
0
23

 

နေမာနဲ့ဘာစီလိုနာသတင်းများကို အယုံအကြည်မရှိဟု အယ်လ်ဘာပြောကြား
ဘာစီလိုနာနောက်ခံလူအယ်လ်ဘာက ကစားသမားဟောင်းနေမာအသင်းသို့ပြန်လာမည်ဆိုသောသတင်းများကို အယုံအကြည် မရှိကြောင်းပြောကြားလိုက်ပါတယ်။

နေမာဟာ (၂၀၁၇)က ယူရို (၂၂၂)သန်းနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းရွေ့ခဲ့သူဖြစ်ပြီး အသင်းဟောင်းကိုပြန်လာမယ်လို့ သတင်းတွေထွက်နေတာပါ။

အယ်လ်ဘာကတော့ ‘ ဒီအကြောင်းကိုမပြောချင်ပါဘူး။ နေမာက အဝတ်လဲခန်းထဲမှာရော ကွင်းထဲမှာပါ သူငယ်ချင်းကောင်းပါ။ ဒါပေမဲ့ ပတ်ဒရို၊ဘာထရာတို့လည်းအတူတူပါပဲ။ လူတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်ကြသူတွေချည်းပါပဲ။ သူတို့ရဲ့ရွေးချယ်မှုကိုလေးစားရပါမယ်။ နေမာပြန်လာမယ်ဆိုတာမျိုးကို အယုံအကြည်မရှိပါဘူး’လို့ပြောကြားသွားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here