မန္ခ်က္စတာဒါဘီႏွစ္သင္းလံုးတြင္ ကစားႏိုင္သည့္ ကစားသမားမိမိတြင္ရိွဟု ဆီျမြန္နီေျပာၾကား

0
124

အက္သလက္တီကိုမက္ဒရစ္အသင္းနည္းျပဆီႁမြန္နီက အသင္းကစားသမားေသာမတ္စ္နဲ႔ပတ္သတ္ျပီးမန္ခ်က္စတာယူႏိုက္တက္နဲ႔မန္စီးတီးအသင္းတို႔ကိုေျပာဆိုမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ ေသာမတ္စ္ပါေတးဟာ အက္သလက္တီကိုရဲ႕ အဓိကကြင္းလယ္လူတစ္ဦးျဖစ္ၿပီး မန္ခ်က္စတာအေျခစိုက္ႏွစ္သင္းလံုးက စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ဆီႁမြန္နီက ‘ ေသာမတ္စ္က ဒီေန႔မွာအေကာင္းဆံုးပါပဲ။ သူနဲ႔႐ိုဒရီဂိုနဲ႔က ႀကီးက်ယ္ခမ္းနားတဲ့သူေတြပါ။ သူမွာတိုးတက္မႈေတြလည္းရိွပါတယ္။ ေသာမတ္စ္က ထူးျခားတဲ့သူပါ။ ယူႏိုက္တက္နဲ႔မန္စီးတီးတို႔မွာ ကစားႏိုင္တဲ့သူပါ’ လို႔ေျပာၾကားသြားပါတယ္။

ေသာမတ္စ္ပါေတးဟာ ဒီရာသီလာလီဂါ (၁၈)ပြဲမွာ (၂)ဂိုးသြင္း ဂိုးဖန္တီးမႈ (၃)ႀကိမ္ျပဳလုပ္ထားသူျဖစ္ပါတယ္။

 

မန်ချက်စတာဒါဘီနှစ်သင်းလုံးတွင် ကစားနိုင်သည့် ကစားသမားမိမိတွင်ရှိဟု ဆီမြွန်နီပြောကြား

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြဆီမြွန်နီက အသင်းကစားသမားသောမတ်စ်နဲ့ပတ်သတ်ပြီးမန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့ကိုပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက်(၂၅)နှစ်အရွယ် သောမတ်စ်ပါတေးဟာ အက်သလက်တီကိုရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်ပြီး မန်ချက်စတာအခြေစိုက်နှစ်သင်းလုံးက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဆီမြွန်နီက ‘ သောမတ်စ်က ဒီနေ့မှာအကောင်းဆုံးပါပဲ။ သူနဲ့ရိုဒရီဂိုနဲ့က ကြီးကျယ်ခမ်းနားတဲ့သူတွေပါ။ သူမှာတိုးတက်မှုတွေလည်းရှိပါတယ်။ သောမတ်စ်က ထူးခြားတဲ့သူပါ။ ယူနိုက်တက်နဲ့မန်စီးတီးတို့မှာ ကစားနိုင်တဲ့သူပါ’ လို့ပြောကြားသွားပါတယ်။

သောမတ်စ်ပါတေးဟာ ဒီရာသီလာလီဂါ (၁၈)ပွဲမှာ (၂)ဂိုးသွင်း ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ထားသူဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here