ဆာလာကို ဆက္လက္ရွာေဖြေပးရန္ အာဂ်င္တီးနားသံတမန္မ်ားမွ ၿဗိတိန္အစိုးရကို ေတာင္းဆိုဦးမည္

0
28

ေလယာဥ္ပ်က္က်မႈတြင္ပါဝင္ခဲ့သည့္ ဆာလာအား မေတြ႔မခ်င္းဆက္လက္႐ွာေဖြေပးရန္ အာဂ်င္တီးနားဘက္မွ ၿဗိတိန္အစိုးရဘက္သို႔ ေတာင္းဆိုေတာ့မွာျဖစ္ပါတယ္။ ကာဒစ္ဖ္တိုက္စစ္မႈးသစ္ဆာလာဟာ ျပင္သစ္ႏိုင္ငံနန္႔စ္တက္ကေန ကာဒစ္ဖ္ၿမိဳ႕သို႔ပ်ံသန္းသြားတဲ့ ေလယာဥ္ေပ်ာက္ဆံုးမႈမွာ စီးနင္းလိုက္ပါသြားသူျဖစ္ၿပီး ယခုအခ်ိန္ထိ႐ွာမေတြ႕ေသးတာျဖစ္ပါတယ္။

တာဝန္ရိွရဲတပ္ဖြဲ႔ကေတာ့ ကယ္ဆယ္ေရးလုပ္ငန္းကို ဆက္လက္လုပ္ေဆာင္ေတာ့မွာမဟုတ္ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့ၿပီးျဖစ္ေပမယ့္ ဆာလာရဲ႕မိသားစုက အာဂ်င္တီးနားအစိုးရဘက္ကေန ၿဗိတိန္အစိုးရထံသို႔ ကယ္ဆယ္ေရးလုပ္ငန္းမ်ားဆက္လက္လုပ္ေဆာင္ေပးဖို႔ တိုက္တြန္းေျပာၾကားေစလိုေနတာျဖစ္ပါတယ္။

အာဂ်င္တီးနားရဲ႕ ၿဗိတိန္ႏိုင္ငံဆိုင္ရာ သံရံုးကေတာ့ ‘မနက္ျဖန္ဆိုလန္ဒန္ကို ဆာလာရဲ႕အေမနဲ႔မိသားစုတို႔ေရာက္လာပါလိမ့္မယ္။ ဆာလာရဲ႕အမကလည္း ကြၽန္ေတာ္တို႔ကို ႐ွာေဖြေပးဖို႔ ခဏခဏေတာင္းဆိုေနပါတယ္။ ဒီကိစၥအတြက္ၿဗိတိန္အစိုးရကိုကြၽန္ေတာ္တို႔ ေတာင္းဆိုသြားမွာပါ။ အခြင့္အေရး နည္းသြားၿပီဆိုေပမယ့္ ဆက္လက္႐ွာေဖြၾကည့္ခ်င္ပါေသးတယ္’လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဆာလာရဲ႕အမျဖစ္သူကေတာ့ဘဆာလာကိုမေတြ႕မခ်င္း ႐ွာေဖြမႈဆက္လက္လုပ္ေဆာင္လိုေနၿပီး ဆာလာေသဆံုးသြားလား အသက္႐ွင္ေသးလားဆိုတာကို အတည္ျပဳခ်င္ေနတာျဖစ္ပါတယ္။

ဆာလာကို ဆက်လက်ရှာဖွေပေးရန် အာဂျင်တီးနားသံတမန်များမှ ဗြိတိန်အစိုးရကို တောင်းဆိုဦးမည်

လေယာဉ်ပျက်ကျမှုတွင်ပါဝင်ခဲ့သည့် ဆာလာအား မတွေ့မချင်းဆက်လက်ရှာဖွေပေးရန် အာဂျင်တီးနားဘက်မှ ဗြိတိန်အစိုးရဘက်သို့ တောင်းဆိုတော့မှာဖြစ်ပါတယ်။ ကာဒစ်ဖ်တိုက်စစ်မှုးသစ်ဆာလာဟာ ပြင်သစ်နိုင်ငံနန့်စ်တက်ကနေ ကာဒစ်ဖ်မြို့သို့ပျံသန်းသွားတဲ့ လေယာဉ်ပျောက်ဆုံးမှုမှာ စီးနင်းလိုက်ပါသွားသူဖြစ်ပြီး ယခုအချိန်ထိရှာမတွေ့သေးတာဖြစ်ပါတယ်။

တာဝန်ရှိရဲတပ်ဖွဲ့ကတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပြီးဖြစ်ပေမယ့် ဆာလာရဲ့မိသားစုက အာဂျင်တီးနားအစိုးရဘက်ကနေ ဗြိတိန်အစိုးရထံသို့ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်ပေးဖို့ တိုက်တွန်းပြောကြားစေလိုနေတာဖြစ်ပါတယ်။

အာဂျင်တီးနားရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ သံရုံးကတော့ ‘မနက်ဖြန်ဆိုလန်ဒန်ကို ဆာလာရဲ့အမေနဲ့မိသားစုတို့ရောက်လာပါလိမ့်မယ်။ ဆာလာရဲ့အမကလည်း ကျွန်တော်တို့ကို ရှာဖွေပေးဖို့ ခဏခဏတောင်းဆိုနေပါတယ်။ ဒီကိစ္စအတွက်ဗြိတိန်အစိုးရကိုကျွန်တော်တို့ တောင်းဆိုသွားမှာပါ။ အခွင့်အရေး နည်းသွားပြီဆိုပေမယ့် ဆက်လက်ရှာဖွေကြည့်ချင်ပါသေးတယ်’လို့ပြောကြားသွားခဲ့ပါတယ်။

ဆာလာရဲ့အမဖြစ်သူကတော့ဘဆာလာကိုမတွေ့မချင်း ရှာဖွေမှုဆက်လက်လုပ်ဆောင်လိုနေပြီး ဆာလာသေဆုံးသွားလား အသက်ရှင်သေးလားဆိုတာကို အတည်ပြုချင်နေတာဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here