၈ ပြဲဆက္ႏုိင္ပြဲရယူႏုိင္ခဲ့တဲ့ ဆိုးလ္ရွားကို ဝန္းရံလုိက္တဲ့ ေကာ္နာမက္ဂရီေဂၚ

0
2524

လက္ေဝွ႕ေက်ာ္ ေကာ္နာမက္ဂရီေဂၚဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ၈ ပြဲဆက္ႏုိင္ပြဲ ရယူေပးႏုိင္ခဲ့ၿပီးေနာက္ ယာယီနည္းျပ အုိလီဂန္းနားဟာ ထူးျခားတဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ယမန္ေန႔ညက အာဆင္နယ္အသင္းရဲ႕အိမ္ကြင္း အမ္းမရိတ္မွာ ၃ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိခဲ့ၿပီး အက္ဖ္ေအဖလား ပဥၥမအဆင့္ကို တက္ေရာက္ႏုိင္ခဲ့ၿပီး ယာယီနည္းျပဆိုးလ္ရွားဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို စတင္တာဝန္ယူကိုင္တြယ္ခ်ိန္ကတည္းက အသင္းကို ႏုိင္ပြဲေတြရရွိေအာင္ စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ဂႏၱဝင္တုိက္စစ္မွဴး အိုလီဂန္းနားဆိုးလ္ရွားဟာ စပယ္ရွယ္ဝမ္းလုိ႔ နာမည္ေပးထားတဲ့ ေမာ္ရင္ဟို အသင္းကေန ထြက္ခြာသြားခဲ့ၿပီးေနာက္ အသင္းကို ေအာင္ျမင္ေအာင္ ျပဳလုပ္ေပးေနသူျဖစ္ပါတယ္။ UFC ၾကယ္ပြင့္ မက္ဂရီေဂၚဟာ ကေလးဘဝကတည္းက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရိသတ္ျဖစ္ခဲ့သူျဖစ္ၿပီး အိုလီဂန္းနားဆုိးလ္ရွားကို အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ႏုုိင္ဖုိ႔ ပိုမိုေသခ်ာေစမယ့္ ခ်ီးက်ဴးစကားကို ေျပာၾကားခဲ့ပါတယ္။

“အုိလီဂန္းနားဆိုးလ္ရွားဟာ ထူးျခားတဲ့လူတစ္ေယာက္ပါ။ မန္ခ်က္စတာယူႏုုိက္တက္ရဲ႕ Super Sub ပါ။ ကစားသမားအျဖစ္နဲ႔ေရာ နည္းျပအျဖစ္နဲ႔ပါ။ ရူးသြပ္ေလာက္ရေအာင္ပါပဲ”

“မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္နဲ႔ အသင္းရဲ႕သမုိင္းေၾကာင္းအတြက္ သူ ထားရွိတဲ့ စိတ္ဆႏၵျပင္းျပမႈကို ခင္ဗ်ား ခံစားႏုိင္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက အသင္းရဲ႕ အံ့အားသင့္စရာ တန္ျပန္တုိက္စစ္ကို ထင္ထင္ရွားရွားျပန္ျမင္ေတြ႕ရေအာင္ သူ ဂုဏ္ယူစြာနဲ႔ ရွင္းျပႏုိင္ခဲ့ပါတယ္” “အတိတ္မွာေရာ၊ ပစၥဳပၸန္မွာေရာပဲ။ အံ့အားသင့္စရာပဲ”လုိ႔ တြစ္တာမွာ ေရးသားၿပီး ခ်ီးက်ဴးခဲ့ပါတယ္။

Unicode Version

လက်ဝှေ့ကျော် ကော်နာမက်ဂရီဂေါ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၈ ပွဲဆက်နိုင်ပွဲ ရယူပေးနိုင်ခဲ့ပြီးနောက် ယာယီနည်းပြ အိုလီဂန်းနားဟာ ထူးခြားတဲ့လူတစ်ယောက်ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အမ်းမရိတ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလား ပဥ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ယာယီနည်းပြဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ချိန်ကတည်းက အသင်းကို နိုင်ပွဲတွေရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး အိုလီဂန်းနားဆိုးလ်ရှားဟာ စပယ်ရှယ်ဝမ်းလို့ နာမည်ပေးထားတဲ့ မော်ရင်ဟို အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက် အသင်းကို အောင်မြင်အောင် ပြုလုပ်ပေးနေသူဖြစ်ပါတယ်။ UFC ကြယ်ပွင့် မက်ဂရီဂေါ်ဟာ ကလေးဘဝကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်ဖြစ်ခဲ့သူဖြစ်ပြီး အိုလီဂန်းနားဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်နုုိင်ဖို့ ပိုမိုသေချာစေမယ့် ချီးကျူးစကားကို ပြောကြားခဲ့ပါတယ်။

“အိုလီဂန်းနားဆိုးလ်ရှားဟာ ထူးခြားတဲ့လူတစ်ယောက်ပါ။ မန်ချက်စတာယူနုုိက်တက်ရဲ့ Super Sub ပါ။ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ။ ရူးသွပ်လောက်ရအောင်ပါပဲ”

“မန်ချက်စတာယူနိုက်တက်အသင်းအတွက်နဲ့ အသင်းရဲ့သမိုင်းကြောင်းအတွက် သူ ထားရှိတဲ့ စိတ်ဆန္ဒပြင်းပြမှုကို ခင်ဗျား ခံစားနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အသင်းရဲ့ အံ့အားသင့်စရာ တန်ပြန်တိုက်စစ်ကို ထင်ထင်ရှားရှားပြန်မြင်တွေ့ရအောင် သူ ဂုဏ်ယူစွာနဲ့ ရှင်းပြနိုင်ခဲ့ပါတယ်” “အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရောပဲ။ အံ့အားသင့်စရာပဲ”လို့ တွစ်တာမှာ ရေးသားပြီး ချီးကျူးခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here