ခ်ယ္ဆီးအသင္းနဲ႔ ေဆးစစ္ဖို႔ လန္ဒန္ကို ထြက္ခြာခဲ့တဲ့ ဟီဂူအင္

0
15

ခ်ယ္ဆီးအသင္းဟာ ေအစီမီလန္အသင္းရဲ႕ဝါရင့္တုိက္စစ္မွဴး ဟီဂူအင္ကို အငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ဖို႔ နီးစပ္ေနၿပီလို႔သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး မီလန္ေလဆိပ္ကေန လန္ဒန္ကို ထြက္ခြာသြားတဲ့ ဟီဂူအင္ရဲ႕ ဓာတ္ပံုေတြ လူမႈကြန္ရက္မွာ တက္လာခဲ့ၿပီးေနာက္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖုိ႔ ေသခ်ာသေလာက္ျဖစ္ေနၿပီျဖစ္ပါတယ္။ ယခုရာသီမွာ ဂိုးသြင္းယူႏုိင္ဖို႔ ရုန္းကန္ခဲဲ့ရၿပီးေနာက္ အက္သလက္တီကိုမက္ဒရစ္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ဖို႔အတြက္ ျပင္ဆင္ေနတဲ့ တုိက္စစ္မွဴးမုိရာတာေၾကာင့္ နည္းျပ ဆာရီဟာ ေနာက္ထပ္တိုက္စစ္မွဴးအသစ္ကို ေခၚယူခ်င္ေနခဲ့တာျဖစ္ပါတယ္။

ဟီဂူအင္ဟာ နာပိုလီအသင္းကစားသမားဘဝနဲ႔ နည္းျပဆာရီလက္ေအာက္မွာ ကစားခဲ့စဥ္က အေကာင္းဆံုးရာသီေတြကို ျဖတ္သန္းခဲ့သူျဖစ္ၿပီး ယေန႔နံနက္ ၈ နာရီအခ်ိန္မွာ လန္ဒန္ကို ထြက္ခြာမယ့္ သီးသန္႔ေလယာဥ္ေပၚကို မတက္ေရာက္မီ မီလန္ေလဆိပ္ကို ေရာက္ရွိလာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ခ်ယ္ဆီးအသင္းအေနနဲ႔ လက္ရွိအခ်ိန္မွာ ဟီဂူအင္ကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားဖုိ႔ရွိေနတဲ့ ကရာေဘာင္ဖလား ဆီမီးဖုိင္နယ္ဒုတိယအေက်ာ့ပဲြစဥ္မတုိင္မီ အခ်ိန္ကိုက္ ေခၚယူႏုိင္ဖို႔အတြက္ လံုးပမ္းေနရၿပီျဖစ္ပါတယ္။

ဟီဂူအင္ရဲ႕ ေဆးစစ္မႈဟာ အခ်ိန္ဇယားဆြဲထားၿပီးျဖစ္တာေၾကာင့္ ျပႆနာတစ္စံုတရာမရွိခဲ့ဘူးဆုိရင္ေတာ့ ယေန႔မွာပဲ ခ်ယ္ဆီးအသင္းနဲ႔အတူ စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္မွာျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ဟီဂူအင္ကို ဂ်ဴဗင္တပ္အသင္းကေန အငွားနဲ႔ေခၚယူထားတဲ့ စာခ်ဳပ္ကို ရပ္ဆုိင္းလုိက္ဖို႔ သေဘာတူညီခဲ့ၿပီး ခ်ယ္ဆီးအသင္းက ဟီဂူအင္ကို ၆ လ အငွားစာခ်ဳပ္ ခ်ဳပ္ဆုိမွာျဖစ္တယ္လုိ႔ သိရပါတယ္။

Unicode

ချယ်ဆီးအသင်းနဲ့ ဆေးစစ်ဖို့ လန်ဒန်ကို ထွက်ခွာခဲ့တဲ့ ဟီဂူအင်
________________________
ချယ်ဆီးအသင်းဟာ အေစီမီလန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဟီဂူအင်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး မီလန်လေဆိပ်ကနေ လန်ဒန်ကို ထွက်ခွာသွားတဲ့ ဟီဂူအင်ရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ တက်လာခဲ့ပြီးနောက် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။

ယခုရာသီမှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေတဲ့ တိုက်စစ်မှူးမိုရာတာကြောင့် နည်းပြ ဆာရီဟာ နောက်ထပ်တိုက်စစ်မှူးအသစ်ကို ခေါ်ယူချင်နေခဲ့တာဖြစ်ပါတယ်။

ဟီဂူအင်ဟာ နာပိုလီအသင်းကစားသမားဘဝနဲ့ နည်းပြဆာရီလက်အောက်မှာ ကစားခဲ့စဉ်က အကောင်းဆုံးရာသီတွေကို ဖြတ်သန်းခဲ့သူဖြစ်ပြီး ယနေ့နံနက် ၈ နာရီအချိန်မှာ လန်ဒန်ကို ထွက်ခွာမယ့် သီးသန့်လေယာဉ်ပေါ်ကို မတက်ရောက်မီ မီလန်လေဆိပ်ကို ရောက်ရှိလာတာကို မြင်တွေ့ခဲ့ရပါတယ်။

ချယ်ဆီးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ဟီဂူအင်ကို တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ ကရာဘောင်ဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ အချိန်ကိုက် ခေါ်ယူနိုင်ဖို့အတွက် လုံးပမ်းနေရပြီဖြစ်ပါတယ်။

ဟီဂူအင်ရဲ့ ဆေးစစ်မှုဟာ အချိန်ဇယားဆွဲထားပြီးဖြစ်တာကြောင့် ပြဿနာတစ်စုံတရာမရှိခဲ့ဘူးဆိုရင်တော့ ယနေ့မှာပဲ ချယ်ဆီးအသင်းနဲ့အတူ စာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ဟီဂူအင်ကို ဂျူဗင်တပ်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်ဖို့ သဘောတူညီခဲ့ပြီး ချယ်ဆီးအသင်းက ဟီဂူအင်ကို ၆ လ အငှားစာချုပ် ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here