Latest News

View All

နိုင်ငံအသင်းအောင်မြင်မှုရဖို့ ချန်ပီယံလိဂ်ဖလားနဲ့ လဲလှယ်ချင်တယ်လို့ပြောလိုက်တဲ့ မာနေး

လီဗာပူးလ်တောင်ပံကစားသမား မာနေးဟာ ၄င်းရဲ့ဘဝမှာ လိုချင်တဲ့ အောင်မြင်မှုတစ်ခုအတွက်ပြီးခဲ့တဲ့နှစ်က ကလပ်နဲ့ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားနဲ့တောင် လဲလှယ်ရဲတယ်လို့ ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။ ဆီနီဂေါကြယ်ပွင့် ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အောင်မြင်မှု ရရှိအောင်အဓိက ကူညီစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၂၆)ဂိုးအထိသွင်းယူပေးသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အသင်းဖော် ဆာလာ၊ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီရန်းတို့နဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ …