပြိုင်ပွဲစုံ (၁၀) ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားပါတယ်။
” ကျွန်တေ်ာ ရီးရဲအသင်းမှာ ပျော်ရွှင်နေပါတယ်။ အခုထက်လည်း ပိုမိုပွဲထွက်ကစားခွင့်တွေ ရရှိလိုပါ တယ်။ အသင်းနဲ့အတူ နိုင်ပွဲတွေလည်း ရယူသွားလိုပါတယ်။ နည်းပြကလည်း ဘယ်လိုကစားရမယ် ဆိုတာ သွန်သင်လမ်းညွှန်ထားပြီး အသင်းဖော်တွေကလည်း ကျွန်တော့်ကို အကောင်းဆုံးကူညီပေး ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျွန်တေ်ာတို့အသင်းအကောင်းဆုံး စတင်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ် ” ဟု ဗီနီဆီးရက်စ်က ဆိုပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here