ဟံသာ၀တီယူႏိုက္တက္နဲ႔ ရန္ကုန္ယူႏိုက္တက္တို႔ ရမွတ္တူအေနအထားျဖင့္ အမွတ္ေပးဇယားကို ဦးေဆာင္လ်က္ရွိ

0
39

ျမန္မာေနရွင္နယ္လိဂ္ပြဲစဥ္ (၃) အၿပီး အမွတ္ေပးဇယား အဆင့္ (၂) ေနရာကို ဟံသာ၀တီယူႏိုက္တက္အသင္း တက္ေရာက္လာႏိုင္ခဲ့ပါတယ္။ ရန္ကုန္ယူႏိုက္တက္အသင္းကေတာ့ အေ၀းကြင္းမွာ ရံႈးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ ဂိုးကြားျခားခ်က္အရ အဆင့္(၁) ေနရာမွာ ဆက္လက္ရပ္တည္ေနပါတယ္။ ရန္ကုန္ယူႏိုက္တက္အသင္းဟာ မေန႔ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရတနာပံုအသင္းနဲ႔အေ၀းကြင္းပြဲစဥ္မွာ အိမ္ ရွင္ရတနာပံုအသင္းကို သံုးဂိုး-ႏွစ္ဂိုးျဖင့္ရွံုးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ရတနာပံုအသင္းကေတာ့ သူတို႔ရဲ႕ ယခုႏွစ္ေဘာလံုးရာသီအတြက္ ပထမဆံုးႏိုင္ပြဲကို ယခုအခါမွသာ စတင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ယခုတစ္ပတ္မွာေတာ့ ပြဲစဥ္(၂)အၿပီးအထိ ႏိုင္ပြဲမရရွိေသးတဲ့ ရတနာပံု၊ရွမ္းယူႏိုက္တက္၊ စစ္ကိုင္းယူႏိုက္တက္တို႔ ႏိုင္ပြဲမ်ား စတင္ရရွိခဲ့ၿပီး ဧရာ၀တီယူႏိုက္တက္အသင္းကေတာ့ သေရရလဒ္သာ ယူေဆာင္ႏိုင္ခဲ့လို႔ အမွတ္ေပးဇယား ဦးေဆာင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ ဒါ့အျပင္ ရမွတ္ မရရွိေသးတဲ့ ခ်င္းလန္းအက္ဖ္စီအသင္းကလည္း ပြဲစဥ္(၃)အၿပီးမွာ သေရတစ္မွတ္ကို စတင္ရယူႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

ျမန္မာေနရွင္နယ္လိဂ္ ပြဲစဥ္(၃) ရလဒ္မ်ား –
– ရခိုင္ယူႏိုက္တက္ (၁-၁) ဇြဲကပင္ယူႏိုက္တက္
– စစ္ကိုင္းယူႏိုက္တက္ (၆-၀) ေဆာက္သမ္းျမန္မာ
– ဒဂံုအက္ဖ္စီ (၂-၅) ရွမ္းယူႏိုက္တက္
– ရတနာပံုအက္ဖ္စီ (၃-၂) ရန္ကုန္ယူႏိုက္တက္
– ဟံသာ၀တီယူႏိုက္တက္ (၁-၀) မေကြးအက္ဖ္စီ
– ခ်င္းလန္းအက္ဖ္စီ (၁-၁) ဧရာ၀တီယူႏိုက္တက္

Unicode

ဟံသာဝတီယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့ ရမှတ်တူအနေအထားဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိ

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၃) အပြီး အမှတ်ပေးဇယား အဆင့် (၂) နေရာကို ဟံသာဝတီယူနိုက်တက်အသင်း တက်ရောက်လာနိုင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ အဝေးကွင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဂိုးကွားခြားချက်အရ အဆင့်(၁) နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့အဝေးကွင်းပွဲစဉ်မှာ အိမ် ရှင်ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံအသင်းကတော့ သူတို့ရဲ့ ယခုနှစ်ဘောလုံးရာသီအတွက် ပထမဆုံးနိုင်ပွဲကို ယခုအခါမှသာ စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုတစ်ပတ်မှာတော့ ပွဲစဉ်(၂)အပြီးအထိ နိုင်ပွဲမရရှိသေးတဲ့ ရတနာပုံ၊ရှမ်းယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်တို့ နိုင်ပွဲများ စတင်ရရှိခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းကတော့ သရေရလဒ်သာ ယူဆောင်နိုင်ခဲ့လို့ အမှတ်ပေးဇယား ဦးဆောင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ရမှတ် မရရှိသေးတဲ့ ချင်းလန်းအက်ဖ်စီအသင်းကလည်း ပွဲစဉ်(၃)အပြီးမှာ သရေတစ်မှတ်ကို စတင်ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃) ရလဒ်များ –
– ရခိုင်ယူနိုက်တက် (၁-၁) ဇွဲကပင်ယူနိုက်တက်
– စစ်ကိုင်းယူနိုက်တက် (၆-ဝ) ဆောက်သမ်းမြန်မာ
– ဒဂုံအက်ဖ်စီ (၂-၅) ရှမ်းယူနိုက်တက်
– ရတနာပုံအက်ဖ်စီ (၃-၂) ရန်ကုန်ယူနိုက်တက်
– ဟံသာဝတီယူနိုက်တက် (၁-ဝ) မကွေးအက်ဖ်စီ
– ချင်းလန်းအက်ဖ်စီ (၁-၁) ဧရာဝတီယူနိုက်တက်

LEAVE A REPLY

Please enter your comment!
Please enter your name here